စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Monday, December 30, 2024

အကျင့်သီလဆိုတာ

လူ့လောကကြီးထဲမှာ သီလရှိတဲ့လူနဲ့  မရှိတဲ့လူဟာ အပေါ်ယံကြည့်ရင်တော့ 
ဘာမှ ထူးခြားတာကို မတွေ့ ရဘူး။ သူလည်းပဲ ပုခုံးနှစ်ဖက်ကြားက ခေါင်းပေါက်၊ဟုတ်လား။ ကိုယ်လည်းပဲ 
ပုခုံးနှစ်ဖက်ကြားက ခေါင်းပေါက်။ ဒီလိုပဲ လေကို ရှုရှိုက်ပြီးတော့ ရေသောက်ပြီးတော့ အစာရေဆာ
စားပြီးတော့ ရှင်သန်နေကြတယ်ပေါ့၊ ဟုတ်လား။ အပေါ်ယံကြည့်ရင်တော့  
ဘာမှ ကွဲပြားခြားနားတယ်လို့ မသိရဘူး။ 
သူလည်းလူ,ကိုယ်လည်း လူပေါ့၊ ဟုတ်လား။ 

ဒါပေမယ်လို့ ကိုယ်ကျင့်သိက္ခာပိုင်းအရ 
အနှစ်သာရပိုင်းအရ ဝေဖန်မယ်ဆိုလို့ရှိရင် 
အများကြီး ထူးခြားတာကို မတွေ့ရဘူးလား။ 
တွေ့ရမယ်။ ဘယ်နေရာမှာ ထူးခြားသွားမတုန်း၊
စောစောက အကျိုးရလာဘ်ငါးမျိုးစီ  ဦးဇင်း ပြောတယ်နော်။ အဲဒီအချက်တွေနဲ့ 
ယှဉ်လိုက်လို့ရှိရင် ထူးခြားမူ မသိနိုင်ဘူးလား။
ကိုယ်ကျင့်သီလပြည့်စုံတဲ့လူက သေတဲ့အချိန်
ကျရင်တော့ သေချာပေါက် သိရလိမ့်မယ်။ 
မပြည့်စုံဘူးဆိုရင်လည်း အဲဒါ သေတဲ့ အချိန်မှာ သိရနိုင်တယ်။ 

ဒါကြောင့် ပရိသတ်အပေါင်းသူတော်ကောင်းတို့ လွယ်တယ်လို့ဆိုတဲ့ ဒုဿီလကို လွယ်တိုင်း  
မလွန်ကျုးမိဖို့ မလိုဘူးလား၊ လိုတယ်နော်။

"အလွယ်မက်ရင် အခက်ကြုံရတတ်တယ်"ဆိုတာ  
ဒါလေးတွေကို ရည်ရွယ်ပြီးတော့ ပြောတာပါ။ 

               (သစ္စာရွှေစည်ဆရာတော်)

No comments:

Post a Comment