😊ပျော်တယ်ဆိုတာ 😊
တစ်ခါက နိုင်ငံခြားသား ရဟန်းယောဂီ တစ်ပါးကို အင်တာဗျူး လုပ်တဲ့သူက မေးပါတယ်..။
** အရှင်ဘုရား ဘ၀မှာ ပျော်ပါရဲ့လား ** တဲ့ ။
ရဟန်းတော် ဖြေလိုက်ပုံက ➳ ➳ ပျော်တယ်ဆိုတာ အ၀ိဇ္ဇာ အဖုံးခံနေရတဲ့ သူတွေသာ ပျော်တာပါ..'
... တဲ့..
ပျော်တယ်ဆိုတာ မသိလို့ ပျော်တာပါ..။ မီးလောင်နေမှန်း မသိလို့ ပျော်နေကြတာ..။ သိရင် မပျော်တော့ပါဘူး..။ မပျော်ချင်တော့ပါဘူး..။
((လောကအပျော်မျိုးကို ဆိုလိုသည် ))
** ဆင်းရဲကိုမြင် မလိုချင် မဂ္ဂင်တရားမြတ်..။
** မလိုချင်မှ ဆင်းရဲက မုချ လွတ်မည်မှတ်..။ '
ဆင်းရဲခြင်း ဒုက္ခသစ္စာကို တကယ်မြင်.. တကယ်သိရင် ဘာမှမလိုချင် .. မပျော်ချင်တော့ပါဘူး ။ မီးအလောင် မခံတော့ပါဘူး.. ။ ဒါဟာ ဓမ္မသဘောပါပဲ..။
တကယ်တော့ လူ့ ခန္ဓာအိမ်ဆိုတာဟာ အမျိုးမျိုးသော မီးတောက် မီးလျှံတွေ မပြတ်တမ်း ဆိုသလို စွဲလောင် နှိပ်စက်ခံရာ ဌာနကြီးတစ်ခုမျှသာ ဖြစ်ပါတယ်။
မီးတွေကလဲ နည်းနည်း နောနော မဟုတ်..။ ( ၁၁ ) မျိုးတောင်မှပါ..။
ဇာတိမီး
ဇရာမီး
မရဏမီး
လောဘမီး
ဒေါသမီး
မောဟမီး
သောကမီး
ပရိဒေ၀မီး
ဒုက္ခမီး
ဒေါမနဿမီး
ဥပါယာသမီး... တို့ပါပဲ..။..။
✨ဆရာတော်အရှင်အာစာရ
(( ကံယုံ ))
No comments:
Post a Comment