အချိန်ရတုန်း ကုသိုလ်ပြုပါ
🎆🎆🎆🎆🎆🎆🎆🎆
ကိုယ့်ရဲ့ စိတ်ကို
ကောင်းတဲ့အလုပ်တွေမှာ
အထုံပါအောင်
လေ့ကျင့်ပေးထားပါ။
ဘယ်အရွယ်ကျမှ
ကုသိုလ်ကောင်းမှု ပြုမယ်လို့
စိတ်ကူးထားတာဟာ
ဘယ်လိုမှ မသေချာနိုင်ပါဘူး။
ဘာဖြစ်လို့လဲဆိုရင်
အချိန်မရွေး သေနိုင်လို့ပါ။
နောက်ပြီးတော့
အစကမှ မကောင်းခဲ့ဘူးဆိုရင်
အဆုံးဟာလည်း
ကောင်းစွာနေဖို့ မလွယ်ကူနိုင်ပါဘူး။
ဒါကြောင့်...
တစ်နေ့ နည်းနည်းချင်းလေး
ကုသိုလ်ကို
ပြုလုပ်သွားဖို့ လိုပါတယ်။
မကောင်းတာတွေနဲ့ အနေများခဲ့ရင်
စိတ်ဟာ ဆုံးမရခက်နိုင်တာမို့
အချိန်အရွယ်ကောင်း ရှိတုန်းလေး
ကုသိုလ်ကောင်းမှုဘက်မှာ
ကျက်စားနိုင်အောင် ကြိုးစားပါ။
No comments:
Post a Comment