ကိုယ့်အကြွေး ကိုယ်ဆပ်
`´`´`´`´`´`´`´`´`´`´`´`´`
** ကိလေသာဝဋ် ၊ ကမ္မ၀ဋ် ၊ ၀ိပါက၀ဋ် **
ကိုယ်လိုချင်၍ ရလာသော ခန္ဓာဝဋ်ကောင်ကြီးဟု ဆိုလိုပါ၏..။
ထိုဝဋ်ကြွေးကို အို နာ သေ.. ခန္ဓာကြီးနှင့်ပင် ပြန်ဆပ်နေရခြင်း ဖြစ်သည်..။ ဘ၀မှာ အိုခြင်း.. နာခြင်း စသည့်လောကဓံတွေ ကြုံတွေ့လာရသောအခါ `` သြော်..အကြွေးဆပ်နေရတာပါကလား..ဟု သဘောပေါက်ခြင်းသည် အလွန်ကောင်းပါ၏..။
#ကုသိုလ်ဖြစ်၏။
#ဥာဏ်ကုသိုလ် ..။
အရေးကြီးတာက ဤအကြွေးစာရင်းကို ဤဘ၀တွင်ပင် အပြတ်ရှင်းနိုင်ဖို့ အထူးကြိုးစားသင့်ပေ၏..။
မရှင်းနိုင်ဘူး ဆိုလျှင် အကြွေးသစ်တွေ အထပ်ထပ်တင်ပြီး ဘ၀..ဘ၀ ..၊ ဒုက္ခ.. ဒုက္ခ တွေပဲ အထပ်ထပ် လာချေဦးတော့မည် ဖြစ်၏၊
❆ ဘ၀ဇာတိ သူရှိပြန်လျှင်
အိုနာသေရေး ငိုကြွေးထို့ပြင်
ကိုယ်စိတ်ဆင်းရဲ ထန်သည်းပူပင်
ဒုက္ခတုံး မဆုံးခက် အသွင် ။..။
အကြွေးဆိုတာ ကြောက်စရာကောင်းလိုက်ပုံက မည်သူပင်ဖြစ်စေ #သတိ မရှိလို့ကတော့ ကိလေသာ ကြွေးသစ်တွေ ထပ်ခါထပ်ခါ တင်လို့မဆုံးတော့ပြ်ီ..။
တစိမိနစ်မှာ စက္ကန့် ၆၀..
သတိလက်လွတ် အမှု့မဲ့ အမှတ်မဲ့နေလျှင် စက္ကန့်တိုင်းမှာ ပိလေသာအကြွေး တင်နေတာပဲ.. ။ တစ်နာရီဆိုရင် အကြွေးတွေ တစ်ပုံကြီး..။ တစ်ရက်ဆိုရင်.......................
..........................အို .. အကြွေးတွေ ကြောက်စရာကြီးနော်..။
ကဲ ယောဂီတို့ တစ်နေ့အကြွေးကင်းကင်းနဲ့ နေနိုင်ကြရဲ့လား..။ သာမန်လူတွေဆိုရင် တစ်မိနစ်မှာ ၁၀ စက္ကန့် အကြွေးကင်းရဲ့လား..။.
စိတ်ဆိုတာကလည်း လက်ဖျစ်တစ်တွက်မှာ ကုဋေတစ်သိန်း.. ။ သို့ဖြစ်လျှင် သတိမရှိလျှင် လက်ဖျစ်တစ်တွက်မှာ အကြွေးကုဋေတစ်သိန်း ....
အကုသိုလ် ကုဋေတစ်သိန်း...
ကြောက်စရာကြီးပါလား..။..။
**အရှင်အာစာရ (ကံယုံ )
No comments:
Post a Comment