ဇီဝဟူ၍ ရှိသလော
°*°*°*°*°*°*°*°*
"" အရှင်နာဂသေနဘုရား.. ၀ိညာဉ် ၊ ပညာနှင့် ဇီဝတို့သည် အနက်၊ သဒ္ဒါ နှစ်ဌာနလုံးဖြင့် ထူးခြားကြပါသလော။ သို့မဟုတ် သဒ္ဒါသာ ထူးခြား၍ အနက်ကား တူညီကြပါသလော ""
•• မင်းမြတ်.. ၀ိညာဉ်သည် အာရုံကို သိခြင်းလက္ခဏာရှိ၏။ ပညာသည် ခွဲခြမ်းစိတ်ဖြာ၍ သိခြင်းလက္ခဏာရှိ၏။ ဇီဝဟူ၍ကား မရှိပေ။ ••
"" အရှင်ဘုရား.. ဇီဝဟူ၍ မရှိလတ်သော.....
~ အဘယ်သူသည် စက္ခုဒွါရဖြင့် ရူပါရုံကို မြင်ပါသနည်း။
~ အဘယ်သူသည် သောတဒွါရဖြင့် သဒ္ဒါရုံကို ကြားပါသနည်း။
~ အဘယ်သူသည် ဃာနဒွါရဖြင့် ဂန္ဓာရုံကို နံပါသနည်း။
~ အဘယ်သူသည် ဇိဝှါဒွါရဖြင့် ရသာရုံကို စားပါသနည်း။
~ အဘယ်သူသည် ကာယဒွါရဖြင့် ဖောဋ္ဌဗ္ဗာရုံကို ထိတွေ့ပါသနည်း။
~ အဘယ်သူသည် မနောဒွါရဖြင့် ဓမ္မာရုံကို သိပါသနည်း..။ ""
•• မင်းမြတ်... ဇီဝသည် ထိုဒွါရခြောက်ပါးတို့ကို ဖွင့်ထုတ် ဖယ်ရှားလိုက်ပြီးလျှင် ဟင်းလင်းပြင်သို့ မျက်နှာမူလျှက် အာရုံခြောက်ပါးတို့ကို မိမိအလိုအလျောက် သိမြင်ခံစားနိုင်ပါမည်လော ••
"" အရှင်ဘုရား.. မခံစားနိုင်ပေ။""
•• မင်းမြတ်.. သို့ဖြစ်လျှင် ဇီဝဟူ၍ မရှိချေ။ ••
"" အရှင်ဘုရား သင့်လှော်ပါပေ၏ ဘုရား။
[[ ဇီဝဟူသည် အတ္တနှင့် သဘောတူဖြစ်၍ အရှင်နာဂသေနက မရှိကြောင်း ထပ်လောင်း၍ ဖြေကြားရ၏။ ]]
✏ အရှင်မာဏ၀ပြုစုသည်။
❆ ❆ မိလိန္ဒပဥှာ ❆ ❆
ဒီကျမ်းတော်ကြီးကို Link ချပေးလို့ရမလား မသိဘူး
ReplyDeleteလေ့လာနေဆဲမို့လိုပါ။ တောင်းဆိုပါရစေ