@@[0:[151121624993153:1: 🌲အပင်ရှိမှ အရိပ်ရ🌲]]@[151121624993153:]
တောထဲမှာ အလေ့ကျပြီးပေါက်လာတဲ့ သစ်ပင်တွေကတော့ အများကြီးပါပဲ။ အဲ့ဒီအပင်တွေထဲမှာ ကျွန်းလို.၊ သစ်မာလို ၊ အသုံးကျ အနှစ်မာပင်တွေလဲ ပါမယ်။ အသုံးမကျတဲ့ အနှစ်မဲ့တွေလဲ ပါပါလိမ့်မယ်။ အသုံးကျ..မကျ ၊ အနှစ်ထည့်. မထည့်ဆိုတာကို အချိန်စောင့်ကြည့်ပြီးမှ သိခွင့်ရပါတယ်။
လူတန်းစားအမျိုးမျိုးကနေ မွေးဖွားပြီး သာသနာ့ဘောင်ရောက်လာကြတဲ့ ကိုရင်လေးတွေထဲမှာ အနှစ်ထည့်မှာတွေလဲ ရှိပါတယ်။ အနှစ်မဲ့တွေလဲ ရှိပါလိမ့်မယ်။ ကိုရင်ကလေးတွေ ဘောလုံးကန်ချင် ကန်ပါစေ။ ဆရာသမားတွေထံကနေ ဘုရားစကားတွေ တစ်နေ့တစ်လုံးပဲဖြစ်ဖြစ် ... တစ်နေ့တစ်ခါပဲ ဘုရားရှိခိုးတယ်ဆိုဆို ဒီကလေးတွေကိုက ပရိယတ်အနှစ်.. ပဋိပတ်အနှစ်တွေ ထည့်နေတာပါပဲ။
အနှစ် မထည့်တာတွေ .. အနှစ်မတည်တာတွေလဲ လေမုန်တိုင်းတွေကြောင့် ကျိုးကြေ ပျက်ပြား လဲကျသွားမှာပါ။ ဒါကြောင့်မို့ ပထမဆုံးအဆင့်အနေနဲ့ သာသနာ့ဘောင်မှာ ကိုရင်ငယ်ကလေးတွေကို ပျော်အောင် မွေးထားရမှာ ဖြစ်ပါတယ်။
အခု ဒကာကြီးတို့က ဆရာအဖြစ်နဲ့ ကိုးကွယ်ခွင့်ရကြတဲ့ ဆရာတော်ကြီးတွေဟာ ဒကာကြီးတို့ မိဘ၊ ဘိုးဘွားများ လက်ထက်က ကိုရင်ငယ်လေးတွေပဲ ဖြစ်ခဲ့ကြမှာပါ။ ဒကာကြီးတို့ သားတွေ သမီးတွေခေတ်ကို မျှော်ကြည့်လိုက်ရင် အခုကိုရင်ငယ်လေးတွေက သာသနာတော်ရဲ့ အသက်ပဲဆိုတာ မြင်ရမှာပါ ဒကာကြီး..။
🌱🌴🌱🌴🌱🌴🌱🌴
ဤသည်တို့ကား ကျေးဇူ့တော်ရှင် တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက မင်းကွန်းဆရာတော်ကြီးက ထိုစဉ်အခါ နိုင်ငံတော်အကြီးအကဲ ဒကာကြီးတစ်ဦးအား ဟောကြားချီးမြှင့်ခဲ့သော သြ၀ါဒတရားတော်များဖြစ်ပါသည်..။
No comments:
Post a Comment