~~~~~~~~~~~~
ကိုယ့်စိတ်ကို ကိုယ် ပိုသိလာတဲ့အခါ
အတ္တစွဲ နည်းသွားတယ်။
မာန နည်းသွားတယ်။
လောဘ ဒေါသ နည်းသွားတယ်။
ဉာဏ်ပညာပိုကြီးလာတယ်...။
ဒါကြောင့်
မလုပ်သင့်တာကို
လုပ်ချင်စိတ် နည်းသွားတယ်။
အဲဒီအခါမှာ လုပ်သင့်တာကို
စိတ်ပါလက်ပါ လိုလိုချင်ချင်
လုပ်နိုင်လာတယ်...။
လုပ်သင့်တာကို လိုလိုချင်ချင်
စိတ်ပါလက်ပါ လုပ်နိုင်လာတဲ့သူရဲ့
ဘဝဟာ ကြာလေ အဆင်ပြေလေ
ဖြစ်လာတယ်...။
လုပ်သင့်တာနဲ့ လုပ်ချင်တာ
လွန်ဆွဲနေရတာ မရှိလို့
သူ့စိတ်ဓါတ်အင်အားတွေဟာ
အားပြည့်နေတယ်။
အဲဒီလိုအားပြည့်နေမှ
အကြံကောင်း
ဉာဏ်ကောင်းတွေ ထွက်တယ်...။
အကြံကောင်းဉာဏ်ကောင်း
ထွက်နေမှလည်း စိတ်အားထက်သန်တယ်။
ကိုယ့်ကိုယ်ကို ကိုယ်ယုံကြည်မှုရှိတယ်။
အဲဒီလိုလူကို အများကလည်း
ယုံကြည်မှုရှိတယ်...။
ကိုယ့်စိတ်ကိုကိုယ်
အမှန်အတိုင်း သိနေရင်
လုပ်သင့်တာကိုပဲ လုပ်ချင်မှာပဲ...။
အဲဒီအခါမှာ
အောင်မြင်တဲ့သူဖြစ်လာမယ်...။
(ဆရာတော်ဦးဇောတိက)
🙏🙏🙏🙏🙏🙏🙏🙏🙏
("အကောင်းဆုံးဖြစ်ချင်တယ်" မှ
ကောက်နုတ်ပူဇော်ပါ၏)
No comments:
Post a Comment