🍃သတိရသင့်ပြီ 🍃
⚡အ၀ိဇ္ဇာ တဏှာ မိုးရယ်နှင့်
စိတ်နာဖွယ် ခန္ဓာပျိုးခဲ့ရ
မသာမျိုး သတ္တ၀ါ ။။
ဖြစ်သမျှမှာတော့
ညစ်လှတာ ပယ်လှန်မချိုးနိုင်ဘူး
သံယောဇဉ် ဆယ်တန်ကြိုးတွေနှင့်
ပတ်ပိုးကာ နှောင်ချည်တုပ်လေတော့
မလှုပ်နိုင် သံသာကျောမှာဖြင့်
မောလို့ပူဆာ..။။။
⚡သို့ပါသော် အသိက. ဝေးလေတော့
ကိုယ့်မှာပေါ် အဓိကရ ဘေးတောင်မှ
သတိတရ တွေးပါလို့ မထင်မမြင်ရှာ
ခင်တာ ကြင်တာတွေနှင့် ဘ၀ကုန်ဆုံး။
⚡သတိရသင့်ပါပေါ့
ဇိနသာသနာ ကြုံသမို့
တဏှာဟုန် အာရုံဖြတ်ပါလို့
သတိပဋ္ဌာန် အသိဥာဏ်ကပ်ပါမှ
သံသရာ မြန်စွာပြတ်ပါလိမ့်မယ်
ခေတ်မြတ်ကြုံတုန်း..။..။..။
((ဓမ္မဗျူဟာ ))
No comments:
Post a Comment