စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Friday, September 23, 2022

အတွင်းအပူ

အတွင်းအပူ
~~~~~~~~~
#အေးတဲ့နိုင်ငံတွေဘက် ခရီးထွက်ရင်း မအေးတဲ့သူတွေကိုလည်း တွေ့ခဲ့ရပါတယ်၊၊ အပြင်အအေးတွေကြား ရင်လေးနေသူများနဲ့လည်း ဆုံဖြစ်ခဲ့ပါတယ်၊၊ အနုက်ပြနေတဲ့ အအေးဓာတ်အောက်မှာ အတွင်းအပူမီးတောက်နေကြသူတွေလည်း ရှိနေကြပြန်ပါတယ်၊၊ အပူဓာတ်တွေအောက်မှာ အပူဟက်ခံနေရသူတွေလည်း အများကြီးပါပဲ။

#သြော်... ဘယ်လောက်အေးတဲ့ နေရာမှာပဲနေနေ အတွင်းအပူအေးမှ အေးဆေးတာပါလား၊၊ အတွင်းအပူနည်းရင် အပြင်အပူဟာ ရင်ပူစရာမှ မဟုတ်တာပဲ၊၊

#ဘယ်မှာပဲနေနေ အနေတတ်မှ အပူမဟပ်မှာပါ၊၊ 

မေတ္တာဖြင့်
မနာပ ဒါယီ အရှင်ဝိစိတ္တ

No comments:

Post a Comment