အိုး၏အင်္ဂါတစ်ပါး
* * * * * * * *
"" အရှင်နာဂသေနဘုရား အိုး၏အဘယ်အင်္ဂါ တစ်ပါးကို ယူအပ်ပါသနည်း။ ""
•• မင်းမြတ်.. အိုးသည် ရေပြည့်နေသည်ရှိသော် အသံမမည်တော့ပေ။ ဤအတူသာပင် ယောဂီပုဂ္ဂိုလ်သည် ပါဠိတော်များ သင်ကြားခြင်း၊ နှုတ်တတ်အာဂုံဆောင်ခြင်း ၊ တရားထူးရခြင်းတို့၌ ပြည့်စုံ လုံလောက်လာသည်ရှိသော် ဤသို့သော ဂုဏ်ကျေးဇူ့ဖြင့် မာန်ထောင်လွှားမှုကို မပြုရာ။
အိုး၏ ဤအင်္ဂါတစ်ပါးကို ယူအပ်ပေ၏။ ••
•• မင်းမြတ်.. ၀ိသုဒ္ဓိနတ်ဖြစ်တော်မူသော ဘုရားရှင်သည်....
*** မပြည့်သောအိုးသည် အသံထွက်၏။ ပြည့်သောအိုးသည်ကား အသံမထွက်တော့ဘဲ ငြိမ်သက်နေ၏။ လူမိုက်သည် မပြည့်သောအိုးနှင့်တူ၏။
ပညာရှိသည်ကား ပြည့်နေသော အိုးကြီးနှင့်တူ၏ ဟု ဟောကြားတော်မူပေ၏..****
❆မိလိန္ဒပဥှာ ❆
မိလိန္ဒမင်းကြီးနှင့် အရှင်နာဂသိန်အမေးအဖြေ
(( သင်္ဂါယနာတင် ဂန္ထ၀င်ကျမ်းစာ ))
No comments:
Post a Comment