စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, December 31, 2024

ဓားပြ ၃ ယောက် တစ်ကောက်ကောက်

"ဓားပြ ၃ ယောက် တစ်ကောက်ကောက်"
~~~~~~~~~~~~~~~~~~~~~~~~

မိမိတို့ခန္ဓာမှာဓားပြ ၃-ယောက် တစ်ကောက်ကောက် လိုက်နေတယ်၊
ဘယ်သူမှ ရှောင်မရဘူး၊
အို နာ သေ ၃-မျိုးကို ပြောတာပါ...။

ဒီ ၃-မျိုးကို ပေါ်လွင်အောင်
ခွဲပြောရရင်.....

အိုတယ်ဆိုတာ ခါးပိုက်နှိုက်တာ၊
တိတ်တိတ်ကလေး နောက်ကကပ်လိုက်ပြီး
တစ်စချင်း ဖြုတ်နှိုက်နေတယ်၊သတိမထားရင် ဘာမှမသိရဘူး...။

နာတယ်ဆိုတာ ဓားပြတိုက်တာ၊ အပြင်ဘက်က ပစ္စည်းတွေကိုရော အတွင်းက ကျန်းမာရေး,ချမ်းသာရေး,ခွန်အားတွေကိုရော,
ကုသိုလ်ပြုခွင့်တွေကိုရော
အတင်းဝင်တိုက်နေတယ်...။

အိုတာနဲ့နာတာဟာ သေခြင်းရဲ့အမိန့်အတိုင်း လုပ်နေကြရတာ၊ ခန္ဓာကို အတင်းဆွဲခေါ်ပြီး
နောက်ဆုံး မရဏလက်ထဲအပ်လိုက်မှာပဲ...။

သေတာက အကြမ်းဖက်သမားပါ၊
သူ့လက်ထဲရောက်ရင်
လွတ်လမ်းမရှိတော့ဘူး၊
အကြမ်းဖက်ဖျက်ဆီးပစ်တာခံရမှာပါ...။

ရှောင်မရတဲ့ ဒီဓားပြ ၃-ယောက်ထက်
လက်ဦးအောင် သတိ သမ္ပဇညဆိုတဲ့
ဘဝအလင်းရောင် အမြဲညှိထွန်းဆောင်ပြီး
အမြန်ကြိုးစားပေးရမယ်...။

တကယ်လုပ်ဖို့ပဲ အရေးကြီးတာပါ၊လုပ်ဖြစ်ရင် အရှိန်ရသွားမယ်၊ အရှိန်ရရင် မလုပ်ပဲမနေနိုင်လောက်အောင် စိတ်ဝင်စားသွားမှာပါ၊သတိခလုတ် အမြဲဖွင့်ထားရုံပါပဲ...။

(တိပိဋကယောဆရာတော်ဘုရားကြီး)

🙏🙏🙏🙏🙏🙏🙏🙏🙏

Khin Ayesan

Monday, December 30, 2024

အကျင့်သီလဆိုတာ

လူ့လောကကြီးထဲမှာ သီလရှိတဲ့လူနဲ့  မရှိတဲ့လူဟာ အပေါ်ယံကြည့်ရင်တော့ 
ဘာမှ ထူးခြားတာကို မတွေ့ ရဘူး။ သူလည်းပဲ ပုခုံးနှစ်ဖက်ကြားက ခေါင်းပေါက်၊ဟုတ်လား။ ကိုယ်လည်းပဲ 
ပုခုံးနှစ်ဖက်ကြားက ခေါင်းပေါက်။ ဒီလိုပဲ လေကို ရှုရှိုက်ပြီးတော့ ရေသောက်ပြီးတော့ အစာရေဆာ
စားပြီးတော့ ရှင်သန်နေကြတယ်ပေါ့၊ ဟုတ်လား။ အပေါ်ယံကြည့်ရင်တော့  
ဘာမှ ကွဲပြားခြားနားတယ်လို့ မသိရဘူး။ 
သူလည်းလူ,ကိုယ်လည်း လူပေါ့၊ ဟုတ်လား။ 

ဒါပေမယ်လို့ ကိုယ်ကျင့်သိက္ခာပိုင်းအရ 
အနှစ်သာရပိုင်းအရ ဝေဖန်မယ်ဆိုလို့ရှိရင် 
အများကြီး ထူးခြားတာကို မတွေ့ရဘူးလား။ 
တွေ့ရမယ်။ ဘယ်နေရာမှာ ထူးခြားသွားမတုန်း၊
စောစောက အကျိုးရလာဘ်ငါးမျိုးစီ  ဦးဇင်း ပြောတယ်နော်။ အဲဒီအချက်တွေနဲ့ 
ယှဉ်လိုက်လို့ရှိရင် ထူးခြားမူ မသိနိုင်ဘူးလား။
ကိုယ်ကျင့်သီလပြည့်စုံတဲ့လူက သေတဲ့အချိန်
ကျရင်တော့ သေချာပေါက် သိရလိမ့်မယ်။ 
မပြည့်စုံဘူးဆိုရင်လည်း အဲဒါ သေတဲ့ အချိန်မှာ သိရနိုင်တယ်။ 

ဒါကြောင့် ပရိသတ်အပေါင်းသူတော်ကောင်းတို့ လွယ်တယ်လို့ဆိုတဲ့ ဒုဿီလကို လွယ်တိုင်း  
မလွန်ကျုးမိဖို့ မလိုဘူးလား၊ လိုတယ်နော်။

"အလွယ်မက်ရင် အခက်ကြုံရတတ်တယ်"ဆိုတာ  
ဒါလေးတွေကို ရည်ရွယ်ပြီးတော့ ပြောတာပါ။ 

               (သစ္စာရွှေစည်ဆရာတော်)

သတိပဋ္ဌာန်တစ်ခုကိုအာရုံစိုက်

ကိုယ်သိတာမမှားဖို့ အရေးကြီးတယ်
ဘယ်သူကတော့ 
ဘယ်လိုပြောတယ်
ဘယ်ဝါကတော့ 
ဘယ်လိုပြောတယ်
သူ့ဘာသာသူ ပြောချင်ရာပြောနော်။

အရေးကြီးဆုံးက ကိုယ်သိတာမမှားဖို့ 
အရေးကြီးတယ် 
သူများမှားတာ ကိုယ်နဲ့ မဆိုင်ဘူး။

လောကမှာ ဒီလိုမှားတာတွေကို လိုက်ပြင်ရမယ်ဆိုရင် ဘုရားတစ်ဆူတည်းတောင် လောက်မှာမဟုတ်ဘူး။
အမှားတွေကတော့ ရှိနေမှာပဲ။

ဘုရားပြင်ပေးတာတောင်မှ ဆက်မှားနေတဲ 
ပုဂ္ဂိုလ် တွေ အများကြီး ရှိသေးတယ် ။
အဲ့ဒီတော့ ဒါတွေအပေါ်မှာမကြိုးစားနဲ့။

ကိုယ်ကြိုးစားရမှာက
ကိုယ့်အသိဉာဏ်မှန်ကန်ဖိုအတွက် သတိပဌာန်တရားတစ်ခုတည်းကိုအာရုံစိုက်ပြီး ကြိုးစားအားထုတ်ပါ။

အဘိဓဇမဟာရဋ္ဌဂုရု
ပါမောက္ခချုပ်ဆရာတော်ကြီး
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ ၏
(မဟာသတိပဌာနသုတ် သင်တန်း အဖွင့်ဩဝါဒ
စကားမှ....)