~~~~~~~~~~~~~~~~~~~~~~~
ပြဿနာရှိတာက ပြဿနာမဟုတ်ဘူး၊
ပြဿနာရှိတာဟာ
စိတ်ဆင်းရဲစရာလို့ထင်တာကမှပြဿနာ။
အခက်အခဲတွေ ပြဿနာတွေဟာ
အမြဲရှိနေမယ်၊
အဲဒီအခက်အခဲတွေကို ကျော်လွှားနိုင်ဖို့
ကိုယ့်အရည်အချင်းတွေကိုသုံးရတယ်၊
အခက်အခဲတွေကို
ကျော်လွှားနိုင်ဖို့ နည်းလမ်းရှာရတယ်၊
အဲဒီလိုနဲ့ပဲ
ကိုယ့်အရည်အချင်းတွေမြင့်လာတယ်၊
အဲဒါဟာဘဝရဲ့သဘာဝပဲ၊
စိတ်ပျက်စရာ စိတ်ညစ်စရာမဟုတ်ဘူး။
ဓားဆိုတာကျောက်ပြားပေါ်မှာ
သွေးနေမှထက်တယ်။
အခက်အခဲကိုရင်ဆိုင်ဖြေရှင်းနေမှ
အရည်အချင်း ဉာဏ်ပညာ စိတ်ဓာတ်
ရင့်ကျက်လာတယ်၊
အရည်အချင်း ဉာဏ်ပညာ စိတ်ဓာတ်
ရင့်ကျက်လာမှ စိတ်လည်း
တည်ငြိမ်ခိုင်ခန့်လာတယ်၊
စိတ်မှာအားရှိလာတယ်၊
စိတ်မှာအားရှိဖို့သိပ်အရေးကြီးပါတယ်၊
စိတ်မှာအားရှိတဲ့သူဟာစိတ်ဓာတ်မကျဘူး။
အရည်အချင်းမရှိတဲ့သူဟာ
မကြာမကြာ စိတ်ဓာတ်ကျတတ်တယ်၊
စိတ်ဓာတ်ကျတာလောက်
စိတ်ပင်ပန်းတာ မရှိတော့ဘူး။
စိတ်ဓာတ်ကျနေတဲ့သူအတွက်
လောကကြီးဟာ မလှတော့ဘူး။
ပျော်စရာမကောင်းတော့ဘူး။
အဓိပ္ပာယ် မရှိတော့ဘူး။
ကိုယ့်ဘဝမှာ ဘာအခက်အခဲ
ဘာပြဿနာမှမရှိရင်
ကောင်းမှာပဲလို့ မျှော်လင့်နေရင်
ဘယ်တော့မှစိတ်ချမ်းသာမှာမဟုတ်တော့ဘူး၊
အရေးကြီးတာက ပြဿနာမရှိဖို့မဟုတ်ဘူး၊
ပြဿနာကို အကောင်းဆုံးဖြေရှင်းဖို့။
ပြဿနာတစ်ခုအတွက် အဖြေမရှာခင်
ပထမလိုအပ်ချက်က ကိုယ့်စိတ်ကို
ချမ်းသာအောင် အရင်ထားဖို့ပါ။
ချမ်းသာနေတဲ့စိတ်နဲ့ အဖြေရှာရင်
အကောင်းဆုံးအဖြေကို ရမယ်။
(ဆရာတော်ဦးဇောတိက)
🙏🙏🙏🙏🙏🙏🙏🙏🙏
(စိတ်ချမ်းသာဖို့လိုရင်းပါ တရားတော်မှ
ကောက်နုတ်ပူဇော်ပါ၏)
No comments:
Post a Comment