စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Monday, March 7, 2016

စိတ်အကြံ

စိတ်အကြံအစည်ကိုသိမြင်ခြင်း
~•~•~•~•~•~•~•~•~•~•~•~•

အဂုင်္တ္တရ - ပရဟာနသုတ်၌ အရှင်သာရိပုတ္တရာ က ရဟန်းတော်များကို ဟောတော်မူသောတရား ဖြစ်ပါသည်။

=================================

" ရဟန်းတို့၊ သူတပါးစိတ်အကြံကို မသိလျှင် မိမိ၏ စိတ်အကြံကို သိအောင်လုပ်ရမည်၊ လေ့ကျင့်ရမည်။" ဟုဟောတော်မူ၏။

=================================

ကြေးမုံပြင်ကိုကြည့်လျှင် မျက်နှာပြင် ကိုယ်လက် အပြစ်အနာအဆာများကို တွေ့နိုင်၊ မြင်နိုင်သကဲ့ သို့ မိမိသန္တာန်၌ ရမက်စိတ်၊ အမျက်စိတ်၊ အပျက်စိတ်၊ အမိုက်စိတ်၊ အမုန်းစိတ်၊ အချစ်စိတ်၊ အငိုက်စိတ်၊ အလွင့်စိတ်၊ အလေစိတ်၊ တွေဝေစိတ် ဖြစ်နေသလော၊ အဘယ် စိတ်ဖြစ်နေသနည်း စသည်ဖြင့် မိမိ၏ စိတ်ကူးအကြံအစည်များကို ကြံစည် စိတ်ကူးတိုင်း သိအောင် မလွတ်တမ်း ကြည့်ရှုနိုင်လျှင် သူတပါးတို့၏စိတ်ကို သိနိုင်သည် သာဖြစ်၏။ ဤသည်ပင် "စိတ္တာနုပဿနာ" ဖြစ်ပေတည်း။

=================================

ဝိဇ္ဇာဉာဏ်၊ အဘိညာဉ်များမရစေကာမူ စိတ္တာ နုပဿနာ သမာဓိအင်အား ကောင်းလျှင် ကောာင်းသလောက် သူတပါးစိတ်အကြံအစည် ကို သိမြင်နိုင်ပေသည်။

=================================

ကြိုးစား၍ ရှုမှတ် ကျင့်ကြံ ပွားများကြပါ ကုန်လော့။     ။

ဓမ္မာစရိယဦးဌေးလှိုင် (၅၅၄)

No comments:

Post a Comment