ကိုယ်လှူချင်သလောက် လှူခွင့်ရသွားတဲ့သူ ဘယ်နှစ်ယောက်လောက် ရှိသလဲ?
ဒါနလုပ်ဖို့အတွက်က အခြေအနေတွေ အများကြီးလိုတာ။
လှူစရာ ငွေကြေး ပစ္စည်းဥစ္စာက ကိုယ်လှူချင်သလောက် ရှာဖို့ မလွယ်တတ်ဘူး။
ဒါနက အခြေအနေ အများကြီးလိုပေမယ့် သီလ,ဘာဝနာ က ဆောက်တည်ချင်စိတ်လေး အားထုတ်ချင်စိတ်လေး တစ်ခုပဲလိုပါတယ်။
ဒါန ဘယ်လောက်ကြီးကြီး သီလ, ဘာဝနာရဲ့အကျိုးကို မယှဉ်နိုင်ဘူး၊
သီလက အပါယ်လေးဘုံ မရောက်အောင် တားနိုင်တယ်၊
ဘာဝနာက သံသရာဆုံးအောင်ထိ အကျိုးပေးနိုင်တယ်။
သဒ္ဓါကောင်းလို့ ဒါန လုပ်သလို
လုပ်ရလွယ်ပြီး အကျိုးကြီးလွန်းတဲ့ သီလနဲ့ ဘာဝနာကို ပိုကြိုးစားကြရအောင်ပါ။
အရှင်ဝရသာမိ
No comments:
Post a Comment