🌿🌿🟡🌿🌿
~~~~~~~~~
ဒီအနံ့က အလွန် အရေးကြီးတဲ့သူတော်ကောင်းတို့ ရနံ့၊ ၃မျိုးရှိပါတယ် သူတော်ကောင်းရနံ့က၊
(၁)ဘုရားတရားသံဃာ ရတနာ မြတ် ၃ပါးကို စွဲစွဲမြဲမြဲဆည်း ကပ်ခြင်းဆိုတဲ့သရဏဂုံရနံ့၊
(၂) ငါးပါးသီလကို လုံခြုံအောငျ စောင့်ထိန်းခြင်း- သီလရနံ့၊
(၃)ကိုယ့်မှာရှိတဲ့ပိုင်ဆိုင်မှုထဲကဝန်တိုမှု ကင်းရှင်းစွာနဲ့ ခွဲဝေ လှူဒါန်းခြင်း- ဆိုတဲ့စာဂရနံ့၊
ဒီ"သူတော်ကောင်းရနံ့တွေ" ဟာလူ့ပြည်မှာမက
နတ်ပြည်ဗြဟ္မာ့ပြည်ထိ သင်းပျံ့နိုင်တယ်၊
ဒီရနံ့ ၃ မျိုး ရှိနေတဲ့ သူတော်ကောင်းကို
နတ်ဗြဟ္မာတွေကိုယ်တိုင်က အသိအမှတ်ပြုပြီးချီးမွှမ်းကြတဲ့အကြောင်း-အရှင်အာနန္ဒာအား
ဘုရားရှင် အမိန့်တော်ရှိခဲ့တယ်။
ဒါ့ကြောင့် -သူတော်ကောင်းရနံ့မပျောက်ဖို့
အရေးကြီးလှတယ်၊ဒီရနံ့တွေကိုယ့်မှာရှိနေရင် အနံ့မပျောက်ပါဘူး။
၁၇-၉-၂၀၂၀
အရှင်ဝရုဏာဘိဝံသ
No comments:
Post a Comment