တစ်ခုခုကို တွေ့ချင်လို ရှာတယ်ဆိုရင် ရှာတဲ့နေရာ မှန်ဖို့လိုပါတယ် ။
စိတျခမြျးသာမှုကျို ဘယ်နေရာမှာ ရှာမလဲ၊
နေရာမှားရင် တွေ့မှာမဟုတ်ဘူး ။
နေရာမှန်က ဘယ်မှာလဲ... စိတ်ထဲမှာ ၊၊
အဲဒီနေရာမှာ မတွေ့ရင် တခြားနေရာမှာမှ မတွေ့နိုင်ဘူး ။
ဥာဏ်ရှိတဲ့သူ ၊ ပညာရှိတဲ့သူတွေက စိတ်ချမ်းသာမှုဟာ စိတ်ထဲမှာပဲ ရှိတယ်လို့ အထပ်ထပ်အခါခါ ပြောခဲ့ပါတယ် ။
ဒါပေမယ့် ဥာဏ်မရှိတဲ့သူတွေက စိတ်ချမ်းသာမှုဟာ. . . ပစ္စည်းထဲမှာရှိတယ် ပြောကြတယ်၊ အဲဒါကိုလည်းယုံကြတယ် ။
အာဏာထဲမှာ ရှိတယ်လို့ပြောကြတယ်၊ အဲဒါကိုလည်း ယုံကြတယ် ။
ကျော်ကြားမှုထဲမှာ ရှိတယ်လို့ပြောကြတယ်၊ အဲဒါကိုလည်း ယုံလိုက်တာပဲ ။
အာဏာရတယ်, ကျော်ကြားမှု ရတယ်၊ စိတ်ချမ်းသာမှုတော့ မရဘူး. . နေရာလွဲနေလို့၊ တသက်လုံးရှာပေမယ့် မတွေ့ကြဘူး ။
စိတ်ချမ်းသာမှုဟာ ဒီအချိန် ဒီနေရာမှာပဲ ရနိုင်တယ်၊
ဒီနေရာမှာ စိတ်ချမ်းသာမှုကို မတွေ့ရင်. . . ဘယ်နေရာ ဘယ်နေရာမှာတွေ့မယ် ထင်သလဲ ။
ဟိုအချိန်, ဟိုနေရာမှာ တွေ့မယ်ထင်ပြီး ရှာနေလို့ . .
စိတ်ချမ်းသာမှုကို မတွေ့တာပဲများတယ် ။
ရှာတဲ့နေရာ_မှားနေလို့ ! . . . များသောအားဖြင့် စိတ်ချမ်းသာမှုကို ရှာရင်း စိတ်ဆင်းရဲမှုတွေနဲ့ တွေ့ရတယ် ။
သူက ငါ့ကို စိတ်ချမ်းသာအောင် လုပ်ပေးလိမ့်မယ်လို့.. မျှော်လင့်နေရင် ကိုယ်မျှော်လင့်သလို ဖြစ်တဲ့အခါ ခဏ စိတ်ချမ်းသာမယ် ။
အဲဒီလို စိတ်ချမ်းသာနေတဲ့ အချိန်မှာတောင် နောင်လည်း ဒီလိုလုပ်ပေးအောင် ဘာလုပ်ရမလဲ.. ဆိုတဲ့
စိတ်မအေးရတဲ့ အတွေးရှိနေတယ် ။
မကြာကြာ ကိုယ်မျှော်လင့်သလို မဖြစ်ဘူး၊
ဒါကြောင့် မကြာမကြာ စိတ်ဆင်းရဲ ရပြန်တယ် ။
အခြေအနေတွေအားလုံး အဆင်ပြေရင် စိတ်ချမ်းသာမယ်လို့ မျှော်လင့်တယ် ။ အဲဒီလိုနဲ့ပဲ နှစ်တွေကြာလာပြီ ။အဆင်ပြေတာက နည်းတယ်၊ အဆင်မပြေတာက များတယ် ။
ဒါကြောင့် စိတ်ချမ်းသာတာ နည်းတယ်၊ စိတ်ဆင်းရဲတာ များတယ်။
'တနေ့တော့' ဆိုတဲ့ မျှော်လင့်ချက်နဲ့ နေနေရတယ်။
အဲဒီတနေ့ဆိုတာ ရောက်မလာဘူး။ သူ့နေရာမှာပဲ သူနေတယ်။
ဒါကြောင့် စိတ်ချမ်းသာချင်ရင် အခု စိတ်ချမ်းသာအောင် နေလိုက်မယ်..လို့ ဆုံးဖြတ်ပါ။
စိတ်ချမ်းသာမှုကို အပြင်မှာ မတွေ့နိုင်ဘူး ! . . .
တကယ် စိတ်ချမ်းသာတဲ့သူကို ကြည့်ရင်သူဟာ စိတ်ချမ်းသာမှု ဘယ်မှာရမလဲ ဆိုပြီးလိုက်ရှာမနေဘူး ။
သူ တန်ဖိုးထားတာကို လုပ်နေတယ် ။
စိတ်ချမ်းသာချင်ရင် စိတ်ချမ်းသာစရာကို လိုက်ရှာမနေနဲ့ ။
'စိတ်ချမ်းသာမှု ပေးပါ'လို့ မတောင်းပါနဲ့ ။
ကိုယ်လုပ်ချင်တာကို စိတ်ပါ လက်ပါ လုပ်နေပါ ။
ကိုယ့်ကိုယ်ကို ယုံကြည်ပါ ။
ကိုယ့်အရည်အချင်းကို ကိုယ်ယုံကြည်ပါ ။
ဆရာတော်ဦးဇောတိက ( မဟာမြိုင်တောရ )
No comments:
Post a Comment