သူ့ကိုကြောက်
(အကြောက်)မစစ်သေး
ကိုယ့်မှာမမုန်း
သူ့ကိုမုန်း
(အမုန်း)မစစ်သေး
မတည့်လျင်ပစ်
တည့်လျင်ချစ်
(မိတ်စစ်)မဟုတ်သေး
မှန်လျင်သာချစ်
မှားသော်လှစ်
(ရန်စစ်)မဟုတ်သေး
မလိုသော်စွန့်
လိုမစွန့်
(အစွန့်)မစစ်သေး
ပျော်လှူမျှော်လှူ
မတော်လှူ
(ပူဇော်)မစစ်သေး
ခိုးလှူဘက်လှူ
ညစ်ပတ်လှူ
(သူတော်)မစစ်သေး
ဖြစ်ပျက်မရှု့
လှူပေါင်းစု
(ကောင်းမှု့)မစစ်သေး
အပြစ်နှင့်စပ်
ထို ရလာဒ်
(အမြတ်)မစစ်သေး
ကိုယ်ကျင့်ကို ဖျက်
ကြီးပွားချက်
အတက် မစစ်သေး
မတွေ့မိမှ လုံခြုံရ
(သီလ)မစစ်သေး
ကွက်၍သူ့သာ
ချစ်မိရာ
မေတ္တာ မစစ်သေး
စွဲလမ်းသူမှာ သနားရာ
(ကရုဏာ)မစစ်သေး
ကိုယ့်အောက်သူမှာ
ဝမ်းမြောက်ရာ
(မုဒိတာ)မစစ်သေး
မုန်းသောကြောင့်သာ
စွန့်ပစ်ခွာ
(ဥပေက္ခာ)မစစ်သေး
ကောင်းရာသို့မှီ
စိတ်သာကြည်
ခန္တီ မစစ်သေး
ပြောင်းလဲတတ်ရာ
ဓမ္မတာ
သစ္စာ မစစ်သေး
သူပြော ၌သာ
ကွဲသိရာ
(ပညာ)မစစ်သေး
သူချင်းစကား
အငြင်းပွား
(တရား)မစစ်သေး
ဖြစ်/ပျက်မမြင်
စခန်းလျင်
လမ်းစဉ် မစစ်သေး
တိုက်ခိုက်မရှိ
ငြိမ်သက်ဘိ
(သမာဓိ)မစစ်သေး
ခဏ'သာ ကောင်း
ကြာသော် ညောင်း
အကောင်း မစစ်သေး
ပျက်စီးပြီးမှ
ချမ်းသာရ
(သုခ)မစစ်သေး
အငြိမ်းမလာ
သိမလာ
(ဘာဝနာ)မစစ်သေး
အေးကားအေး၏
မငြိမ်းဘိ
(မုတ္တိ)မစစ်သေး
🙏ကျေးဇူးတော်ရှင်
(မဟာဗောဓိမြိုင်)
No comments:
Post a Comment