စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Friday, September 9, 2022

ဂရုဓမ္မ အခါတော်နေ့

❝ ဂရုဓမ္မ အခါတော်နေ့
              (တစ်နည်း)
        ငါးပါးသီလ အခါတော်နေ့ ❞
     ❖❖❖❖︵_҈ 🌺❖❖❖

. လူတွေက ငါးပါးသီလကို
     ပရဟိတလုပ်ငန်းမှန်း
     သိတဲ့လူ အင်မတန်နည်းတယ်၊ ဒါလည်း ပရဟိတပဲ။

 ငါးပါးသီလဆိုတာ ...
     အင်မတန်မှ အရေးပါလှတဲ့ " ဝါရိတ္တသီလ" မျိုး၊
   မလုပ်ရဘူးဆိုတာကို
ရှောင်တဲ့သီလမျိုး။
     ဒီနေရာမှာလည်း ငါးပါးသီလဟာ မြတ်စွာဘုရားက ပညတ်ထားလို့ ရှောင်ရတာမျိုး မဟုတ်ဘူး။

 မြတ်စွာဘုရားက ...
     ဒါလုပ်ရင် အပြစ်ဖြစ်မယ်၊ ဒါကို ရှောင်ရင်...
ကောင်းကျိုးချမ်းသာတွေရတယ်ဆိုတာ လမ်းညွှန်မှုပြုတာပဲ ဖြစ်တယ်။

သီလဆိုတဲ့ သဘာဝတရားဟာ စဉ်းစားကြည့် ... 
      ကိုယ်ကိုယ်တိုင် ကိုယ်ကျင့်သီလ ဆောက်တည်လိုက်တာဟာ ကိုယ့်အတွက်ပဲလို့ ...ဒီလို ... အောက်မေ့ကြတယ်။

 ဒါနကျတော့ ...
     အများအတွက်လို့ ထင်ကြတယ်လေ ...
ကိုယ်က ပေးလိုက်ကမ်းလိုက် ကျွေမွေးလိုက်တဲ့ သူတွေ စားသောက်သွားတာ ကြည့်ပြီး ဒါနကတော့ အများအတွက်ပဲ။ သီလကတော့ ကိုယ့်အတွက်လို့
ထင်ကြတာ။

 သီလကလည်း ဒါနလိုပါပဲ၊
     အများအတွက် အကျိုးဖြစ်တာ၊ကိုယ့်အတွက် အကျိုး မဖြစ်ဘူး ပြောတာ မဟုတ်ဘူး ကိုယ့်အတွက်လည်း အကျိုးဖြစ်တယ်၊
     သို့သော် အများအတွက်
အကျိုးဖြစ်တာ ထင်ရှားတယ်။

 ပါဏာတိပါတာ ရှောင်လိုက်သဖြင့် ကိုယ့်လက်နဲ့ သူများသေတာ ရှိသေးလား၊
     ကိုယ့်ဘေးနားကလူတွေ
အန္တရာယ် မကင်းသွားဘူးလား၊ ကင်းသွားတယ်။
     ပါဏာတိပါတာ ရှောင်လိုက်တာ ကိုယ့်ရပ်ကွက်ထဲမှာ ကိုယ့်ကြောင့် ဒုက္ခရောက်တဲ့သူ တစ်​ယာက်မှ မရှိ​တော့ဘူး။

 ရပ်ကွက်ထဲမှာ ကိုယ်က………
     အဒိန္နာဒါန ရှောင်လိုက်ရင်
ရပ်ကွက်ထဲမှာ ပစ္စည်ပျောက်တာ ကိုယ့်ကြောင့်ဆိုတာ ဖြစ်နိုင်ပါ့မလား၊ မဖြစ်နိုင်တော့ဘူး။

ဒါကြောင့် သီလဆောက်တာ အားလုံးအတွက် ဖြစ်မနေဘူးလား။
     တစ်ရပ်ကွက်လုံး လူတွေက ပါဏာတိပါတာလည်း ရှောင်တယ်၊
     အဒိန္နာဒါနလည်း ရှောင်မယ်။
     ကာမေသုမိစ္ဆာစာရလည်း
ရှောင်မယ်ဆိုလို့ရှိရင် ...
     တစ်ရပ်ကွက်လုံးဟာ
အေးချမ်းသာယာနေမှာပဲ။

 မုသာဝါဒ လိမ်လည်လှည့်ဖြားပြီး ဘယ်သူ့ကိုမှ ဒုက္ခရောက်အောင် မလုပ်ဘူး၊ ဒါလည်း သူများအတွက်ပဲ။ ကိုယ့်ကိုယ်ကို လိမ်တာ မဟုတ်ဘူး၊ ဒါလည်း သူများအတွက်ပဲ။

 သူရာမေရယ အရက်သေစာ
မသောက်မစားဘူးဆိုရင်လည်း အများအတွက် အကျိုးဖြစ်တာပဲ။
     မိမိကြောင့် စိတ်ဆင်းရဲမယ့် ပုဂ္ဂိုလ်မရှိတော့ဘူး။

 ဒါကြောင့်မို့ မြတ်စွာဘုရားက
      " ငါးပါးသီလ "ကို
      " မဟာ ဒါန "လို့
      ဟောထားတာ ရှိတယ်။
      တကယ့်ကြီးမားတဲ့ အလှူကြီး ။
      ဘာတွေ လှူထားတုန်း 'အဘယဒါန'
      တခြားပုဂ္ဂိုလ်တွေကို
      ဘေးမဲ့ပေးတဲ့ အလှူ ပဲ။

 ဒါကြောင့် ငါးပါးသီလရဲ့ လက်တွေ့အကျိုးကဆောက်တည်သူအတွက်သာမကအများအတွက်လည်း ဖြစ်ပါတယ်။

 ပရဟိတလုပ်ငန်းထဲမှာ သူပါတယ်။
     သို့သော် လူတွေက ငါးပါးသီလကို
     ပရဟိတလုပ်ငန်းမှန်း သိတဲ့သူ
     အင်မတန်မှ နည်းတယ်။*
     ဒါလည်း …ပရဟိတပဲ၊
     အများအတွက်
     အကျိုးဖြစ်သွားတာပေါ့။

      ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ 
         " သားကောင်းသမီးကောင်း "
          တရားတော်မှ

Credit - ဓမ္မသရဏအရှင်ရေဝတ
24-9-2018 တနင်္လာ​နေ့ မန္တ​လေးသတင််းစာ နှာ-၂​
         ခေါင်းကြီး မှ ...

#AshinKesarinda မှ ထပ်ဆင့်ဓမ္မဒါနကုသိုလ်ပြုပါသည်။

No comments:

Post a Comment