မသေမယ့်သူ တစ်ယောက်မှ မရှိဘူး။
သေမယ့်သူချည်းပဲ။
သေခါနီးရင် ဝေဒနာ အမျိုးမျိုးလာမယ်၊
လာရင် မိအောင် ရှုတတ်ဖို့ အရေးကြီးတယ်။
ဒါကြောင့် အခုနေမှာ ရအောင်
ကြိုးစားနိုင်ရင် ကြိုးစားမကြိုးစားနိုင်ရင်
ရှုတတ်ဖို့အကျင့်လုပ်ထားရမယ်။
ဒါလောက်ကလေးကိုမှ လုပ်မထားမိရင်
ဒုက္ခကြီးလှလှ ရောက်တော့မယ်ဆိုတာ မှတ်ကြတော့ ။
ခန္ဓာရှိလို့သာ ဝေဒနာရှိတာ
ဒီထဲမှာ ငါဆိုတာ မပါဘူး။
ဒါကြောင့် ဝေဒနာနဲ့ ငါကို မရောမိစေနဲ့။
ဝေဒနာရဲ့ ဖြစ်ပျက်အနိစ္စသဘောကို ဥာဏ်နဲ့ ကြည့်ပေး။
ဝေဒနာဟာ
ဓမ္မသဘော သက်သက်သာ ဖြစ်တယ်။
ဝေဒနာထဲမှာ
ငါမပါ ၊ သူမဟုတ် နာမ်ဓမ္မသာ ဟုတ်တယ်။
သူရဲ့ မမြဲတဲ့ အနိစ္စအချက်
ဆင်းရဲနှိပ်စက်တဲ့ ဒုက္ခအချက်
မိမိအလိုမပါ အနှစ်သာရ ရှာမရတဲ့
အနတ္တအချက်တွေသာ အမှန်ဖြစ်တယ်။
ဒီအမှန်သဘောကို
ဥာဏ်နဲ့ မြင်အောင် ကြည့်ကြ
မိမိသန္တာန်မှာ ဟိုနေရာက ဝေဒနာပေါ်လိုက်
ဒီနေရာက ဝေဒနာပေါ်လိုက်နဲ့ပေါ်လာတဲ့အခါ
" ငါနာတယ် " ဆိုပြီး
ငါနဲ့ ဝေဒနာမရောပါနဲ့လို့ ဘုရားက ဟောတယ်"
ကျုပ်လက်မောင်း နာနေတယ်၊
ကျုပ်ရင်ခေါင်း အောင့်နေတယ် " လို့ဆိုလိုက်တော့
" ဝေဒနံ အတ္တတော သမနုပသတိ " တဲ့၊
ဝေဒနာကို ငါပဲလို့ လုပ်လိုက်တယ်။
အဲဒီတော့ •••
ဝေဒနာထဲ ငါသွားရောလိုက်တာပဲ၊သတိထားကြ
မကျန်းမမာတဲ့ သူများဟာ ပိုပြီးရောတတ်တယ်။
ဝေဒနာက တခြား၊ ငါက တခြားဘာမှ မဆိုင်ဘူး။
ဝေဒနာအနိစ္စပဲ ခန္ဓာမှာ ဥာဏ်နဲ့ကြည့်
ဝေဒနာပေါ်လာပြီး ပျက်သွားတာပဲ။
ဟိုနားကပေါ် ဟိုနားမှာပဲပျက်တယ်။
ဒီနားမှာ ပေါ်တဲ့ ဝေဒနာလည်း ဒီနားမှာပဲ ပျက်တာပဲ။
အဲဒါကြောင့် ဝေဒနာပေါ်ရာမှာ ဖြစ်ပျက်လိုက်ပေးကြ။
ဝေဒနာပေါ်ရာ ရှုဥာဏ်လိုက်တော့
ဝေဒနာက ဖြစ်ပျက်၊ ရှုဥာဏ်က မဂ် ဖြစ်သွားတယ်။
ဝေဒနာက ဝဒေနာက်ခန်ဓာ၊ နာမျဓမ်မ၊
ငါဆိုတာက ဒိဋ္ဌိဓမ္မ ၊ တခြားစီပဲ။
ပရမတ္ထတရားက မရောဘူး၊
ဝေဒနာလေးက ဝေဒနာက္ခန္ဓာ နာမ်တရား၊ငါက ဒိဋ္ဌိ၊
သူတို့ချင်းက တခြားစီ၊ဘာမှမဆိုင်ဘူးဆိုတာ
မှတ်လိုက်ကြ။
ကိုယ်ပေါ်မှာ ပေါ်တဲ့ ဝေဒနာကို ငါပဲလို့ ဒိဋ္ဌိစွဲတော့
ကိုယ်ကျိုးနည်းပြီလို့သာ မှတ်လိုက်ကြ။
" ဝေဒနာက ခြေဖမိုးမှာဝမ်းထဲက မနောက
ငါနာတယ်လို့ဝေဒနာနဲ့ ငါရောချလိုက်တယ် "
ဘုရားက မရောစေနဲ့လို့ ဟောတော်မူတယ်။
ဒိဋ္ဌိနဲ့ မရောဖို့ အလွန်အရေးကြီးတယ်။
မရောအောင် ဘယ်လို လုပ်ရမလဲ
" ဝေဒနာ ဟာ ဝဒေနာက်ခန်ဓာပဲ၊ သူလာရင်
သမ္မာဒိဋ္ဌိရောပေးကြ "
" ဝေဒနံ အနိစ္စတော သမနုပသတိ "
ဝေဒနာကို ဖြစ်ပျက်ရှုပေးကြ။
ဒီတော့
ဘာ ဝေဒနာ လာလာ ဖြစ်ပျက်ရှုဖို့ မမေ့စေနဲ့။
ဝေဒနာလာရင် ဖြစ်ပျက်ရှုပေးကြ။
မရှုမိရင် ဝေဒနာထဲမှာ ငါရောမယ်။
ရောတော့ ဝေဒနာနောက်က ဒိဋ္ဌိလိုက်လာတယ်။
ဒိဋ္ဌိလိုက်တော့ သံသရာဆက်မယ်။
ဒိဋ္ဌိ၊ ဒိဋ္ဌုပါဒါန်၊ ကံ၊ အပါယ်ဇာတိပဲ။
ဝေဒနာထဲ ငါမရောတော့
ဝေဒနာနောက်က မဂ်ဖိုလ် လိုက်လာမယ်။
ဝေဒနာ ဖြစ်ပျက် ရှုတော့
ဝေဒနာက ဖြစ်ပျက်၊ ရှုဥာဏ်က မဂ်၊
နောက်သံသရာ ပြတ်တယ်
" ဝေဒနာ နိရောဓော နိဗ္ဗာနံ
ဒုက္ခနိရောဓော နိဗ္ဗာနံပဲ "••••• ။
( မိုးကုတ်ဆရာတော်ဘုရားကြီး)
No comments:
Post a Comment