စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Saturday, November 7, 2015

မွေ့ လျော်ဖွယ်

တောတို့သည် #မွေ့လျော်ဖွယ်ရှိကုန်၏၊ ယင်းတောတို့၌
ကာမရှာမှီးသူ လူအပေါင်းသည်ကား မမွေ့လျော်နိုင်၊

ရာဂကင်းသောပုဂ္ဂိုလ်တို့သည်သာ မွေ့လျော်ကုန်လတ္တံ့၊
ထိုရာဂကင်းသော ပုဂ္ဂိုလ်တို့သည် ကာမကို မရှာမှီးကြကုန်။

[ သေခြင်းကင်းသောနိဗ္ဗာန်ကိုမမြင်ဘဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည်နေရခြင်းထက် သေခြင်း ကင်းသောနိဗ္ဗာန်ကို မြင်သောပုဂ္ဂိုလ်၏ တစ်ရက်မျှ အသက်ရှည်ရခြင်းသည် မြတ်၏။ ]

ထို လူ နတ် နိဗ္ဗာန် သုံးတန်သော ချမ်းသာမျိုးကို အမိအဖသည် မပြုနိုင်၊ တစ်ပါးသော ဆွေမျိုးတို့သည်လည်း မပြုစွမ်းနိုင်ကုန်၊

ထို လူ နတ် နိဗ္ဗာန် သုံးတန်သော ချမ်းသာမျိုးကို #ကောင်းစွာထားအပ်သောစိတ်သည်သာလျှင် ထိုမိဖဆွေမျိုးတို့ထက် တစ်ဆင့်ထက်တစ်ဆင့် မြင့်မြတ်အောင် ပြုစွမ်းနိုင်၏။

No comments:

Post a Comment