စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Friday, December 6, 2024

အကျင့်ပါသွားရင် အရင်းရှုံးတယ်

အပြင်မှာ ရာသီဥတုရှိသလို 
စိတ်ထဲမှာလည်း ရာသီဥတုရှိပါတယ်နော်။ 
တစ်ခါတလေ သာသာယာယာ ရှိနေတယ်။ 
တစ်ခါတလေ အုံ့ဆိုင်းမှုန်မှိုင်းနေတယ်။ 
အုံ့ဆိုင်းမှုန်မှိုင်းနေတာကြီးက 
အကျင့်ပါသွားရင် အရင်းရှုံးတယ်။

ကိုယ်ကသာ ဉာဏ်ရှိတဲ့သူဆိုရင် 
အပြင်က ရာသီဥတုကိုတော့ 
သွားပြောင်းလို့ မရနိုင်ပေမယ့် 
ကိုယ့်စိတ်ရာသီဥတုကိုတော့ ပြောင်းလို့ရပါတယ်

အခု ကိုယ့်စိတ်ရာသီဥတု ဘယ်နှယ့်နေလဲ 
ကောင်းပါတယ် ။ ဒေါသဖြစ်နေတာ 
စိတ်ဆိုးနေတာ မရှိပါဘူး 
စိတ်ဓာတ်လည်း မကျပါဘူး လို့ 
ပြောရင်လည်း ပြောမယ်နော်။ 

အတွင်းကျကျ သေချာစူးစမ်းကြည့်လိုက်ပါ။ 
ဟိုးအတွင်းထဲမှာ ငါ့ကို တန်ဖိုးမထားကြဘူး။ 
ငါ့ရင်ထဲမှာ ဘာတွေ ခံစားနေရတယ်ဆိုတာ 
ဘယ်သူမှ မသိချင်ကြဘူး။

ငါဟာ တကယ်တော့ အဖော်မဲ့အထီးကျန်၊
ငါကသာ သူတို့ကို နားလည်ပေးရတာ။
ဘယ်သူက ဘယ်တုန်းက ငါ့ကို ဘယ်လိုပြောတယ်။ အဲဒါ ခုထိ မကျေနပ်ဘူး။

 သူကတော့ မေ့ရောပေါ့။
 ခံရတဲ့ငါက ဘယ်မေ့မလဲ စသဖြင့် 
 ခံစားချက်တွေ ပြင်းထန်နေတတ်တယ်။ 
 အဲဒါကို ပေါ်ပေါ်တင်တင် 
ဖော်ပြီးမြင်အောင်ကြည့်ပါ။ 

ဒီလို ဖော်ပြီး မြင်အောင် မကြည့်ရင် 
ဒီ Negative အတွေးတွေက 
သူ့တစ်နေရာတည်း ကွက်ပြီးမနေဘူး။ 
ပြန့်ထွက်သွားတယ်။ 

ကင်ဆာရောဂါ လိုပဲ။ 

ကိုယ့်ဘဝကို လှိုက်စားပစ်တယ်။ 
ထပ်ခါတလဲလဲ မကျေနပ်တာတွေ 
တွေးတွေးနေတော့ ကိုယ့် Life တစ်ခုလုံး 
Negative ကြီးဖြစ်သွားတယ်။ 

အဲဒါ သိပ်နစ်နာတယ်။
ကိုယ့်ရဲ့ ခံစားချက်တွေကို ကြည့်တဲ့အခါမှာလည်း သတိလေးကပ်ပြီး ကြည့်ပါ။ 
စိတ်အေးအေးလေး ကြည့်ပါ။ 

အရေးကြီးဆုံးက 
ဒါတွေဟာငါထင်သလောက် ဆိုးမနေဘူး။
ငါ့အတွေးတွေ အကုန်လုံး အမှန်ချည်းပဲ လို့ ယူဆရင် မှားမယ်။

ငါလည်း နည်းနည်း အလွန်အကျွံတွေးတတ်တယ်။ အဲသလို ကိုယ့်ကိုယ်ကိုယ် သတိပေးထားဖို့ အရေးကြီးပါတယ်။

ဒီလို သတိနဲ့ ဥာဏ်နဲ့ သေသေချာချာ စူးစူးစိုက်စိုက် ကြည့်တာကို ခံလိုက်ရတဲ့ စိတ်အခြေ
အနေဟာ ကိုယ့်ကို မချယ်လှယ်နိုင်တော့ဘူး။

ကိုယ်က ကိုယ့်ရဲ့ မကောင်းတဲ့ စိတ်အခြေ
အနေက ကြိုးကိုင်တာ ခံနေရတဲ့သူ မဟုတ်တော့ဘူး။ 

သူ့သြဇာခံ မဟုတ်တော့ဘူး။ 
အင်မတန် ထူးတဲ့ အတွေ့အကြုံပါ။
စိတ်က ပေါ့သွားတယ်။ ကြည်သွားတယ်။ 
ကိုယ့်စိတ်မှာ ဖြစ်တဲ့ အညစ်အကြေးကို 
ကိုယ်ကိုယ်တိုင် တည်ဆောက်ထားတဲ့ 
သတိနဲ့ဥာဏ်ကို သုံးပြီး 
ကိုယ့်ကိုယ်ကိုယ် ပိုကောင်းတဲ့သူ ဖြစ်အောင် 
လုပ်လိုက်တယ်။ကြည်လင်အေးချမ်းတဲ့သူ 
ဖြစ်အောင် လုပ်လိုက်တယ်။

ကိုယ့်မှာ Positive Power တွေ ဖြစ်ခွင့်
ရသွားတယ်။ တကယ်စစ်မှန်တဲ့ ပျော်ရွှင်မှု 
တဆက်တည်းဖြစ်လာတယ်။ 

ငါကိုယ်တိုင် လုပ်ယူလိုက်တဲ့ ငါ့ရဲ့ ပျော်ရွှင်မှု။ 
ဘယ်လောက် အားရကျေနပ်စရာ 
ကောင်းလိုက်သလဲ လို့နော်။

အတွေးတွေကို သတိထားပါ ။
သူတို့က အကျင့်တွေ ဖြစ်လာမယ်။

အကျင့်တွေကို သတိထားပါ ။
သူတို့က စရိုက်တွေ ဖြစ်လာမယ်။

((ဆရာတော်ဦးဇောတိက_မဟာမြိုင်တောရ))

Credit Original Uploader

No comments:

Post a Comment