စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Monday, November 23, 2015

သင်္ဂဟတရား

“သင်္ဂဟတရားလေးပါး”
*************************
တစ်ပါးသူတို့အားချီးမြှင့်ခြင်းကို“သင်္ဂဟ”ဟု ခေါ်၏။ ဤသင်္ဂဟတရားထွန်းကားမှ လောကကြီး သာယာငြိမ်းချမ်း၏။ အခြေအနေအားလျော်စွာ သင်္ဂဟတရားတို့ကို ကျင့်သုံးသော ပုဂ္ဂိုလ်တို့သည် ကြီးပွားချမ်းသာကြ၏။ တစ်ဦးနှင့်တစ်ဦး ဆက်ဆံကြရာတွင် ဤသင်္ဂဟတရားများသည် အလွန် အရေးကြီးသော တရားများဖြစ်ကြ၏။ ချီးမြှင့်ခြင်း သင်္ဂဟ တရားသည် လေးမျိုးရှိသည်။

ယင်းတို့မှာ-
၁။ ဒါန = ပေးကမ်းထောက်ပံ့ခြင်းဖြင့် ချီးမြှင့်ခြင်း၊
၂။ ပေယျဝဇ္ဇ = ချစ်ဖွယ်စကား ပြောဆိုခြင်းဖြင့် ချီးမြှင့်ခြင်း၊
၃။ အတ္ထစရိယာ = သူ့အကျိုးပြီးမြောက်အောင် ဆောင်ရွက် ပေးခြင်းဖြင့် ချီးမြှင့်ခြင်း၊
၎။ သမာနတ္တတာ = ကိုယ်နှင့် ထပ်တူ ပြုမူ ဆက်ဆံခြင်း အားဖြင့် ချီးမြှင့်ခြင်း - တို့ဖြစ်သည်။
လင်္ကာ။ ။ ပေးကမ်းချစ်ဖွယ်၊ စကားကြွယ်၍၊ သူ့ဝယ်ကိစ္စ၊ ကြုံတွေ့ကမူ၊ ကြောင့်ကြကြီးစွာ၊ ကူညီကာဖြင့်၊ သွားလာနေမှု၊ တန်းတူပြုသည်၊ ၀တ္ထုသင်္ဂဟ လေးမျိုးတည်း။

No comments:

Post a Comment