စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, November 5, 2015

အောင်မြင်ရေး

အောင်မြင်ရေး
==========
***လုပ်ငန်းတစ်ခုအောင်မြင်ရေးအ
တွက်အခြေခံအနေဖြင့်အင်္ဂါလေးရပ်ရှိဖို့လိုပါ၏ ယင်းအင်္ဂါလေးရပ်ကိုဣ
ဒ္ဓိပါဒ်ဟုခေါ်၏ ခိုင်မာသောရည်မှန်း
ချက်ရှိရမည်  မဆုတ်မနစ်ကြိုးပမ်းမှု
ရှိရမည် စိတ်ဓါတ်ခိုင်မာရမည်
**လုံလောက်သောဉာဏ်ပညာ
ရှိရမည် ဤအင်္ဂါဘေးရက်ကိုအခြေခံ
၍ဆောင်ရွက်ပါက လောကီဖြစ်စေ
လောကုတ္တရာဖြစ်စေ တစ်နေ့ တွင်
မလွဲမသွေအောင်မြင်ရပေမည်
***တစ်နေ့ တွင် ဟုဆိုရာ၌
မိမိလုပ်နေသော ဣဒ္ဓိပါဒ် ကြားမ
ပြတ်သော တစ်နေ့ တွင်ဖြစ်ပါ၏
***ဣဒ္ဓိပါဒ်ကြားပြတ်သွားပါက
တစ် ကပြန်စရပေမည်
***ထိုအခါ တစ်နေ့ တွင် ဟူသည်
မဆုံးသော တစ်နေ့ တွင် ဖြစ်နေပေ
လိမ့်မည်။

ဆရာကြီးဦးရွှေအောင် ၏
ဓမ္မပဒ ယမကဝဂ် စာ-၁၈

No comments:

Post a Comment