🍂 သနားစရာ 🍂
🐕 သနားစရာ သနားစရာ
ကြည့်လိုက်ကြစမ်းပါ။
စားခ်င္လိုက္တာ ဗိုက္ကလ်
စားဖွယ်ရှာမရ ။
🐕 စားရနိုးနိုးအိပ်ထဲဝင်
အရိုက်ခံရအင် ။
စားချင်လွန်းလို့ ဟိုသည်ခွေ့
ရေနွေးပူနှင့်တွေ့..။
🐕 ခွေးကလေး သနားစရာ
စားဖို့. လိုက်လို့ရှာ ။
စားစရာတော့ ရှာမရ
တွေ့ပေါ့ ခွေးဒုက္ခ ။
🐆 ခွေးဒုက္ခ ငါတွေ့မြင် ငါ့ဒုက္ခကို ငါမမြင်
ငါ့အသွင် တွေးကာဆ
ခွေးဒုက္ခနှင့် ရွေးမရ..။
ငါရချင်တာ မရဘဲ
အဲ့ဒါ ငါဆင်းရဲ ။
🚶မလိုဘဲနှင့် ငါရတာ
အဲ့ဒါ ငါ့ဒုက္ခာ ။
သံသရာမှာ ဖြစ်သမျှ
ဖြစ်တိုင်း ငါ့ဒုက္ခ ။
ငါ့ဒုက္ခကို ငါမမြင်
ခွေးကို သနားချင်
ခွေးအသွင် ငါ့ဒုက္ခ
တွေးရှုသနားပါ့..။..။
👉ထီးချိုင့် နတ်စိုး
No comments:
Post a Comment