စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, November 5, 2015

သိကြားသာသနာ ရောက်လာလိမ့်မည်



သိကြားသာသနာ ရောက်လာလိမ့်မည် ဘုရားသာသနာ တဝက်မှာဖြင် သိကြားသာသနာ ဆက်ပါလိမ့် အစရှိသဖြင့် ဘုရားသာသနာ ကျော်လာရင် သိကြားသာသနာ ဆက်လိမ်မည် ဆိုတဲ့စကားတွေကို ဦးဇင်းတို့ ကြားဖူးကြပါတယ်။ အဲဒိလို စကားတွေ သိချင်းစာတွေကြောင့် သိကြားသနာဆိုတာ ထွက်ပေါ်လာပါတော့တယ်။ အဲဒိအကြောင်းလေးနဲ့ ပတ်သက်ပြိး သိကြားသာသနာ အကြောင်း ပြောပြပါမယ်။

တကယ်တော့ သိကြားသာသနာ မရှိပါဘူး ။ဘုရားသာသနာ တစ်မျိုးပဲရှိတာပါ။ သာသနာဟူသည် အဆုံးအမကို ခေါ်တာဖြစ်ပါတယ်။ ပိဋကတ်တော်တွေက သိကြားမင်း ဟောတာမဟုက်ရပါဘူး။ ဘုရားရှင် ဟောခဲ့တာတွေ ဖြစ်ပါတယ်။ ဒိပိဋကတ်တော်တွေ ရှိနေသမျှ သာသနာတော်သည် ဘုရားရှင်ရဲ့ သာသနာပါ။ ပိဋကတ်တော်တွေ မရှိတော့လို့ သာသနာကွယ်ခဲ့ရင် သိကြားသာသနာ မလာတော့ပါဘူး။ သိကြားဟောခဲ့တဲ့ ပိဋကတ်ရယ်လို့ အကယ်၍ ရှိခဲ့မယ်ဆိုရင်တော့ သိကြားသာသနာ ဖြစ်လာမှာပေါ့။ ဒါပင်မဲ့မရှိခဲ့ပါဘူး။


အမှန်တော့ ဘုရားရှင်က ဘယ်သူကိုမှ သာသနာ လွှဲတော်မမူခဲ့ပါဘူး။ အထောက်ထားပြပါမယ် ဒေဝဒတ်ကြ မတ်စွာဘုရားရှင်ကို သူ့အား သာသနာလွှဲပြီး မြတ်စွားဘုရားရှင်က သက်တော်ကြီးပြီဖြစ်လို့ အနာယူဖို့ လျှောက်တင်ဖူးပါတယ် အဲဒိတော့ မြတ်စွာဘုရားက ဒေဝဒတ် သင့်ကိုသာမဟုက် ငါဘုရား၏ လက်ဝဲတော်ရံ လက်ယာတော်ရံတွေနှင့်တကွ ဘယ်သူကိုမှ သာသနာမလွှဲနိုင်ဘူးလို့ မိန့်တော်မူပါတယ်။ ဒါကို ထောက်ဆသောအားဖြင့် သာသနာကို ဘယ်သူမှ လွှဲတော်မမူဘူးဆို တာအလွန်ထင်ရှားပါတယ်။

မြတ်စွာဘုရားရှင် ဘုရားဖြစ်တော်မူပြီးတဲ့အခါမှာ သတ္တဝါတွေက မောဟအားကြီးတော့ နက်နဲတော်မူတဲ့ သစ္စာတရာကို မဟောဖို့ကြံပါသေးတယ်။ ဒါကိုသိတော့ သိကြားမင်းနဲ့ ဗြဟ္မာမင်းက တရားဟောဖို့ တောင်းပန်ကြပါတယ်။ အဲဒိအခါတုန်းကတော့ သိကြားမင်းက ဘယ်လိုလျှောက်လဲဆိုတော့ မြတ်စွာဘုရား တရား ဟောတော်မူပါ။ အကယ်လို့ မြတ်စွာဘုရား ဟောတော်မူတဲ့ အမှန်တရားတော်တွေကို မဟုက်ပါဘူးလို့ ငြင်းဆန်နေခဲ့မယ်ဆိုရင် တပည့်တော် အာဏာစက်နဲ့ ကူညီတော်မူပါမယ် ဘုရားလို့သာ လျှောက်တော်မူခဲ့တာပါ။ ကူလဲ ကူညီခဲ့ပါတယ်။ မဟိန္ဒမထေရ် သီဟိုမှာ သာသနာပြုတဲ့ အခါတုန်းကလဲ သိကြားမင်း ကူညိခဲ့ပါတယ် ဒါကိုကြည့်ပြီး သိကြားသာသနာလို့ ပြောတာလဲ ဖြစ်ကောင်းဖြစ်ပါလိမ်မယ်။

အဓိက ပြောချင်တာကတော့ သိကြားသာသနာလို့ လုံးဝမရှိပါဘူး။ သာသနာဟူသည် ဘုရားရှင်၏ အဆုံးအမတွေကိုခေါ်တာပါ။ သိကြားသာသနာ ဆိုတဲ့အသုံးနူန်းက ထေရဝါဒလာစကားလဲမဟုက်ပါ။ စာပေကျမ်းဂန်တို့နှင့် လုံးဝဆန့်ကျင်နေသော စကားအမှားကြီးသာ ဖြစ်ပါတယ်။ နောင်နှစ်ပေါင်း မည်မျှပင် ကြာသည်ဖြစ်ပါစေ ဘုရားသာသနာသာဖြစ်ပါမယ်။ သိကြားသာသနာအဖြစ် လုံးဝပြောင်းလဲသွားမည် မဟုက်ပါကြောင်း ပြောကြားလိုပါသည် သူတော်ကောင်းအပေါင်းတို့။

အားလုံးသော စာဖတ်ပရိတ်သတ် ဓမ္မမိတ်ဆွေအပေါင်း သူတော်ကောင်းတို့ ကျန်မာချမ်းသာကြပါစေ၊ ဦးဇင်းရေးသားတဲ့ စာတွေကိုဖတ်ပြီး ကွန်မန့်တွေနဲ့အမြဲ အားပေးနေကြတာတွေ တွေ့ရလို့ဝမ်းသာမိပါတယ်။ ဦးဇင်း တို့ မြတ်ဗုဒ္ဓ ၏ သာသနာ Page အဖွဲ့သားများမှာ တက်နိုင်သလောက် မှတ်သားရလွယ်ကူမယ့် ဓမ္မစာပေ ဇာတ်လမ်းများကို ရှာဖွေပြိ အမြဲရေးသားပေးနေမှာပါ သူတော်ကောင်း ဓမ္မမိတ်ဆွေအပေါင်းတို့။



No comments:

Post a Comment