စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, November 11, 2015

ဘဝတိုင်းဆုံဆည်းလိုပါသလား

#ဘဝတိုင်းဆုံတွေ့၍ပေါင်းဖက်လိုပါက
=========================
***အခါတစ်ပါးမြတ်စွာဘုရားသည်
အဂ္ဂတိုင်း သုသုမာရဂီရမြို့  သားသမင်
တို့အားဘေးမဲ့ပေးရာ ဘေသကဋ္ဌတော
၌သီတင်းသုံးနေတော်မူ၏။
***မြတ်စွာဘုရားသည်နံနက်ချိန်သပိတ်
သင်္ကန်းတို့ယူတော်မူကာ "နကုလပိတာ
သူကြွယ်" အိမ်သို့ ချဉ်းကပ်တော်မူပြီး ခင်းထားသောနေရာ၌ ထိုင်တော်မူ၏။
***ထိုအခါ "နကုလပိတာ သူကြွယ် နှင့်
သူကြွယ်မ"တို့သည် ဘုရားရှင်အား ရို
သေစွာရှိခိုးပြီးဤသို့လျှောက်ထား၏။
***"အရှင်ဘုရား တပည့်တော်နှင့်တပ
ည့်တော်မတို့သည် မိမိ တို့၏ ဇနီး ခင်ပွန်းများမှ လွဲ၍ အခြားသူတို့အပေါ်
၌ စိတ်ဖြင့်တောင် ပြစ်မှားမှုမရှိပါ။ ကိုယ်
ဖြင့်အားအနေဖြင့်အဘယ်ဆိုဖွယ်ရာရှိ
ပါမည်နည်း။  တပည့်တော်တို့ နှစ်ဦးစ
လုံး ယခု ဘဝတွင်လည်းအင်မတန်ချစ်
ကြသလို နောင်ဘဝ ၌ လည်းတွေ့ ဆုံ
ကာ ချစ်မြတ်နိုးမှုမပျက်စေပဲ အတူတကွ
ပြန်လည်ဆုံဆည်းကာ ပေါင်းဖက်လိုပါ
တယ်ဘုရား" ဟုလျောက်တင်လေ၏။
***ထိုအခါ မြတ်စွာဘုရားရှင်က အမျိုး
သား အမျိုးသမီး နှစ်ဦးတို့သည် ယခုဘ
ဝ၌လည်း ချစ်မြတ်နိုးကြ၏။နောင်ဘဝ၌
လည်းချစ်မြတ်နိုးမှုက်ု အလိုရှိပါက
၁။ တူညီသောသဒ္ဓါတရားရှိရမည်။
၂။တူညီသော သီလရှိရမည်။
၃။တူညီသောစွန့် ကြဲမှုရှိရမည်။
၎။တူညီသောပညာရှိရမည်။
        ဤအချက်ဘေးချက်တူညီစွာရှိကြ
ကုန်သော ယောက်ျား မိန်းမ တို့သည် ယခု ဘဝ ၌လည်းပေါင်းဖက်နိုင်ပြီး နောင်ဘဝ၌လည်း ချစ်မြတ်နိုးစွာပေါင်း
ဖက်နိုင်ကြလိမ့်မည်"ဟုဟောကြားခဲ့ပါ၏။
           အင်္ဂုတ္တိုရ် မြန်မာပြန်
          စတုတ္ထနိပါတ်၌ပါရှိသော
                 သမဇီဝိသုတ်

No comments:

Post a Comment