☘☘☘☘🌹☘☘☘☘
သတိပဋ္ဌာန်ဝိပဿနာနဲ့ အားထုတ်တဲ့အခါမှာ ကာယာနုပဿနာ၊ ဝေဒနာနုပဿနာ၊ စိတ္တာ နုပဿနာ၊ ဓမ္မာနုပဿနာတို့ကို အားထုတ် လာတဲ့အခါမှာ
သဘာ၀ကိုအမှန်အတိုင်းမြင်
အောငျကွညျ့တာပဲ။၀ိပူနာမှာလဲ ပထဝီကိုအာရုံပြုတာမရှိ ဘူးလားဆိုတော့ ရှိတယ်။ ဒါပေမယ့် အဲဒါကို မျက်စိနဲ့မကြည့်ဘူး။ ဘာလို့တုန်း ဆိုတော့
ပထဝီအစစ်ကိုမျက်စိနဲ့မြင်လို့မရ ဘူး။ ထိကြည့်ကိုင်ကြည့်မှပဲ မြင်လို့ရတယ်။ သူကကာယပသာဒရဲ့နယ်မြေထဲမှာရှိတာ ကိုး။ ကိုင်ကြည့်မှပဲ မာသလား၊ ပျော့သလား သိရတယ်။ ကိုင်မကြည့်ရင် မသိနိုင်ဘူးတဲ့။
ဒါဖြင့်ရင် ဟိုနားကစားပွဲကမာတယ်လို့ သိနေပါတယ်ဆိုရင် အဲဒါအရင်တုန်းက ကိုင်ကြည့်ဖူးလို့သိတာ။ (စားပွဲဆိုတဲ့ ပုံသဏ္ဍာန်က ပညတ်ဖြစ်တယ်။) အခုချက်ချင်းသိတာမဟုတ်ဘူး။ ပူတယ် အေးတယ်ဆိုတာလည်းပဲ ကိုင်ကြည့်မှ ထိကြည့်မှသိတယ်နော်။
ဟိုခွက်က အေးသလား ပူသလား။ ဟိုခွက်နဲ့ဒီခွက် ဘယ်ခွက်ကပိုအေး သလဲလို့ကြည့်ရင် ဘယ့်နှယ့်ပြောမလဲ။ ပြောလို့မရဘူး။ ဟိုခွက်က ရေခဲသေတ္တာ ထဲကထုတ်လာသလားမသိပါဘူး။ အဲသလိုဆိုရင် ဟိုခွက်ကပိုအေးမယ်လို့ ထင်ရတယ်နော်။ ဒါပေမယ့် တကယ် ကိုင်ကြည့်မှသိမယ်။ ခွက်ဆိုတဲ့ပုံကအေး တာမဟုတ်ဘူး။
ဓါတ်ကြီးလေးပါးဆိုတဲ့ထဲမှာ ပထဝီရယ်၊ တေဇောရယ် ဝါယောရယ်၊ ဒီသုံးခုက ထိမှ ကိုင်မှပဲ သိရတဲ့အရာဖြစ်တယ်။ အာပေါက ထိလို့တောင်မရဘူး။ အင် မတန်သိမွေ့နက်နဲတယ်နော်။
ဘုရားဟောတဲ့ဝိပဿနာဒေသနာ တော်မှာ ဒီခန္ဓာကိုယ်ကြီးရဲ့ရုပ်ပိုင်း ဖြစ်တဲ့ဓာတ်ကြီးလေးပါးကို သိဖို့ ကြိုးစားတဲ့နေရာမှာတောင်မှအမှန်ကို အမှန်အတိုင်းသိမှပဲရတယ်။ အထင်နဲ့ မရဘူး။
အဲသလိုပဲ ဝေဒနာနုပဿနာ၊ စိတ္တာနုပဿနာ၊ ဓမ္မာနုပဿနာပိုင်းကို ရောက်သွားရင်ကြာလေ ပိုပြီးတော့ နက်နဲလေဖြစ်သွားပြီးတော့ ကိုယ့်စိတ် ထဲမှာဖြစ်နေတဲ့သဘောအမှန်ကို သေသေချာချာမြင်ရတာပဲ။ အမှန်ကို သိတဲ့အသိဉာဏ်ဖြစ်လာတယ်။
စိတ်ထဲမှာလောဘဖြစ်တယ်ဆိုပါတော့။ အဲဒီလောဘကို ဖိဖို့ဖုံးထားဖို့မကြိုးစားပဲ နဲ့ အဲဒီလောဘရဲ့သဘာ၀ကို သေသေ ချာချာကြည့်တာပါပဲ။ သေသေချာချာ ကြည့်ပါများရင် အကြောင်းရှိမှဖြစ်တယ်။ လောဘဖြစ်စရာအာရုံတစ်ခုနဲ့စိတ်နဲ့ တိုက်ဆိုင်မှုရှိတဲ့အခါမှာ လောဘဖြစ် တယ်ဆိုတာကို ကိုယ်တိုင်မြင်ရတယ်။ ကိုယ်တိုင်သိရတယ်နော်။
အဲဒီလိုကြာကြာကြည့်တဲ့အခါမှာ အသိအမြင်ရှင်းလာတဲ့အခါမှာ ဖြစ်လာ တဲ့စိတ်ကလေးဆိုတာ မြင်လာတယ်။ ငါ့စိတ်မဟုတ်တော့ဘူး။ အင်မတန် ရှင်းတယ်။ အဲဒါသိပ်အံ့သြဖို့ကောင်း တယ်။
အဲသလိုကြည့်တဲ့အခါမှာ အဲဒီလောဘ ဖြစ်တဲ့စိတ်ကိုပဲစိတ်၀င်စားစရာ၊ အံ့သြ စရာတစ်ခုအနေနဲ့မြင်လာတယ်။ ငါ့စိတ် လည်းမဟုတ်တော့ဘူး။ စိတ်နဲ့အာရုံ တစ်ခုနဲ့တိုက်ဆိုင်တဲ့အခါမှာ ဖျတ်ခနဲ ပေါ်လာတဲ့စိတ်ကလေးတစ်ခုပဲ။ တော်တော်အံ့သြဖို့ကောင်းတယ်။
ငါ့စိတ်မဟုတ်တော့ဘူးဆိုရင်ပဲ အနတ္တ သဘောဖြစ်သွားပြီနော်။ အနတ္တဉာဏ် နဲ့မြင်နိုင်မှသာ ဘုရားသာသနာတော်မှာ အမြင်မှန်တစ်ခုကိုရပြီလို့ပြောလို့ရတယ်။ အရေးအကြီးဆုံးအမြင်မှန်တစ်ခုကိုရသွား ပြီ။
လောဘကိုချက်ချင်းမပယ်သေးဘူးနော်။ ဒါပေမယ့်လောဘဟာ အကြောင်းရှိမှ ဖြစ်တဲ့စိတ်ပဲ။ အကြောင်းရှိရင်ဖြစ်မှာပဲ။ အာရုံပြုတာနှလုံးသွင်းတာလွဲမှားရင် လည်းဖြစ်မယ်။
အယောနိသောမနသိ ကာရဖြစ်ရင် လောဘဖြစ်မယ်၊ ဒေါသ ဖြစ်မယ်၊ မာနဖြစ်မယ်။ ယောနိသော မနသိကာရဖြစ်ရင်တော့ လောဘ၊ ဒေါသ မာန စသည်ဖြင့် ဖြစ်တာတွေ ဟာ နဲသွားပြီးတော့ သက်သာသွား မယ်။
ဒီလိုနည်းနဲ့တရားကိုအားထုတ်သွား တဲ့အခါမှာ တဖြည်းဖြည်းနဲ့စိတ်ထဲမှာ လောဘဖြစ်တဲ့အခါသိတယ်၊ ဒေါသ ဖြစ်တဲ့အခါသိတယ်။ မာနဖြစ်တဲ့အခါ သိတယ်။ ဣဿာ မစ္ဆရိယဖြစ်တဲ့အခါ သိတယ်။ ဒီလိုသိရင်းသိရင်းနဲ့ ဒီလို သိတဲ့အသိဉာဏ်ဟာ ကြာလေကြီး လေဖြစ်လာတယ်။
လောဘဒေါသ မာနတွေကတော့ ချက်ချင်းမပျောက် သေးဘူးနော်။ ဒါပေမယ့်သူတို့ကို သိတဲ့အသိဉာဏျကကွီးလာတယျ။ဒါကွောငျ့ဗုဒ်ဓဘာသာတရားမှာပယျဖို့ ထက်သိဖို့က ပိုအရေးကြီးတယ်လို့ ပြောတာနော်။
အသိဉာဏ်ကြီးလာမှ အဲဒီအသိဉာဏ်က သူ့ဟာသူပယ် သင့်တဲ့ကိလေသာကို ပယ်တာပဲ၊ ငါကပယ်လိုက်တာမဟုတ်ဘူး။ ဒါကြောင့်အတ္တနဲ့ပယ်လို့မရဘူး။ အနတ္တနဲ့မှပဲပယ်လို့ရတယ်။အကြည့်ခံဖြစ်တဲ့အာရုံကလည်းအနတ္တပဲ၊ ကြည့်နေတဲ့စိတ်ကလည်း အနတ္တပဲ။ နှစ်ခုစလုံးအနတ္တဖြစ်သွားတယ်။
ဆရာတော်ဦးဇောတိက
No comments:
Post a Comment