စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, December 31, 2024

ဓားပြ ၃ ယောက် တစ်ကောက်ကောက်

"ဓားပြ ၃ ယောက် တစ်ကောက်ကောက်"
~~~~~~~~~~~~~~~~~~~~~~~~

မိမိတို့ခန္ဓာမှာဓားပြ ၃-ယောက် တစ်ကောက်ကောက် လိုက်နေတယ်၊
ဘယ်သူမှ ရှောင်မရဘူး၊
အို နာ သေ ၃-မျိုးကို ပြောတာပါ...။

ဒီ ၃-မျိုးကို ပေါ်လွင်အောင်
ခွဲပြောရရင်.....

အိုတယ်ဆိုတာ ခါးပိုက်နှိုက်တာ၊
တိတ်တိတ်ကလေး နောက်ကကပ်လိုက်ပြီး
တစ်စချင်း ဖြုတ်နှိုက်နေတယ်၊သတိမထားရင် ဘာမှမသိရဘူး...။

နာတယ်ဆိုတာ ဓားပြတိုက်တာ၊ အပြင်ဘက်က ပစ္စည်းတွေကိုရော အတွင်းက ကျန်းမာရေး,ချမ်းသာရေး,ခွန်အားတွေကိုရော,
ကုသိုလ်ပြုခွင့်တွေကိုရော
အတင်းဝင်တိုက်နေတယ်...။

အိုတာနဲ့နာတာဟာ သေခြင်းရဲ့အမိန့်အတိုင်း လုပ်နေကြရတာ၊ ခန္ဓာကို အတင်းဆွဲခေါ်ပြီး
နောက်ဆုံး မရဏလက်ထဲအပ်လိုက်မှာပဲ...။

သေတာက အကြမ်းဖက်သမားပါ၊
သူ့လက်ထဲရောက်ရင်
လွတ်လမ်းမရှိတော့ဘူး၊
အကြမ်းဖက်ဖျက်ဆီးပစ်တာခံရမှာပါ...။

ရှောင်မရတဲ့ ဒီဓားပြ ၃-ယောက်ထက်
လက်ဦးအောင် သတိ သမ္ပဇညဆိုတဲ့
ဘဝအလင်းရောင် အမြဲညှိထွန်းဆောင်ပြီး
အမြန်ကြိုးစားပေးရမယ်...။

တကယ်လုပ်ဖို့ပဲ အရေးကြီးတာပါ၊လုပ်ဖြစ်ရင် အရှိန်ရသွားမယ်၊ အရှိန်ရရင် မလုပ်ပဲမနေနိုင်လောက်အောင် စိတ်ဝင်စားသွားမှာပါ၊သတိခလုတ် အမြဲဖွင့်ထားရုံပါပဲ...။

(တိပိဋကယောဆရာတော်ဘုရားကြီး)

🙏🙏🙏🙏🙏🙏🙏🙏🙏

Khin Ayesan

No comments:

Post a Comment