ထုံတာ ကျင်တာပဲဖြစ်ဖြစ်၊
ကိုက်ခဲတာပဲဖြစ်ဖြစ် ၊
"စိတ်" ကလေး အသာ
လျှော့ထားပြီးတော့ သူ့အပေါ်မှာ "လက်မခံချင်တဲ့စိတ်"မဖြစ်စေဘဲ..
"စိတ်" အေးအေး နဲ့
"အရှိကို အရှိအတိုင်း"
သိ , သိ ပေးနေလို့ရှိရင်,
အဲဒီ "နာကျင်မှု , ဖောက်ပြန်မှု" တွေဟာ ပြောင်း,ပြောင်း သွားတာ တွေ့ရမယ်။မပင်ပန်းပဲနဲ့ ကြည့်နိုင်လာမယ်။
"ကိုယ်နာသော်လည်း စိတ်မနာ" ဆိုတဲ့ အခြေအနေထဲ ရောက်လာမယ်။
ဒါကြောင့် ဘာပဲ ဖြစ်လာ ဖြစ်လာ "စိတ်"အေးအေးနဲ့ ကြည့်နိုင်ဖို့လိုတယ် ။
ဒီလို
"သတိ" လေးနဲ့ အေးအေးကြည့်တဲ့ အကျင့်
ရသွားရင်, ဒီထက်ပိုဆိုးတဲ့"နာကျင် ခံခက်မှု"
မျိုး ကြုံလာရင်,
အေးအေးကြည့်တတ်တဲ့ အရည်အချင်းဟာ တဖြည်းဖြည်း တိုးတက်လာမယ် ။
"စိတ်" ကို ကျင့်တာ
"အာရုံကောင်း , မကောင်း" နဲ့ မဆိုင်ပါဘူး
အခုဖြစ်တဲ့ "ဝေဒနာ" က
ထိုင်တုန်း ခဏတဖြုတ်ဖြစ်တာပါ။
ခုချက်ချင်း ပြင်လိုက်ရင် ပျောက် သွားမှာပါဘယ်လောက်မှ မကြီးကျယ်ပါဘူး။
နောင်တစ်ချိန် ဆေးရုံမှာဖြစ်စေ ၊
ဆေးခန်းမှာဖြစ်စေ ၊ "ဘယ်လိုနည်းနဲ့မှ
ဖျောက်လို့မရတဲ့ ဝေဒနာ တစ်ခုခု " နဲ့ကြုံလာရင်
လှည့်လို့ ပြောင်းလို့မရတဲ့ အိပ်ယာထဲမှာ
"ဝေဒနာတစ်ခုခု" ကြာရှည် ခံစားရမယ်ဆိုရင်,
"စိတ်မနာအောင်" ဘယ်လို နေမလဲ ...?
ဘယ်လို"စိတ်ထားမျိုး" နဲ့ ကြည့်မလဲ။ ကြိုတင် ပြင်ဆင်ထားဖို့ ခုကတည်းက
လေ့ကျင့်ထားဖို့ လိုတယ်။
"ဒုက္ခ" ကို တွန်းဖယ်ရင်
"ဒုက္ခ" ဟာ ပိုဆိုးတယ်
ဒါကြောင့် တွန်းဖယ်ဖို့ မကြိုးစားဘဲ
လိုလိုချင်ချင်နဲ့ ကြည့်ပါ။
တစ်ခါတလေ ကြည့်ရင်း
လျော့သွား တာလည်းရှိတယ်
မသက်မသာ တိုးလာရင်
စိတ်ထဲ တင်းကျပ်မှု များလာမယ်။ ကိုယ်ခန္ဓာလည်း တောင့်တင်းလာတယ် ။
စိတ်မကျေမနပ်လည်း ဖြစ်လာတတ်တယ်
အဲဒီ "မကျေနပ်တဲ့စိတ်" ကို သိ , သိ
ပြီးတော့အသာကလေးနေပေး လိုက်ပါ။
ကိုယ် "နာ" ပေမယ့်
"စိတ်တင်းကျပ်မှု" လျှော့လာမယ်
"စိတ်တင်းကျပ်မှု" ဖြစ်ရင်
"စိတ်" ထဲမှာ တင်းတာကို
အရင်သိအောင် ကြည့်ပါ။
ကြည့်ရင်း နဲ့ နောက်ဆုံးမှာ
ဘယ်လိုနည်း နဲ့ မှ သည်းမခံ
နိုင်ဘူး ဆိုရင်တော့
"သတိ" လေးနဲ့ သိပြီးတော့
"လက် , ခြေ " အနေအထား ပြင်ပါ။
ဝေဒနာ ရှုနည်း နဲ့ ပတ်သက်ပြီး နာကျင် ကိုက်ခဲ တာကိုပဲ
အာရုံစိုက် ရှုခိုင်းတာ များတယ်။နာလေလေ စူးစိုက်လေလေ။
စိတ်ခံစားချက် ဘက်က ရှုဖို့ မမေ့နဲ့ ၊ သိပ်နာနေရင် သူ့ကို အာရုံမပြုနဲ့ မခံချင်တဲ့ ခံစားချက်ကို အာရုံပြုပေး။
မကြိုက်ရင် မကြိုက်တဲ့စိတ်ကလေးကို အာရုံပြုပေး သတိထားပေး။
စိတ်ကောင်းရင် အားလုံးကောင်းသွားတယ်
မခံချင်တဲ့စိတ် ပျောက်ချင်တဲ့စိတ်။ ဖြစ်နေရင် အဲဒီစိတ်ကိုကြည့် ၊ ကြည့်ပေးရင် အေးချမ်းသွားမယ် ။
နာတဲ့ နေရာ ကိုချည်း သွားမကြည့်နဲ့နာတာ ကိုချည်း သွားကြည့် နေရင် နာတာကြီးကို ပုံကြီးချဲ့သလို ဖြစ်တယ်။
မကြိုက်ရင် မကြိုက်တဲ့ စိတ် ကလေးကို ကြည့်တင်းကျပ်တဲ့ စိတ်ကလေးကို လျှော့ပြီး
သက်သက်သာသာနဲ့ ကြည့်ပေးပါ။ သည်းခံပြီး ကြည့် ပေးပါ။
မရတော့လည်း ပြောင်းပြင်ရတာပေါ့။ သတိ ထားပြီးကြည့်နေပါ။
နာတာကို။ "ခန္ဓာ" နဲ့ မရောစေနဲ့ ကိုယ်က သပ်သပ် ၊ စိတ်ခံစားမှုက သပ်သပ် စီမှန်း သိအောင် ကြည့်ပါ။
ပညတ် ပရမတ်ခွဲခြားနားလည်ဖို့ ပြောတာပါ
ကိုယ် နဲ့ ခန္ဓာ မရောစေနဲ့ မရှိတာကို မကြည့်နဲ့
မရှိတာက "ပညတ်"
ဒူး , ခါး , တင် , ရင် , ခြေ , လက် စသည့်များရှိတာက ပရမတ် ... ရုပ် , နာမ် , သဘော ,သဘာဝ
ဝိပဿနာတရား ရှုရာမှာ
ပညတ် ၊ ပရမတ် ကွဲဖို့
သိပ်အရေးကြီးတယ်
ဝေဒနာ ကို ဘာဖြစ်လို့ မကြိုက်တာလဲ ဝေဒနာ နဲ့ ဖက်ပြီး သေရမှာပါ
အသုံးချတတ်ရင်
ရန်သူ ဟာ မိတ်ဆွေ ဖြစ်တယ် ပေါင်းတတ်ဖို့ပဲ လိုပါတယ် ..။
No comments:
Post a Comment