စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Sunday, September 11, 2022

"မစ္ဆရိယ ၅-မျိုး "

"မစ္ဆရိယ ၅-မျိုး "

'မစ္ဆရိယ' ဆိုတာ
ကိုယ့်အရည်အသွေးမျိုး သူများကိုမရစေချင်တာကိုယ့် အခြေအနေမျိုး သူများမရစေချင်တာ

ကိုယ်နဲ့ လာယှဉ်ပြိုင်လာမယ်ဆိုရင်
ကိုယ့်အရည်အသွေးမျိုးကို
ကိုယ်ပဲ ပိုင်ဆိုင်ထားချင်တယ်
ဒါ မစ္ဆရိယ လို့ခေါ်တယ်

မစ္ဆရိယဆိုတာလည်း အတူတူပဲ၊ 
ဒေါသနဲ့ ယှဉ်တွဲတယ်၊ အရပ်ထဲမှာတော့မစ္ဆရိယဆိုတာ နှမြောတာ၊
'နှမြောအိုးမို့ ဘာမှ မလှူတူး၊
မတန်းဘူး၊ မပေးဘူး၊ မကမ်းဘူး'
လို့ပြောကြတယ်။

မစ္ဆရိယက နှမြောတာချည်းပဲ မဟုတ်ဘူး။ မစ္ဆရိယဆိုတာ ကိုယ် ကြီးပွားသလို သူများ မကြီးပွားစေချင်ဘူး၊ကိုယ်အောင်မြင်သလို သူများမအောင်မြင်စေချင်ဘူး၊
အဲဒါမျိုးကို မစ္ဆရိယ လို့ ဟြေတာ။
မစ္ဆရိယက ၅-မျိုး ရှိတယ်။ 

(၁) အာဝါသမစ်ဆရိယ တဲ့၊

ကိုယ့်နေတဲ့ နေရာမှာ သူများလာနေရင်မကြိုက်တာ၊ ဟုတ်လား၊
ကိုယ့်အဆောက်အအုံထဲ သူများလာရင်မကြိုက်တာဟာ 'အာဝါသမစ္ဆရိယ'နော်။

'အာဝါသမစ္ဆရိယ' ဆိုတာ အိမ်မှာတင်မစ္ဆရိယဖြစ်တာ မဟုတ်ဘူး၊
မီးရထားနဲ့ သွားတာတောင် ပေါင်ကားထိုင်သေးတယ်၊ အနားနားမှာ ဒိပြင်လူလာထိုင်မှာ စိုးလို့၊ အထုပ်လေး တင်ထားမယ်၊ မထိုင်စေချင်ဘူး၊ နေရာ မပေးချင်ဘူး၊အဲဒါမြိုး ဟွတော အာဝါသမစ်ဆရိယဆိုတာ။

(၂) 'ကုလမစ်ဆရိယ'

ကိုယ့်နဲ့ပေါင်းသင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို လာပြီးတော့ မိတ်ဆွေ 
ဖွဲ့ရင် မကြိုက်တာ၊ကုသမစ္ဆရိယ၊ဘုန်းကြီးတွေကျတော့
ကိုယ့်ဒကာ, ဒကာမကို သူများ ဒကာ,ဒကာမဖြစ်မှာ မကြိုက်တာ ကုလမစ္ဆရိယပဲ၊ကိုယ့်မိတ်ဆွေ သူ့မိတ်ဆွေ လာလုပ်မှာ မကြိုက်ဘူး၊

(၃) 'လာဘမစ်ဆရိယ'

ကိုယ်ရတာမျိုး သူမျိုး မရစေချင်တာလာဘမစ်ဆရိယ။

(၄) 'ဝဏ္ဏမစ္ဆရိယ' ဆိုတာ

ကျော်ကြားမှုနဲ့ ပတ်သက်လာလို့ရှိရင်ကိုယ်ပဲ ကျော်ကြားချင်တယ်၊
သူများ မကျော်ကြားစေချင်ဘူး။

(၅) 'ဓမ်မမစ်ဆရိယ'ဆိုတာ

ကိုယ်သိတဲ့တရားကို သူများ မပေးချင်ဘူး၊ကိုယ်သိတဲ့ ဗဟုသုတတွေ သူများကို မဖြန့်စေချင်ဘူး၊သူတစ်ယောက်တည်းပဲ တကယ့်ကို ဂုရုကြီး လုပ်ချင်တယ်ပေါ့လေ၊
တစ်ယောကလုံးရဲ့ ဂုရုကြီး၊သူပဲ သိတယ်၊ ကျန်တဲ့လူတွေ မသိရဘူး၊အဲဒါမျိုး လုပ်ချင်တာ၊အဲဒါ ဓမ္မမစ္ဆရိယ လို့ ခေါ်တယ်။

'အာဝါသမစ္ဆရိယ၊ ကုလမစ္ဈရိယ၊ လာဘမစ္ဆရိယ၊ ဝဏ္ဏမစ္ဆရိယ၊ ဓမ္မမစ္ဆရိယ' ဆိုပြီးတော့ မစ္ဆရိယငါးမျိုး ရှိတယ်၊ 

မစ္ဆရိယဆိုတာ ကိုယ်ရထားတဲ့
အနေအထားမျိုး သူများကို မရစေချင်တာ အဲဒါကို ဟြေတာနော်၊ဒါလည်းပဲ မရစေချင်ဘူးဆိုတော့ သူက ဒေါသနဲ့ ယှဉ်တယ်။

   ပါမောက္ခချုပ်ဆရာတော်
    ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ

Credit.....

No comments:

Post a Comment