🐝လောဘတရား 🐝
လိုမပြည့်နိုင်ဘူး
ထိုအလေ့ကာမဂုဏ် ..။
မန္ဓာတုသော်မှ
အာယုရှည်စွာနှင့်
ဝသီပါ သူလိုက်စားတယ်
များလှအာရုံ.. ။
မနှစ်ခြိုက်နိုင်လို့
အသစ်လိုက်ပြန်ပါတုံ
ခန္ဓာကုန်သော်လည်း တိမ်မတင်း ။
နတ်ဘုံမှာ
ဇာတ်စုံစွာ ရွေတော်ရံနှင့်
ဖြေဖျော်ခံ အလိုစမ်းသော်လည်း
ငတ်တဏှာ ထပ်ခါသရမ်းတော့တယ်
ကမ်းဘက်သို့ချဉ်း..။..။
}} ရှေးဆရာ..
No comments:
Post a Comment