~~~~~~~~~
ဘုရားအလောင်း တောထွက်ပြီးစ အခါမှာ အစာအာဟာရတွေကို နည်းနည်းစားပြီး အစာဖြတ်ဖို့ ကြိုးစားခဲ့သေးတာ။ အစာဖြတ်ခြင်းအားဖြင့် စင်ကြယ်နိုင်တယ်ဆိုတဲ့ အယူအဆအရ ကြိုးစားတာ၊ အဲဒါကို အာဟာရသုဒ္ဓိဝါဒလို့ ခေါ်တယ်။
တချို့ကလည်း သက်သတ်လွတ်စားပြီး ကျင့်တယ်။ အာဟာရနဲ့ ပတ်သတ်ပြီးတော့ သက်သတ်လွတ်စားရင် နိဗ္ဗာန်ရတယ်ထင်ပြီး ကျင့်မယ်ဆိုရင် မှန်ကန်မှု မရှိဘူး။ အဲဒီနည်းကိုလည်း မြတ်စွာဘုရားက စင်ကြယ်တဲ့လမ်းစဉ်လို့မဟောဘူး။
"အာဟာရသုဒ္ဓိနဲ့ သံသရာလွတ်မယ်ဆိုရင် ငါဟာ အာဟာရမျိုးစုံနဲ့ နေထိုင်ခဲ့ဖူးတယ်၊ သူတို့ပြောတာတွေ အကုန်စမ်းသပ်ပြီးသား၊ အဲဒီနည်းလည်း မမှန်ဘူး"တဲ့။
သီလဝိသုဒ္ဓိနဲ့ စိတ္တဝိသုဒ္ဓိ ဒီနှစ်ခုသည်သာ ပညာရဲ့မူလ၊ ပညာရဲ့အမြစ်ဖြစ်တယ်။
သီလဝိသုဒ္ဓိနဲ့ စိတ္တဝိသုဒ္ဓိသည်သာလျှင် စစ်မှန်သော စင်ကြယ်မှုကို ဖြစ်စေနိုင်တယ်။
သံသရာ နှင့် နိဗ္ဗာန်
No comments:
Post a Comment