ထီး၏အင်္ဂါသုံးပါး
** ** ** ** **
"" အရှင်နာဂသေနဘုရား ထီး၏အဘယ်အင်္ဂါ သုံးပါးကို ယူအပ်ပါသနည်း။""
•• မင်းမြတ် .. ထီးသည် ဦးခေါင်းပေါ်မှမိုးလျက် လှည့်လည်သွားလာ၏။ ဤအတူသာပင် ယောဂီပုဂ္ဂိုလ်သည် ကိလေသာတို့၏အပေါ်မှ လွှမ်းမိုးလျက် ကျက်စားရာ၏။
နောက်တစ်မျိုးကား.. . ထီးသည် ဦးခေါင်းထက်မှ နေ၍ အထောက်အပံ့ကိုပေး၏။ ဤအတူသာပင် ယောဂီပုဂ္ဂိုလ်သည် သင့်လျော်သော နှလုံးသွင်းခြင်းဟူသော အထောက်အပံ့ကို ရရှိရာ၏။
နောက်တစ်မျိုးကား.. .. ထီးသည် လေ၊ နေပူနှင့် မိုးပေါက်တို့ကို ကာကွယ်ပေး၏။ ဤအတူသာပင် ယောဂီပုဂ္ဂိုလ်သည် သာမဏ ဗြဟ္မဏအမျိုးအမျိုးတို့၏ အထူးထူး အပြားပြားသော မိစ္ဆာအယူဝါဒများ ရာဂ ၊ ဒေါသ၊ မောဟတရားများ၊ ကိလေသာတရားများကို ပယ်ဖျောက်ရာ၏။
ထီး၏ ဤအင်္ဂါသုံးပါးကို ယူအပ်ပေ၏...••
❆မိလိန္ဒပဥှာ ❆
မိလိန္ဒာမင်းကြီးနှင့် အရှင်နာဂသိန် အမေးအဖြေ..
[[ သင်္ဂါယနာတင် ဂန္တ၀င်ကျမ်းစာ ]]
No comments:
Post a Comment