စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, November 17, 2015

အတူမရှိ အတုမရှိ

ရာဂ ဒေါသ မောဟ ကို
အမှန်တကယ်
ချုပ်ငြိမ်းသွားစေနိုင်မယ့် တရားဟာ
ဗုဒ္ဓမြတ်စွာရဲ့ သာသနာမှာပဲ ရှိတယ်

                       #အရှင်အာနန္ဒာ

အဝိဇ္ဇာ  သင်္ခါရကြောင့်
ခန္ဓာငါးပါး  ရုပ်နာမ်တရားကို
ဝိပါကဝဋ် အဖြစ်ဖြင့်
ရခဲ့ကြခြင်း ဖြစ်သည်ဟူသော

အလွန်ရဲရင့်သော အဖြေကို
ဗုဒ္ဓရှင်တော်မြတ်ဘုရား မှတစ်ပါး
ဤလောက၌ဖြေကြားနိုင်သောသူ
တစ်စုံတစ်ယောက်မျှ မရှိခဲ့ချေ။

ဇာတိ _ပဋိသန္ဓေနေရသော
သတ္တဝါတိုင်းမှာ
မွေးကတည်းက
သေမိန့်ကျပြီးသူကဲ့သို့
ဝိပရိဏာမဘေးကြီး
အပြီးပါလာခဲ့သည်

ဝဋ်ဆင်းရဲ အပေါင်းမှ လွတ်မြောက်ရာ
လမ်းဖြောင့် လမ်းမှန်ဖြစ်ကို
ဟောဖော်ညွှန်ပြ  ဆုံးမနိုင်သောသူကား
ဤလောက၌
ဂေါတမ ဗုဒ္ဓတစ်ပါးတည်းသာ ရှိသည်။

               #ဘုံစဉ်စံဘဝလမ်းပြဒဿန

No comments:

Post a Comment