စာလုံး
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
Wednesday, November 25, 2015
ဒါကိုလုံးဝ မ​မေ့ထားသင့်​ပါ
★ ဒါကိုလုံးဝ မမေ့ထားသင့်ပါ.. '
အိုသူက မွေး၊ အိုသွေးပါလာ
အိုမှာ မလွဲ   ၊ အိုမြဲ ဓမ္မတာ
ငါသည်လည်း အမှန်ပဲအိုရမှာ။
နာသူကမွေး နာသွေးပါလာ
နာမှာ မလွဲ   နာမြဲ ဓမ္မတာ
ငါသည်လည်း အမှန်ပဲနာရမှာ။
သေသူက မွေး ၊ သေသွေးပါလာ
သေမှာ မလွဲ    ၊ သေမြဲ ဓမ္မတာ
ငါသည်လည်း အမှန်ပဲ သေရမှာ။
......     .....     .....     .....
    🙏အရှင်အာစာရ(ကံယုံ)
Monday, November 23, 2015
မကောင်းမှု နှင့် ကောင်းမှု
# မကောင်းမှုကို ပြုသူသည် ဤပစ္စုပ္ပန်ဘဝ၌လည်း စိုးရိမ်ပူပန်ရ၏။
   နောင်တမလွန်ဘဝ၌လည်း စိုးရိမ်ပူပန်ရ၏။
   ပစ္စုပ္ပန်တမလွန် နှစ်ဘဝလုံး၌ စိုးရိမ်ပူပန်ရ၏။
# ထိုသူသည် မိမိ၏ညစ်ညူးသော အကုသိုလ်ကံကြမ္မာကိုမြင်၍
   စိုးရိမ်ပူပန် ရသည်နှင့်အမျှ ပင်ပန်းရ၏။
   ဤလောက၌ လူဟူ၍ဖြစ်လာပြီး အရွယ်ရောက်လာသည်နှင့်တစ်ပြိုင်နက်
   အလုပ်များကို တစ်ခုမဟုတ်တစ်ခု လုပ်ရတော့မည်ဖြစ်၏။
   အလုပ်ကိုလုပ်သောအခါ နှလုံးသွင်းသည်လည်း မလွဲမသွေပါလာမည်ဖြစ်၏။
   ထိုတွင် အလုပ်ပြီးမြောက်မှုသည် ပဓာနမဟုတ်
   နှလုံးသွင်းကောင်းမှုသည်သာ ပဓာနဖြစ်၏။ ထို့ကြောင့်နှလုံးသွင်းသည်
   မိမိလုပ်သောအလုပ်နှင့်ပတ်သက်၍
   ကောင်းသောနှလုံးသွင်းလည်းရှိ၏။ မကောင်းသောနှလုံးသွင်း     လည်းရှိ၏။
   ကောင်းသောနှလုံးသွင်းဟူသည် မိမိ၏ဘဝကို လောကအတွက် အသုံးချခြင်းဖြစ်၏။
   မကောင်းသောနှလုံးသွင်းခြင်းဟူသည် လောကကို
   မိမိဘဝအတွက် အသုံးချခြင်းဖြစ်၏။
   ထို့ကြောင့် လောကကို မိမိဘဝအတွက် အသုံးချရန် ရည်ရွယ်ချက်ဖြင့်
   လုပ်ငန်းများကိုလုပ်ပါက ထိုလုပ်ငန်း၌ ငါ့အတွက်ဟူသော နှလုံးသွင်းသည်
   အမြဲတမ်းလွှမ်းမိုး၏။ ငါဟူသော ခံယူချက် လွှမ်းမိုးသည်နှင့်အမျှ
   လောကအပေါ် လေးစားသောစိတ်များ မရှိတော့။ “မှုစရာလား”ဟူ၍သာ
   ခံယူထားတော့၏။ ထို့ကြောင့် သူ့ဘဝအတွက် အကျိုးရှိမည်ဆိုလျှင်
   ဘာမဆိုလုပ်ရဲ၏။ တရားသည် မတရားသည်ကို သူမမှု သူမှုသည်ကား
   သူ့ဘဝအတွက် သူ ရည်မှန်းထားသော ရည်မှန်းချက် ပြည့်စုံရေးပင်ဖြစ်၏။
   ထိုရည်မှန်းချက်သာ ပြည့်စုံမည်ဆိုလျှင် လောကပါလ ခေါ် လောကကို
   ဖရိုဖရဲ ဖြစ်မသွားအောင် စောင့်ရှောက်တတ်သော ဟိရီနှင့် သြတ္တပ္ပ
   တရားနှစ်ပါးကိုလည်း အလေးမထားတော့ဘဲ သူလုပ်ချင်ရာကို
   ဇွတ်အတင်းလုပ်မည်ဖြစ်၏။
   လုပ်ငန်းများကိုလုပ်ရာတွင် ထားရှိရမည့် သဘောထားသုံးမျိုးကို
   မြတ်စွားဘုရားသခင်က ဟောတော်မူထား၏။
   ပထမသဘောထားမှာ....မိမိ၏ သိက္ခာကို မိမိကလေးစားရခြင်းဖြစ်၏။
   တစ်သက်လုံးဖုံးသမျှ ကုန်းခါမှ ပေါ်ဟူသောအဖြစ်မျိုး မရောက်ရလေအောင်
   မိမိ၏ ဘဝတစ်လျှောက်လုံး ထိန်းသိမ်းစောက်ရှောက်လာသော
   ဂုဏ်သိက္ခာများ မိမိ၏မျိုးရိုးစဉ်ဆက် ဂုဏ်သိက္ခာများကို
   လေးစားသော သဘောထားဖြင့် လုပ်ငန်းများကို လုပ်ရ၏။
   ဤသဘောထားကို အတ္တာဓိပတိဟုခေါ်၏။
   ဒုတိယထားရှိရမည့် သဘောထားမှာ....လောကာဓိပတိဖြစ်၏။
   လောကာဓိပတိဟူသည် ပတ်ဝန်းကျင်လောကကို လေးစားခြင်းဖြစ်၏။
   ပတ်ဝန်းကျင်လောကတွင် အစဉ်အတိုင်း မိမိ၏ မိသားစု မိမိ၏ ရပ်ရွာ
   မိမိ၏ မြို့နယ် မိမိ၏နိုင်ငံနှင့် ကမ္ဘာတစ်ခုလုံး ပါဝင်၏။
   တစ်နည်းအားဖြင့် ဆိုရလျှင် လူသားအားလုံးပါဝင်၏။
   အမှန်အားဖြင့်  လူတစ်ယောက်သည် လူသားအားလုံး ပါဝင်သော
   လူ့အဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ဦးဖြစ်လေရာ တစ်ဦးချင်းကောင်းပါမှ
   လူ့အဖွဲ့အစည်းတစ်ခုလုံး ကောင်းပေမည်။ ထို့ကြောင့် လူတစ်ဦးတစ်ယောက်သည်
   ပတ်ဝန်းကျင်လောက၏ ငြိမ်းချမ်းသာယာရေးအတွက် တာဝန်ရှိပါ၏။
   သို့ဖြစ်၍ မိမိနှင့်ပတ်သက်ပြီး ပတ်ဝန်းကျင်လောက၌ နစ်နာမှုမရှိရလေအောင်
   ပတ်ဝန်းကျင်ကို လေးစားရခြင်းဖြစ်ပါ၏။
   တတိယထားရှိရမည့် သဘောထားသည် ဓမ္မာဓိပတိဖြစ်၏။
   ဤ၌ ဓမ္မသည် အရာကျယ်၏။ သံသရာတွင်းနှင့်လည်း ပတ်သက်၏။
   သံသရာလွန်နှင့်လည်း ပတ်သက်၏။ လောကနှင့်လည်းပတ်သက်၏။
   လောကုတ္တရာနှင့်လည်း ပတ်သက်၏။ တစ်ဦးချင်းလည်း ပတ်သက်၏။
   လောကတစ်ခုလုံးနှင့်လည်း ပတ်သက်၏။ ထို့ကြောင့် ဆိုင်ရာ ဆိုင်ရာ
   သတ်မှတ်ထားသော ကိုယ်ကျင့်သိက္ခာများ ကုသိုလ်ကောင်းမှုများ
   တရားဓမ္မကျင့်စဉ်များကိုလည်း လေးစားအပ်၏။
   အနက်အဓိပ္ပါယ်အားဖြင့် ဓမ္မဟူသည် ကောင်းသော သဘောကို
   ဆောင်ပါမှ ဓမ္မမည်၏။ မိမိတို့၏ အယူအရ ကောင်းသည်ဟု
   သတ်မှတ်ထားရုံမျှနှင့်တော့ ဓမ္မ မဟုတ်။ ဓမ္မဟူသည် တဏှာ မာန
   ဒိဋ္ဌိတို့ကို ပါးနိုင်သမျှ ပါးအောင် လုပ်နိုင်သော သဘောရှိမှသာ
   စစ်မှန်သောဓမ္မ မည်၏။ ထို့ကြောင့် ဓမ္မာဓိပတိအရ တရားကို
   လေးစားခြင်းဟူသည်မှာ လုပ်ငန်းများကို လုပ်ရာ၌ မိမိ၏ တဏှာ
   မိမိ၏ မာန မိမိ၏ ဒိဋ္ဌိတို့ကို ပါးနိုင်သမျှ ပါးအောင် ဆောင်ရွက်ခြင်းဖြစ်၏။
   တစ်နည်းအားဖြင့် ဆိုရလျှင် မိမိ၏အတ္တကို ပါးနိုင်သမျှ ပါးအောင်
   လုပ်ခြင်းပင်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် အတ္တဟူသည်
   တဏှာဖြင့် စွဲသောအတ္တလည်းရှိ၏။ မာနဖြင့်စွဲသော အတ္တလည်းရှိ၏။
   ဒိဋ္ဌိဖြင့်စွဲသော အတ္တလည်းရှိ၏။ သို့ဖြစ်၍ အတ္တပါးလျှင် တဏှာ မာန ဒိဋ္ဌိ
   တို့လည်း အထိုက်အလျောက် ပါးသောကြောင့် ဓမ္မာဓိပတိအရ အတ္တပါးအောင်
   လုပ်ခြင်းသည် တရားကို လေးစားခြင်းမည်၏ဟု ဆိုခြင်းဖြစ်၏။
   မိမိ၏ ဘဝသက်တမ်းတစ်လျှောက် လုပ်ငန်းများကို လုပ်ရာတွင်
   ဓမ္မာဓိပတိသဘော ပါဝင်မှု ရှိ မရှိကို သေခါနီးကာလ၌ ပြ၏။
   သေခါနီးကာလတွင် ကံနိမိတ် ကမ္မနိမိတ် ဂတိနိမိတ် တည်းဟူသော
   နိမိတ်သုံးပါးတို့တွင် တစ်ပါးပါးသည် မလွဲမသွေ ထင်ရ၏။
   ကံသည် ဓမ္မနိယာမအရ မိမိနှင့်တူသောအကျိုးကိုပေး၏။
   ကံကို လိမ်ညာ၍မရ။ မိမိအနေဖြင့် မိမိလုပ်သော အမှုကို
   ပုထုဇဉ်တို့၏ ဓမ္မတာအရ အကောင်းဟူ၍ချည်း ထင်လေရာ
   မိမိ၏အထင် မှန် မမှန်ကို သေခါနီးကာလ၌ သိရ၏။      ။
                                                  ဦးရွှေအောင်-ဓမ္မပဒ
အားလုံးကိုယ်စိတ်နှစ်ဖြာဘေးရန်ကွာ၍ ကျန်းမာချမ်းသာကြပါစေ။
ရန်သူဘေးမှ လွတ်နိုင်တဲ့ ကြားရခဲသော စကား၎ခွန်း
ဟိုရှေ့လွန်လေပြီးသောအခါက ကြွေအန်ကစားရာတွင် အလွန်ဝါသနာကြီးသော ဘုရင်တစ်ပါးရှိပါတယ်။ အဲဒီ ဘုရင်ကြီးမှာ ဝိဓူရအမည်ရှိတဲ့ ပညာရှိအမတ်ကြီး တစ်ဦးလဲရှိပါတယ်။ ဘုရင်ကြီးက သူရဲ့ပညာရှိအမတ်ကြီးကို အရမ်းချစ်ခင်မြတ်နိုးတော် မူပါတယ်။
တစ်နေ့မှာ ဘုရင်ကြီးက ဥပုသ်စောင့်ရင်း ဥယျာဉ်တော်ထဲမှာ တရားထိုင်နေပါတယ်။ အဲဒိအချိန်မှာ ဘုရင်ကြီးရဲ့ မိတ်ဆွေတွေဖြစ်တဲ့ သိကြားမင်း၊ နဂါးမင်း ၊ဂဠုန်းမင်းတွေလဲ ဥယျာဉ်ထဲ ရောက်လာကြတယ်။ မိတ်ဆွေတွေစုံမိတော့ စကာတွေ ပြောကြတာပေါ့။ သူတို့ရဲ့ အသီးသီး စောင့်ထိန်းတဲ့ သီလတွေကိုပြောပြီး ဘယ်သူစောင့်ထိန်းတဲ့သီလက ပိုမြတ်သလဲဆိုတာ ပြောကြတာပေါ့။ ဘယ်သူက ပိုမြတ်မှန်း မင်း၎ပါးလုံး အဖြေမထုက်နိုင်ကြပါဘူး။ အဲဒိတော့ ပညာရှိ ဝိဓူရအမတ်ကြီးကို မင်းကြီးက ခေါ်ပြီးဆုံးဖြတ်ပေးခိုင်းပါတယ်။ ဒိအခါမှာ ပညာရှိအမတ်ကြီးက မင်းကြီးတို့လေးပါးလုံး စောင့်ထိန်းတဲ့သီလ၏ အဓိကပန်းတိုင်ကတော့ နိဗ္ဗာန်တစ်ခုထဲဖြစ်လို့ မြတ်တာချင်း တူတူပါပဲလို့ တရားဟောပြပြီး ဆုံးဖြတ်ပေးလိုက်ပါတယ်။ ဒိအခါမှာ အမတ်ကြီးရဲ့ သမာသမတ်ကျကျ ဆုံးဖြတ်ပေးတာကို သဘောကျပြီး သကြားမင်း က ဘွဲ့ဖြူပုဆိုး၊ ဂဠုန်မင်းက ရွှေပန်းခိုင်၊ နဂါးမင်းက ပတ္တမြား၊ ဘုရင်ကြီး ကလဲ ဆင်မြင်း စသည် တို့ဖြင့် ပညာရှိအမတ်ကြီးကို ဆုတွေပေးကြတာပေါ့။
အဲဒိလိုနဲ့ နဂါးမင်းကြီးက သူပတ္တမြားကြီးကို ပေးခဲ့ပြီး နဂါးပြည် ပြန်သွားတဲ့အခါမှာ နဂါးမိဘုရားကြီးက မေးတာပေါ့။ ဒိတော့ နဂါးမင်းကြီးက ပတ္တမြားကြီးကို လူ့ပြည်က ပညာရှိအမတ်ကြီးအား ဓမ္မပူဇာအနေနဲ့ ပူဇော်ခဲ့ကြောင်း ပညာရှိအမတ်ကြီးတရားက နာလိုအလွန်ကောင်းပုံ စတာတွေကို ပြောပြပါတယ်။ အဲဒိလိုတွေကြားပြီး မိဘုရားကြီးက ဝိဓူရထံမှာ တရားနာလိုစိတ်တွေ ဖြစ်ပေါ်လာပါတော့တယ်။ ဒါပင်မယ့် အမတ်ကြီးကို နဂါးပြည်ခေါ်ဖို့ ကလဲ မဖြစ်နိုင်ဘူးတဲ့။ ဒိတော့ နဂါးမိဘုရားကြီးက အကြံထုက်ပါတော့တယ် ဘယ်လိုထုက်လဲဆိုတော့ ပညာရှိအမတ်ကြီး ဝိဓူရ၏ အသဲနှလုံးကို စားချင်ပါတယ် မစားရရင် သေရပါတော့မယ်လို့ပြောပြီး အိပ်ရာပေါ်မှာ လှဲပြီးနေတော့တာပေါ့။ နဂါးမင်းကြီးက မိဘုရားကြီးအတွက် စိုးရိမ်သောက ဖြစ်နေရရှာပါတယ်။ ဒါကိုနဂါးမင်းသမီးလေး ကြားသွားတော မိခင်မိဘုရားကြီးအတွက် ဝိဓူရ၏၊ အသဲနှလုံးကိုယူရန် လူပြည်သွာဖို့ နဂါးမင်းကြီးထံ ခွင့်တောင်းပါတယ်။
သညာ
ဆရာတော်ဘုရားကြီးဧ။် အဆုံးအမတရားတော်များ
❀ သညာဆိုတာ မှတ်တမ်းတင်တဲ့ စနစ်တစ်ခုပဲ။ အဲဒီမှတ်တမ်းတင်ထားသည့်အတိုင်း နောက်ထပ် ပြန်ပြီးတော့ သိနေတာ။ နောက်တစ်ခါသိရင် နောက်တစ်ခါထပ်ပြီး မှတ်တမ်းတင်ပြန်တယ်။
❀ အဲဒီသညာက ဘယ်လို ဒုက္ခပေးတုန်းဆိုတော့ တစ်ခါတစ်ရံကျရင် သူက ကောင်းတယ်လို့ ကြိုက်တယ်လို့ မှတ်တမ်းတင်ထားတဲ့အခါ ဝေဒနာက ခံစား၊ ဝေဒနာက ခံစားတဲ့အခါ တဏှာက သဘောတွေကျပြီးတော့ မရ' ရအောင် မလုပ်ဘူးလား၊ လုပ်တယ်။ ဟော...ဒါ သူ့ကြောင့် ဒုက္ခရောက်ရပြန်တာပဲလေ။
❀ အကယ်၍ သူက မှတ်တမ်းတင် မထားဘူးဆိုရင် နောက်ထပ်လိုချင်တယ်ဆိုတာ ဖြစ်ပါ့မလား၊ မဖြစ်ဘူး။ ဒီအသံလေးတော့ သာယာလိုက်တာ နောက်ထပ် နားထောင်ချင်တယ်ဆိုတာ သညာက မှတ်တမ်းတင်ပေးထားလို့ပေါ့၊ ဟုတ်တယ်မို့လား။သညာက ဒုက္ခပေးနေတာ။
❀ တစ်ခါတစ်ရံကျတော့ သညာက အမှားကို မှတ်ထားသည့်အတွက်ကြောင့် ဒုက္ခ ရောက်ရတာရှိသေးတယ်။
❀ ကြည့်လေ စာခြောက်ရုပ်ကြီးကို လူထင်ပြီးတော့ စာကလေးတွေ လန့်ကြ၊ သမင်လေးတွေ လန့်ကြ၊ လူတွေက ပုံသဏ္ဍာန်လုပ်ထားတဲ့ မြားကို ကြည့်ပြီးတော့ ကျီးကန်းတွေ ကြောက်ကြတာ။ ဟော သညာရဲ့ ခြောက်လှန့်မှုတွေ မခံစားကြရဘူးလား၊ ခံစားကြရတယ်။
❀ တစ္ဆေကြောက်တတ်သူတစ်ယောက် အမှောင်ထဲမှာ သစ်ငုတ်တိုကို မြင်ရင်၊
မဲမဲမြင်ရင် တစ္ဆေထင်ပြီးတော့ လန့်ပြေးတာမျိုးရော မဖြစ်တတ်ဘူးလား။ အေး သညာရဲ့ ဒုက္ခပေးမှုတွေက လောကမှာ အများကြီးပဲတဲ့။
❀ သညာရဲ့ မှတ်တမ်းတင်မှုကြောင့် လူတွေ ကြိုက်မကြိုက် ပေါ်လာတာ။ ကြိုက်မကြိုက် ပေါ်လာသည့်အတွက်ကြောင့် ထို ကြိုက်တာကို ခံစားပြီး မကြိုက်တာကို မုန်းတီးတယ်ဆိုတဲ့ ပြဿနာတွေ တက်မလာဘူးလား၊ တက်လာတယ်။
❀ သညာဆိုတာ ကြည့်နော်၊ မှန်တဲ့အတိုင်း မှတ်တမ်းတင်ချင်မှ တင်တာ၊ ဆင်ဆင်တူလို့ရှိရင် သူက မှားယွင်း ချွတ်ချော်မှုတွေ အများကြီးရှိတယ်။
#{ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ}
“ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ ဆရာတော်” စာမျက်နှာမှကူးယူဖေါ်ပြပါသည်။
သင်္ဂဟတရား
“သင်္ဂဟတရားလေးပါး”
*************************
တစ်ပါးသူတို့အားချီးမြှင့်ခြင်းကို“သင်္ဂဟ”ဟု ခေါ်၏။ ဤသင်္ဂဟတရားထွန်းကားမှ လောကကြီး သာယာငြိမ်းချမ်း၏။ အခြေအနေအားလျော်စွာ သင်္ဂဟတရားတို့ကို ကျင့်သုံးသော ပုဂ္ဂိုလ်တို့သည် ကြီးပွားချမ်းသာကြ၏။ တစ်ဦးနှင့်တစ်ဦး ဆက်ဆံကြရာတွင် ဤသင်္ဂဟတရားများသည် အလွန် အရေးကြီးသော တရားများဖြစ်ကြ၏။ ချီးမြှင့်ခြင်း သင်္ဂဟ တရားသည် လေးမျိုးရှိသည်။
ယင်းတို့မှာ-
၁။ ဒါန = ပေးကမ်းထောက်ပံ့ခြင်းဖြင့် ချီးမြှင့်ခြင်း၊
၂။ ပေယျဝဇ္ဇ = ချစ်ဖွယ်စကား ပြောဆိုခြင်းဖြင့် ချီးမြှင့်ခြင်း၊
၃။ အတ္ထစရိယာ = သူ့အကျိုးပြီးမြောက်အောင် ဆောင်ရွက် ပေးခြင်းဖြင့် ချီးမြှင့်ခြင်း၊
၎။ သမာနတ္တတာ = ကိုယ်နှင့် ထပ်တူ ပြုမူ ဆက်ဆံခြင်း အားဖြင့် ချီးမြှင့်ခြင်း - တို့ဖြစ်သည်။
လင်္ကာ။ ။ ပေးကမ်းချစ်ဖွယ်၊ စကားကြွယ်၍၊ သူ့ဝယ်ကိစ္စ၊ ကြုံတွေ့ကမူ၊ ကြောင့်ကြကြီးစွာ၊ ကူညီကာဖြင့်၊ သွားလာနေမှု၊ တန်းတူပြုသည်၊ ၀တ္ထုသင်္ဂဟ လေးမျိုးတည်း။
Sunday, November 22, 2015
စိတ်​၏သဘာဝ ​လေးချက်
🏂 စိတ်၏သဘာဝ လေးချက် 🏄'
၁. ပွဲကျ စွဲကြ တကယ်ပဲမထချင်သလိုလို
    အစအဆုံး တစ်ညလုံးနေလို
    ဘုရားအကြိုက် တရားစိုက်တော့
     ခါးကိုက်သလိုလို
     သြော်.. အကျိုးမဲ့ ဆိုးတဲ့
                ဟောဒီကိုယ်..။
၂. အရပ်စကား ဇာတ်စကား
  တဟားဟားနေလို
    သူုအတင်း ငါ့အတင်း
ခုမငြင်း ပြောဆို.
     ဘုရားစကား တရားစကား
နားခါးသလိုလို .
သြော် .. အကျိုးမဲ့ ဆိုးတဲ့ ဟောဒီကိုယ် ။
၃. ပျော်ပွဲရွှင်ပွဲ နင်ပဲခေါင်ဗိုလ်
    သူမရ ငါမရ တိုးကြရှေ့ကို
    တရားကျ အနားမကြွ အဖျားကချောင်ခို..
သြော်. အကျိုးမဲ့ ဆိုးတဲ့ဟောဒီကိုယ်..။
၎. မင်းသမီး မင်းသား သီချင်းသား ဘယ်လို..
    ရယ်လုံး ပြက်လုံး တစ်သက်လုံး မမေ့သကို..
    ဟောသမျှ ပြောသမျှ သောတမနာလို
သြော်.. အကျိုးမဲ့ ဆိုးတဲ့ဟောဒီကိုယ်။ ..။..။
   _/|\_ အမရပူရမြို့. ပထမ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး ရေးစပ်ဆုံးမတော်မူသော လင်္ကာ....
အပင်​ရှိမှအရိပ်​ရ
@@[0:[151121624993153:1: ​🌲အပင်​ရှိမှ အရိပ်​ရ🌲]]@[151121624993153:]
     လူတန်းစားအမျိုးမျိုးက​နေ ​မွေးဖွားပြီး သာသနာ့​ဘောင်​​ရောက်​လာကြတဲ့ ကိုရင်​​လေး​တွေထဲမှာ အနှစ်​ထည့်​မှာ​တွေလဲ ရှိပါတယ်​။ အနှစ်​မဲ့​တွေလဲ ရှိပါလိမ့်​မယ်​။    ကိုရင်​က​လေး​တွေ ​ဘောလုံးကန်​ချင်​ ကန်​ပါ​စေ။ ဆရာသမား​တွေထံက​နေ ဘုရားစကား​တွေ တစ်​​နေ့တစ်​လုံးပဲဖြစ်​ဖြစ်​ ... တစ်​​နေ့တစ်​ခါပဲ ဘုရားရှိခိုးတယ်​ဆိုဆို ဒီက​လေး​တွေကိုက ပရိယတ်​အနှစ်​.. ပဋိပတ်​အနှစ်​​​တွေ ထည့်​​နေတာပါပဲ။
     အနှစ်​ မထည့်​တာ​တွေ .. အနှစ်​မတည်​တာ​တွေလဲ ​လေမုန်​တိုင်း​တွေ​ကြောင့်​ ကျိုး​ကြေ ပျက်​ပြား လဲကျသွားမှာပါ။  ဒါ​ကြောင့်​မို့ ပထမဆုံးအဆင့်​အ​နေနဲ့ သာသနာ့​ဘောင်​မှာ ကိုရင်​ငယ်​က​လေး​တွေကို ​ပျော်​​အောင်​ ​မွေးထားရမှာ ဖြစ်​ပါတယ်​။
     အခု ဒကာကြီးတို့က ဆရာအဖြစ်​နဲ့ ကိုးကွယ်​ခွင့်​ရကြတဲ့ ဆရာ​တော်​ကြီး​တွေဟာ ဒကာကြီးတို့ မိဘ၊ ဘိုးဘွားများ လက်​ထက်​က ကိုရင်​ငယ်​​လေး​တွေပဲ ဖြစ်​ခဲ့ကြမှာပါ။ ဒကာကြီးတို့ သား​တွေ သမီး​တွေ​ခေတ်​ကို ​မျှော်​ကြည့်​လိုက်​ရင်​ အခုကိုရင်​ငယ်​​လေး​တွေက သာသနာ​တော်​ရဲ့ အသက်​ပဲဆိုတာ မြင်​ရမှာပါ ဒကာကြီး..။
🌱🌴🌱🌴🌱🌴🌱🌴
      ဤသည်​တို့ကား ​ကျေးဇူ့​တော်​ရှင် တိပိ​ဋကဓရဓမ္မဘဏ္ဍာဂါရိက မင်းကွန်းဆရာ​တော်​ကြီးက ထိုစဉ်​အခါ နိုင်​ငံ​တော်​အကြီးအကဲ ဒကာကြီးတစ်​ဦးအား ​ဟောကြားချီးမြှင့်​ခဲ့​သော သြ၀ါဒတရား​​တော်​များဖြစ်​ပါသည်​..။
Friday, November 20, 2015
ပျော်​တယ်​ဆိုတာ
😊ပျော်တယ်ဆိုတာ 😊
တစ်ခါက နိုင်ငံခြားသား ရဟန်းယောဂီ တစ်ပါးကို အင်တာဗျူး လုပ်တဲ့သူက မေးပါတယ်..။
** အရှင်ဘုရား ဘ၀မှာ ပျော်ပါရဲ့လား ** တဲ့ ။
ရဟန်းတော် ဖြေလိုက်ပုံက ➳ ➳  ပျော်တယ်ဆိုတာ အ၀ိဇ္ဇာ အဖုံးခံနေရတဲ့ သူတွေသာ ပျော်တာပါ..'
... တဲ့..
  ပျော်တယ်ဆိုတာ မသိလို့ ပျော်တာပါ..။ မီးလောင်နေမှန်း မသိလို့ ပျော်နေကြတာ..။ သိရင် မပျော်တော့ပါဘူး..။  မပျော်ချင်တော့ပါဘူး..။
((လောကအပျော်မျိုးကို ဆိုလိုသည် ))
        ** ဆင်းရဲကိုမြင် မလိုချင် မဂ္ဂင်တရားမြတ်..။
** မလိုချင်မှ ဆင်းရဲက မုချ လွတ်မည်မှတ်..။ '
     ဆင်းရဲခြင်း ဒုက္ခသစ္စာကို တကယ်မြင်.. တကယ်သိရင် ဘာမှမလိုချင် .. မပျော်ချင်တော့ပါဘူး ။   မီးအလောင် မခံတော့ပါဘူး.. ။ ဒါဟာ ဓမ္မသဘောပါပဲ..။
   တကယ်တော့ လူ့ ခန္ဓာအိမ်ဆိုတာဟာ အမျိုးမျိုးသော မီးတောက် မီးလျှံတွေ မပြတ်တမ်း ဆိုသလို စွဲလောင် နှိပ်စက်ခံရာ ဌာနကြီးတစ်ခုမျှသာ ဖြစ်ပါတယ်။
    မီးတွေကလဲ နည်းနည်း နောနော မဟုတ်..။ ( ၁၁ ) မျိုးတောင်မှပါ..။
ဇာတိမီး
ဇရာမီး
မရဏမီး
လောဘမီး
ဒေါသမီး
မောဟမီး
သောကမီး
ပရိဒေ၀မီး
ဒုက္ခမီး
ဒေါမနဿမီး
ဥပါယာသမီး... တို့ပါပဲ..။..။
     ✨ဆရာတော်အရှင်အာစာရ
                 (( ကံယုံ ))
ဒေါသ၏အ​ကျိုး​ပေး
⚡ ဒေါသဟူသည် စိတ်၏ အကုသိုလ် တစ်ခုဖြစ်သည်..'
            ✏ ( ဖူးလား )
   သာကီဝင်မင်းများနှင့် တကွ ၀ိဋဋူပမင်းသားတို့ ပျက်စီးဆုံးရှုံးကြရသည်မှာ  ဒေါသနှင့် မာနတို့က အရင်းခံပင်ဖြစ်သည်..။'
   ကောသလမင်းကြီးသည် ဗုဒ္ဓနှင့် ဆွေမျိုးတော်စပ်ချင်လှသဖြင့် သာကီဝင်မင်းများထံ မင်းသမီးတစ်ပါးကို တောင်းရာ  မာနခက်ထန်လှသော ' သာကီဝင်များက ကျွန်မတစ်ယောက်ကိုသာ မင်းသမီးဟု လိမ်ညာပြီး ဆက်သလိုက်လေသည်..။
   ကောသလမင်းကြီးမှာ မသိရှာဘဲ မိဖုရားမြှောက်ပြီးနောက် သားတစ်ယောက်ရလေသည်..။   ၀ိဋဋူပဟု အမည်တွင်သည်..။
   တစ်နေ့တွင် အမေ့ဘက်မှ ဆွေမျိုးများကို တွေ့ချင်သည်ဆိုကာ သာကီဝင်တို့၏ ကပိလ၀တ်နေပြည်တော်သို့ သွားလေသည်..။   ရောက်သောအခါ သာကီဝင်မင်းတို့၏ ထုံးစံအတိုင်း ကြီးသူကို ငယ်သူက ၀တ်ချရှိခိုးကြရသည်..။ ထိုအခါ ၀ိဋဋူပမင်းသားမှာ သူကချည်းရှိခိုးနေရသည်..။   သူရှိခိုး ခံရမည့် သူ့ထက်လက်အောက်ငယ်သားများကို မတွေ့ဖြစ်နေသည်..။
   အဘယ်ကြောင့်ဆိုသော် ကျွန်မ၏သား ဖြစ်သော ၀ိဋဋူပကို ရှိမခိုးစေနိုင်ရန်အတွက် ၀ိဋဋူပအောက် ငယ်သော သာကီဝင်များကို ကျူတောထဲတွင် ပုန်းအောင်းခိုင်းထားသောကြောင့် ဖြစ်ပါသည်..။
   ထိုမျှမကသေး ၀ိဋဋူပ ပြန်သွားသောအခါ ကျွန်မသား ထိုင်သွားသော နေရာ မသန့်ဟုဆိုကာ နို့ရည်နှင့် ဆေးလိုက်ကြသေးသည်..။
အကြောင်းစုံ သိသွားသော ၀ိဋဋူပ၏ ဒေါသကား တစ်ကိုယ်လုံးသို့ ပျံ့နှံသွားလေပြီ..။
   ထို့နောက် မင်းအဖြစ်သို့ ရောက်သောအခါ စစ်သည်အင်အား ကောင်းသည်နှင့် သာကီဝင်မင်းတို့ထံ ချီတက်၍ သာကီဝင်မျိုး မှန်သမျှ အကုန်သတ်လေတော့သည်..။ ဗုဒ္ဓသုံးကြိမ်တိုင် တားသော်လည်း မရနိုင်တော့ပါ..။
   လူများကိုသာမက သူ့ထက်ငယ်သော သာကီဝင်များ ပုန်းအောင်းခဲ့သည့် ကျူပင်တောကိုပင် ကျူငုတ်မှမကျန်အောင် သုတ်သင်လေတော့သည်..။
   ကျူပင်ခုတ် ကျူငုတ်ပါမကျန်စေရ ဟူသော စကားပုံသည် ဤဗုဒ္ဓ၀င်ကပင် စလာလေသလောဟု ထင်မှတ်ရသည်..။
   သာကီဝင်များကို အားရအောင် သတ်ပြီးသည်နှင့် တပ်ခေါက်ကာ ပြန်လာခဲ့သော ၀ိဋဋူပမင်းသားသည် တပ်သားများနှင့် တကွ မြစ်ပြင်သဲခုံပေါ်တွင် စိတ်ချလက်ချ အိပ်နေခိုက် တက်လာသော မြစ်ရေများက ၀ိဋဋူပနှင့်တကွ တပ်သားအားလုံးတို့၏ အသက်ကို ယူဆောင်သွားလေတော့သည်..။
   မာနဖြင့် ဒေါသတို့၏ ဆိုးပြစ်ကား ကြီးမားလှပေစွ..။
    ⚡ ဖျက်ဖျက်စီးစီး လောင်သည်မီးသို့
နီးစပ်ရာရာ ပရိဝါနှင့်
ဥာတကာဆွေမျိုး ပျက်စီးစေ၏။
ရေနိမ့်ရာစီး မီးမြင့်ရာလောင်
ဆိုသောယောင်သို့ မရှောင်စိတ်က
မျက်ဒေါသနှင့် မာနလွန်စွာ
ဖြစ်လေရာ၏..။ '
         📝(( မဃဒေ၀-၂၃၅))
  🌺မေတ္တာရှင် (ရွှေပြည်သာ ))
မေတ္တာအစွမ်းအံ့မခန်း စာအုပ်မှ။
သံ​ဝေဂဥာဏ်
    နိမိမင်းကြီးသည်​ နံနက်​စာ စား​တော်​ပွဲတည်​ပြီး​နောက်​ ပြာသာဒ်​ထက်​သို့တက်​၍ ​လေသာပြတင်းကို ဖွင့်​လျှက်​ လမ်းခရီးကို ကြည့်​ရှု့​တော်​မူ၏ ။
   ထိုသို့ကြည့်​​နေစဉ်​ စွန်​တစ်​​ကောင်​၏​နောက်​သို့ စွန်​အများ ၀ိုင်းအုံလိုက်​​နေကြသည်​..။     အလိုက်​ခံရ​သောစွန်​သည်​ မိမိချီယူခဲ့​သော အရာဝတ္ထုကို စွန့်​ပစ်​၍ အခြားသို့ ထွက်​​ပြေးသွား​လေ၏.။
   ပထမစွန်​ စွန့်​ပစ်​ခဲ့​သော အရာဝတ္ထုကို ဒုတိယစွန်​တစ်​​ကောင်​က ချီယူပြန်​၏..။   ထိုစွန်​ကိုလည်း အခြားစွန်​များက ၀ိုင်းဝန်းထိုးဆိတ်​ကြပြန်​သဖြင့်​ ဒုတိယစွန်​သည်​ ထိုအရာကို စွန့်​ပြစ်​ထွက်​​ပြေးရပြန်​၏..။
   ဒုတိယစွန်​ စွန့်ပစ်​လိုက်​​သောအရာကို တတိယစွန်​က ချီယူပြန်​၏..။   ထိုစွန်​ကိုလည်း အခြားစွန်​များက ၀ိုင်းဝန်း ထိုးဆိတ်​ကြပြန်​သဖြင့်​   ချီယူမိ​သောအရာကို စွန့်​ပစ်​၍ ထွက်​​ပြေးရပြန်​၏..။
   မင်းကြီးသည်​ တစ်​​ကောင်​မှ တစ်​​ကောင်​လက်​ အလုခံရ​သော ထိုအရာကို ​သေချာစွာ ကြည့်​ရှု့​တော်​မူ​သောအခါ သားတစ်​ ဖြစ်​​နေမှန်း သိရလျှင်​ သံ​ဝေဂဥာဏ်​ ပွင့်​​တော်​မူလာ​လေသည်​..။    သားတစ်​သည်​ သိန်းစွန်းငှက်​တို့၏ ကာမ၀တ္ထုတည်း..... ။   ကာမ၀တ္ထုကို ဆက်​ခံ​သောစွန်​ငှက်​သည်​ ဆင်းရဲရ၏..။  သူတစ်​ပါး အညှဉ်းဆဲကို ခံရ၏..။ စွန့်​ပစ်​​သောအခါ ချမ်းသာ​လေ၏..။
   ဤစွန်​ငှက်​များနည်းတူ ကာမဂုဏ်​ငါးပါးကို စွန့်​ပစ်​နိုင်​​သော သူသည်​ ချမ်းသာရ၏..။   ကာမ၀တ္ထုဟူသည်​ တစ်​ဦးတည်း ပိုင်​ဆိုင်​​သော အရာမဟုတ်​.. အများပိုင်​ဆိုင်​​သော အရာဖြစ်​၏..။   အများပိုင်​ဆိုင်​​သော အရာကို တစ်​ဦးတည်​ပိုင်​ အမှတ်​ဖြင့်​ သိမ်းပိုက်​မိ​သော သူကား ဆင်းရဲရမည်​ မလွဲတည်း... ။
  ငါသည်​ ဆင်းရဲခြင်း၏ အ​ကြောင်းဖြစ်​​သော ကာမ၀တ္ထုကို စွန့်ပစ်​၍ တရားရှု့​ပေအံ့ဟု ဆင်​ခြင်​ကာ ၀ိပဿနာ ကမ္မဋ္ဌာန်း စီးဖြန်းပွားများ​သော​ကြောင့်​ ထို​နေရာ၌ပင်​ ပ​စ္စေကဗုဒ္ဓါအဖြစ်​သို့ ဆိုက်​​ရောက်​​တော်​မူ​လေ၏..။
   ပ​စ္စေက​ဗုဒ္ဓါအဖြစ်​သို့ ​ရောက်​ပြီး​သော မင်းကြီးသည်​ အနီး၌ခံစား​နေကြ​သော အမတ်​တို့အား **** ငါ ပ​စ္စေက​ဗုဒ္ဓါ ဖြစ်​ပြီ.... ဟု မိန့်​​တော်​မူ​လေသည်​..။
အမတ်​များက...
               """" အရှင်​မင်းကြီး .. ပ​စ္စေက​ဗုဒ္ဓါ ဟူသည်​ အရှင်​ကဲ့သို့ မင်းဝတ်​တန်​ဆာနှင့်​ မဟုတ်​ပါ..။ ဖန်​ရည်​စွန်း​သော အ၀တ်​ဖြင့်​ ဦးပြည်းပုဂ္ဂိုလ်​များ ဖြစ်​ကြပါသည်​... "" ဟု​လျှောက်​၏...။
   ထိုခဏ၌ မင်းကြီးသည်​ လက်​အုက်​ကိုချီ၍ ဦး​ခေါင်းကိုသုံးသပ်​​တော်​ မူလိုက်​ရာ လူ့အသွင်​ ကွယ်​​ပျောက်​၍ ရဟန်းအသွင်​ ​ရောက်​လာပြီးလျှင်​ ​ကောင်းကင်​၌ရပ်​၍ အမတ်​တို့အား ဆုံမစကား ​ပြောကြား​တော်​မူ​လေသည်​..။
   ထို့​နောက်​  ​ကောင်းကင်​ခရီးဖြင့်​ ပ​စ္စေက​ဗုဒ္ဓါ အရှင်​မြတ်​များ သီတင်းသုံး​တော်​မူရာ နန္ဒမူလိုဏ်​ဂူသို့ ကြွသွား​တော်​မူ​လေသတည်း...။
   }}**သတ္တကနိပါတ်​၊ ကုမ္ဘာရဇာတ်​*{{
လောဘတဏှာ
ယေစိ​ပေဇဟန္တိကာမရာဂံ ၊
ဘ၀ရာဂါနုသယဉ္စ​မောဟံ။
နစ​တေပုနဥ​ပေန္တိ
ပရိနိ​ဗ္ဗာနဂတာသီတိဘူတာ..။..။
   ခန္ဓာကိုယ်​၌ စွဲလမ်းတပ်​မက်​​သော ​လောဘတဏှာကို ပယ်​စွန့်​နိုင်​သူသည်​ ဘ၀အမျိုးမျိုးကို တပ်​မက်​​သော ​လောဘတဏှာနှင့်​ ​မောဟကိုပါ ပယ်​စွန့်​နိုင်​၍ တစ်​ဖန်​ ပဋိသ​န္ဓေမ​နေရ​တော့ဘဲ နိ​ဗ္ဗာန်​သို့ ​ရောက်​ရ၏..။..။
            🍁ဓမ္မသင်္ဂဟပါဠိ​တော်​ 🍁