စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Friday, September 23, 2022

အသက်ရှည်ချင် ဤသုံးအင်

အသက်ရှည်ချင် ဤသုံးအင်
*****
သောကကို ရှောင်၊
ဝအောင် မစား၊
လှုပ်ရှား ကိုယ်လက်၊
ဤသုံးချက် အသက်ရှည်ကြောင်းမှတ်။

၁။ သောကဖြစ်စရာများကို ရှောင်ရပါမည်။ စိုးရိမ် ကြောင့်ကြ ဗျာပါရ စိတ်ဖိစီးမှုများလျှင် စိတ်ထောင်း ကိုယ်ကြေ ဆိုတဲ့အတိုင်း အိုလွယ် နာလွယ်၍ အသက်တိုတတ်ပါတယ်။

၂။ အစားအစာကို ဗိုက်တင်းအောင် စားခြင်းမှ ရှောင်ကြဉ်ရပါမည်။ ဘုရားဟောအရ ထမင်းလေးလုပ်စာ ငါးလုပ်စာလောက် ချန်ထား၍ ရေသောက်ရပါမည်။
အစားအစာ လွန်ကဲပါက ကျောက်ကပ်၊ နှလုံး၊ ဆီးချို၊ သွေးတိုး ရောဂါတွေအတွက် ဖြစ်နိုင်ခြေ များလာသဖြင့် အိုလွယ် နာလွယ်ကာ အသက်တိုလွယ်တတ်ပါတယ်။

၃။ နေ့စဉ် ကိုယ်လက် လှုပ်ရှားမှု ရှိနေရပါမည်။
နေ့စဉ် လှုပ်ရှားမှုက အစာကြေညက်စေပါတယ်၊ သွေး လေ လည်ပတ်မှု ကောင်းသဖြင့် အဆီပိတ်ခြင်း၊ သွေးတိုးခြင်း၊ ဆီးချိုတက်ခြင်းတို့မှလည်း ကာကွယ်စေပါတယ်။ အကြောအခြဉ်တွေ လတ်ဆတ်ပြီး သန်မာစေပါတယ်။ ကျန်းမာပြီး အသက်ရှည်စေပါတယ်။

ရောဂါဘယ ကင်းဝေးပါစေ။
သက်ရှည် ချမ်းသာပါစေ။

#ကျန်းမာရေးဗဟုသုတ

ရွှင်လန်းချမ်းမြေ့ပါစေ။
သီတဂူစတား
၁၇-၉-၂၀၂၂

No comments:

Post a Comment