စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, November 12, 2015

ချစ်ခြင်း နှစ်ခြင်း

ချစ်ရာမရောက် နှစ်ရာရောက်
ချစ်ရာမရောက် နှစ်ရာရောက်
===================
       တကဟ်တမ်းအားဖြင့် ဆိုရလျှင် ချစ်ခြင်း
နှင့် နှစ်ခြင်းသည် ရောထွေးနေတတ်၏။ မိမိ
ကိုယ်ကို မိမိချစ်လျှင် မိမိ၏ကောင်းစားရေးကို
မိမိကဆောင်ရွက်ရသည်။ မိမိ၏ ကောင်းစား
ရေးအတွက် ပစ္စုပ္ပန် ကောင်းစားရေးနှင့် တမ
လွန်ကောင်းစားရေး နှစ်မျိုးလုံးပါဝင်၏။ နှစ်မျိုး
စလုံးပါဝင်မှလည်း မိမိကိုယ်မိမိ တကယ်ချစ်
ရာ၏။ တမလွန်ကောင်းစားရေးကို မျက်ကွယ်
ပြုပြီး ပစ္စုပ္ပန် ကောင်းစားရေးနှင့် ပစ္စက္ခ မြင့်
မားရေး သို့ သာ ဦးတည်ဆောင်ရွက်လျှင်လည်း
ထိုကဲ့သို့ သော ဆောင်ရွက်ခြင်းမျိုးသည် မိမိ
ကိုယ်ကို ချစ်ရာမရောက်ဘဲ နှစ်ရာရောက်သော
ဆောင်ရွက်ခြင်းမျိုးပင် ဖြစ်၏။

ဆရာကြီးဦးရွှေအောင် လောကသားတို့ ၏
အနှိုင်းမဲ့ကျေးဇူးရှင်(စာ - ၂၁၀)

No comments:

Post a Comment