★ သုသာန်ပြင်မှဖြစ်ရပ်မှန် ★
အရိုးပြော... ဟေ့ အလောင်းကောင်
နေ့ကြောင်တောင်ကြီး
မောင်မင်းရောက်လာ
ငါ့နေရာကို
ဘာကြောင့်ဝင်လုနေတာလဲ
အလောင်းပြော.. သွားစမ်းပါဗျာ
ကျုပ်ခန္ဓာသည်
မကြာပုပ်သိုး
ညှီနံ့ဆိုးမည်
ကိုရိုးပြေးတော့ ပြေးပါတော့.။
အရိုးပြော..... .နှစ်ပေအနံ
သုံးပေခြောက်ပေ
အလျားမြေကို
လူတွေပိုင်သ
နောက်ဆုံးရဟု
ပြောကြသည်မှာ
မမှန်ပါဘူး
ငါအရိုးချောင်း
သူအလောင်းက
မောင်းထုတ်နှင်လိုက်
ဓားပြတိုက်တော့
သိမ်းပိုက်ငါနေ
သုသာန်မြေကို
ကွေကွင်းခဲ့ရ ဆင်းရဲရ..။။
}}**၀င်းမြအောင်
No comments:
Post a Comment