လောကမှာ အောင်မြင်တဲ့ လူဆိုတာ
🌹🌹🌹☘🌹☘🌹🌹🌹
ကိုယ့်စိတ်ကို ကိုယ်သိရင် ကိုယ့်စိတ်ကို အေးချမ်းအောင် ထားနိုင်လာတယ်။ အဲဒီ အေးချမ်းတဲ့စိတ်နဲ့ သူ့ကို အေးအေးဆေးဆေး လေးလေးစားစား မေတ္တာ ဂရုဏာနဲ့ ဆက်ဆံရင် မိတ်ဆွေဖြစ်သွားတော့မှာပဲ။ လူတိုင်းဟာ အဲဒါမျိုးကို လိုချင်ကြတာပဲ။ ကိုယ်က အရင်ပေးနိုင်ဖို့ အရေးကြီးတယ်။
When you are peaceful. happy, joyous and doing what you love to do. you are successful.
သင်ဟာ ငြိမ်းချမ်းနေတယ်၊ ပျော်ရွင်နေတယ်၊ ကြည်လင်ရွင်လန်းနေတယ်၊ ကိုယ်ချစ်တဲ့အလုပ်ကို လုပ်နေတယ်ဆိုရင် သင်ဟာ အောင်မြင်နေတဲ့သူပါ။
ဘယ်လိုလူကို အောင်မြင်နေတဲ့လူလို့ ပြောမလဲ။
ပိုက်ဆံချမ်းသာတဲ့ လူလား၊
ရာထူးတွေ အကြီးကြီးရနေတဲ့ လူလား။
ဒါတွေ မဟုတ်ဘူး။
ငြိမ်းချမ်းတဲ့ လူ၊ ပျော်ရွင်တဲ့ လူ၊ ကြည်လင်ရွင်လန်တဲ့ လူ၊ ကိုယ်တန်ဖိုးထားတဲ့အလုပ်၊ ကိုယ်ချစ်တဲ့အလုပ်ကို လုပ်နေတဲ့ လူဟာ ဘဝမှာ အောင်မြင်တဲ့လူ ဖြစ်တယ်။
No comments:
Post a Comment