စာလုံး
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
Monday, March 7, 2016
ဇီဝဟူ၍ ရှိသ​လော
ဇီဝဟူ၍ ရှိသ​လော
°*°*°*°*°*°*°*°*
   "" အရှင်​နာဂ​သေနဘုရား..  ၀ိညာဉ်​ ၊ ပညာနှင့်​ ဇီဝတို့သည်​ အနက်​၊ သဒ္ဒါ နှစ်​ဌာနလုံးဖြင့်​ ထူးခြားကြပါသ​လော။ သို့မဟုတ်​ သဒ္ဒါသာ ထူးခြား၍ အနက်​ကား တူညီကြပါသ​လော ""
   •• မင်းမြတ်​.. ၀ိညာဉ်​သည်​ အာရုံကို သိခြင်းလက္ခဏာရှိ၏။ ပညာသည်​ ခွဲခြမ်းစိတ်​ဖြာ၍ သိခြင်းလက္ခဏာရှိ၏။ ဇီဝဟူ၍ကား မရှိ​ပေ။ ••
   "" အရှင်​ဘုရား..  ဇီဝဟူ၍ မရှိလတ်​​သော.....
~ အဘယ်​သူသည်​ စက္ခုဒွါရဖြင့်​ ရူပါရုံကို မြင်​ပါသနည်း။
~ အဘယ်​သူသည်​ ​သောတဒွါရဖြင့်​ သဒ္ဒါရုံကို ကြားပါသနည်း။ 
~ အဘယ်​သူသည်​ ဃာနဒွါရဖြင့်​ ဂန္ဓာရုံကို နံပါသနည်း။
~ အဘယ်​သူသည်​ ဇိဝှါဒွါရဖြင့်​ ရသာရုံကို စားပါသနည်း။
~ အဘယ်​သူသည်​ ကာယဒွါရဖြင့်​ ​ဖောဋ္ဌဗ္ဗာရုံကို ထိ​တွေ့ပါသနည်း။
~ အဘယ်​သူသည်​ မ​နောဒွါရဖြင့်​ ဓမ္မာရုံကို သိပါသနည်း..။ ""
   •• မင်းမြတ်​... ဇီဝသည်​ ထိုဒွါရ​ခြောက်​ပါးတို့ကို ဖွင့်​ထုတ်​ ဖယ်​ရှားလိုက်​ပြီးလျှင်​ ဟင်းလင်းပြင်​သို့ မျက်​နှာမူလျှက်​ အာရုံ​ခြောက်​ပါးတို့ကို မိမိအလိုအ​လျောက်​ သိမြင်​ခံစားနိုင်​ပါမည်​​လော ••
   "" အရှင်​ဘုရား.. မခံစားနိုင်​​ပေ။""
   •• မင်းမြတ်​.. သို့ဖြစ်​လျှင်​ ဇီဝဟူ၍ မရှိ​ချေ။ ••
   "" အရှင်​ဘုရား သင့်​​လှော်​ပါ​ပေ၏ ဘုရား။
[[ ဇီဝဟူသည်​ အတ္တနှင့်​ သ​ဘောတူဖြစ်​၍ အရှင်​နာဂ​သေနက မရှိ​ကြောင်း ထပ်​​လောင်း၍ ​ဖြေကြားရ၏။ ]]
     ✏ အရှင်​မာဏ၀​ပြုစုသည်​။
            ❆ ❆ မိလိန္ဒပဥှာ ❆ ❆
1 comment:
  1. ဒီကျမ်း​တော်​ကြီးကို Link ချ​ပေးလို့ရမလား မသိဘူး
    ReplyDelete