စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Saturday, December 7, 2024

လိမ်ညာမပြောချင်းရဲ့တန်ဖိုး

သွားတော့..ငါ့သား
လမ်းခရီးမှာ
သူခိုးဓမြတွေရှိတယ်
သား..ဘောင်းဘီ
ခါးအပါတ််ထဲ
ငွေဒင်္ဂါး(၄၀)
အမေထည့်ချုပ်
ပေးထားတယ်နော်

ငါ့သား..
အောင်မြင်
တိုးတက်ပါစေ..
တို့အသားအမိ
မကြာခင်
ပြန်တွေ့ကြမှာပါ

ဘယ်တော့မှ
လိမ်မပြောပါဘူးလို့
အမေ့ကို
ဂတိပေးနော်.သား

ရွာကနေ..မြို့တက်
အလုပ်သွားလုပ်မဲ့
သားလေးကို
သူ့အမေ.မှာနေတာ.

ကံဆိုးတော့
လမ်းမှာ
ဓမြနဲ့တွေ့ပါလေရော.

ဓမြတွေက
လက်ဝတ်လက်စားတွေ
မတွေ့
အိပ်တွေကိုနှိုက်..မတွေ့
ဒါနဲ့
သွား..သွား..ဆိုပြီး
လွတ်လိုက်ရော.

အနားက
ရပ်ကြည့်နေတဲ့
ဓမြတစ်ယောက်က
လှမ်းစပြီး..

ဟေ့..ချာတိတ်
မင်းက..ပိုက်ဆံတစ်ပြားမှ
မပါဘူးလားကွ

ငွေဒင်္ဂါး(၄၀)
ပါပါတယ်ခင်ဗျ
ဆရာတို့ရှာတာ
မတွေ့လို့ပါ

တဟားဟားရီရင်း
ဘယ်မှာတုန်းဟ

ဘောင်းဘီ
ခါးပါတ်ထဲမှာပါ
အမေထည့်ချုပ်
ပေးလိုက်တာပါ

ဒါလည်း..ဝိုင်းရီကြ
ဒါနဲ့
ဓမြဗိုလ်ရောက်လာရော..

ချာတိတ်
မင်းတကိုယ်လုံး
ငါ့တပည့်တွေ
ရှာပြီးပါပြီ
ဘာမှ..မတွေ့ပါဘူး

မင်း
မှန်မှန်ပြောစမ်း
ပိုက်ဆံဘယ်လောက်
ပါလို့လဲ

ဆရာကြီးရဲ့
တပည့်တွေကို
ကျွန်တော်အမှန်တိုင်း
ပြောပါတယ်ခင်ဗျာ..

ကျွန်တော့်မှာ
ဘောင်းဘီခါးပါတ်ထဲ
အမေထည့်ချုပ်ပေးလိုက်တဲ့
ငွေဒင်္ဂါး(၄၀)ပဲပါပါတယ်

ဓမြခေါင်းဆောင်
ရုပ်ကတည်သွားတယ်
ပြီးတော့
ချာတိတ်ရဲ့
ဘောင်းဘီကို..ခွဲကြည့်
သူပြောတဲ့အတိုင်းပဲ
ငွေဒင်္ဂါး(၄၀)တိတိ။

မင်းကိုငါ့တပည့်တွေ
ရှာပြီးပြီ
ဘာမှ..မတွေ့လို့
လွတ်တောင်
လွတ်ပေးလိုက်ပြီလေကွာ

ဟိုကောင်
စနောက်ပြီးမေးတာကို
မင်းဘာလို့
လိမ်မပြောတာလဲ

ကျွန်တော်
ဘယ်တော့မှ
လိမ်မပြောပါဘူးလို့
အမေ့ကိုဂတိပေးထားလို့ပါ

ဟေ.
မင်းက
အမေ့စကားကို
မြေဝယ်မကျ
နားထောင်ပြီး
ဂတိတည်သူ..ပါလားကွ

ငါ
မင်းအရွယ်တုန်းက
မင်းလို
အမေ့စကား
နားထောင်ခဲ့ရဲ့လားတောင်
မသိတော့ဘူး
ငါနောင်တ
ရသွားတာတော့
အမှန်ပဲ

အေးပါ
မင်းအမေပေးလိုက်တဲ့
ဒီငွေဒင်္ဂါးတွေလည်း
ငါတို့မယူတော့ပါဘူး

ဓမြဗိုလ်ဟာ
ရီဝေဝေမျက်ဝန်းနဲ့..
ချာတိတ်ကို
ခေါင်းလေးပွတ်
ပုခုံးကိုညစ်ပြီး
လွတ်ပေးလိုက်သတဲ့။

ဘုရားရှင်
လက်ထက်ကလည်း
ရှိတယ်တဲ့။

ရှင်မဟာမောဂ္ဂလာန်မထေရ်ဟာ
နတ်ပြည်ရောက်တုန်း
အလွန်ခမ်းနားကြီးကျယ်တဲ့
ဗိမာန်ကြီးတစ်ခုတွေ့တော့
ရပ်ကြည့်နေတုန်း..

ဗိမာန်က
နတ်သမီးထွက်လာပြီး
ဖူးမျှော်သတဲ့။

ရှင်မဟာမောဂ္ဂလာန်က
ဒီလောက်ခမ်းနား
ကြီးကျယ်တဲ့
နတ်ဗိမာန်ကြီးမှာ
နေခွင့်ရတာ
အရင်ဘဝတုန်းက
ဘာများ
လုပ်ခဲ့တာလဲမေးတော့..

နတ်သမီးက
ခုလို..ပြန်ဖြေသတဲ့။

အရှင်ဘုရား..
တပည့်တော်မ
အရင်လူ့ဘဝတုန်းက
တရားကျင့်ကြံတာတွေ
ကုသိုလ်တွေ
အလှူဒါနတွေ
ဘာတစ်ခုမှ
ထူးထူးခြားခြား
မလုပ်ခဲ့မိဘူးပါဘူး

တစ်ခုပါပဲ
တပည့်တော်မ
ဘယ်သောအခါမှ
လိမ်ညာမပြောခဲ့ပါဘူးဘုရား..

လိမ်ညာမပြောချင်းရဲ့..တန်ဖိုး

ဒါပေမဲ့လည်း
တစ်ခါတစ်လေ
အမှန်အတိုင်းပြောလိုက်မိလို့
ရိုင်းလိုက်တာလို့..
အထင်ခံရတာလည်း
ရှိတာပေါ့။

Credit..

No comments:

Post a Comment