🍀မောရှုံးမဖြစ်စေဖို့ 🍀
အချို့လူတွေဟာ တစ်သက်လုံး ဘုံဆိုင်အလုပ်တွေနဲ့ပဲ အချိန်ကုန်နေကြတယ်..။ ကိုယ်ပိုင်အလုပ် မလုပ်နိုင်ရင်တော့ #မောရှုံးဖြစ်ရမှာပဲ..။
လူသည် မအိုမီ မနာမီ မသေမီ ကိုယ့်အတွက်ကိုယ့်တာ အချိန်လုနိုင်ပါမှ တွက်ချေကိုက်မည် ဖြစ်၏..။ အချို့ဆိုလျှင် .. ""လေးဆယ်ကျော် ငါးဆယ်ကျော် အရွယ်နှောင်းခါမှ သူကြွယ်လောင်း လုပ်ချင်.. "" ဟူသော လယ်တီဆရာတော်၏ စာချိုးထဲကလို တတိယအရွယ် ရောက်သည့်တိုင် တရားဓမ္မ မရှာနိုင်သေးဘဲ.. လောကကြီးပွားရေး ... စီးပွားရေးနောက် တကောက်ကောက် လိုက်နေကြတော့သည်..။
ဤသို့ လိုက်ရင်းနှင့် ရောဂါတွေစွဲကပ်လာ၏..။ ထိုအခါ သူရှာဖွေခဲ့သမျှ ပိုက်ဆံတွေ ဆေးကုရင်းနှင့် ကုန်ရတော့၏..။
ထိုသူ၏ လောကအစီးအပွားသည် #တစ်ဘ၀တာပင် တွက်ချေမကိုက် ဖြစ်ရချေ၏။ ထိုအခါကျမှ သတိရပြီး တရားရှာဖို့ ကြိုးစားပြန်တော့လည်း စိတ်သွားတိုင်း ကိုယ်မပါ ကိုယ်အနာမျှမက စိတ်အနာပါ နာနေပြီ ဖြစ်သောကြောင့် တရားနှင့် ဝေးခဲ့ရတော့သည်..။
ထိုသူ၏အဖြစ်မှာ ငါးမရှိတဲ့ အိုင်ပျက်နားက တောင်ပံကျိုးတဲ့ ကြိုးကြာလို....။....။
ပညာရှိသူ လူဟူသည်ကား
တရားကိစ္စ မရှိကြဘဲ
လောကရေးရာ အားထုတ်ကာလျှင် ရှည်ကြာနေ့ည လွန်သမျှကို
ကာလအမြတ် မရေမှတ်ဘူး
ကျင့်ဝတ်ခိုင်ကျည် ဆောက်တည်မပျက်
ထိုသည့်ရက်မှာ အသက်ရှင်မြတ်
ရေတွက်မှတ်၏..။..။'
✏ ဆရာတော်အရှင်အာစာရ
No comments:
Post a Comment