༺❈❈❈༻
❀ အနှစ်နဲ့အကာကို ခွဲခြားပြီး သိမယ်ဆိုလို့ရှိရင် အကာအတွက် အချိန်များများမပေးတော့ဘူး။ အနှစ်သာရ ရဖို့အတွက် အချိန်များများပေးရမယ်။ တကယ့်အနှစ်သာရကကိုယ်ကျင့်တရားသာဖြစ်တယ်။ အဲဒီ အနှစ်သာရလေးကို ဖျက်ပြီးတော့ ဘာမှအနှစ်မရှိတဲ့ ခန္ဓာကြီးအတွက် သီလတွေရပ်နား, အနှစ်သာရကိုဖယ်ရှားပြီးတော့ အနှစ်မဲ့တဲ့အရာကို ယူကြတယ်။ ထို့အတူပဲ အကုသိုလ်ဖြစ်တာ ကြည့်မယ်ဆိုရင် အကာအတွက် အကုသိုလ်ဖြစ်တာ များတယ်။ အနှစ်အတွက် အကုသိုလ်ဖြစ်တာနည်းတယ်၊ ဖြစ်စရာလည်း မရှိဘူးပော့နော်။
❀ ဘယ်ဟာက အကာ၊ ဘယ်ဟာက အနှစ်ဆိုတာ သိဖို့လိုတယ်။ သိလာပြီးတဲ့နောက်မှာ အကာကို ဂရုမစိုက်ဘဲနဲ့ အနှစ်သာရကို ရအောင်ယူတတ်ဖို့ အရေးကြီးတယ်၊ အနှစ်သာရကိုမှ ရအောင် မယူတတ်ဘူးဆိုရင် နောက်ဆုံးမှာ ဘာမှမကျန်ရစ်တဲ့ အနေအထားမျိုးရောက်မယ်။
❀ အကာကို ခင်တွယ်နေတဲ့အတွက်ကြောင့် အနှစ်မရဘူး။ အကာကြီးကလည်း ကိုယ်ခင်တွယ်ပြီးနောက် စွန့်ပစ်ရမယ့် အနေအထားမျိုး ရောက်သွားတယ်။ ကိုယ်ဘာမှ မရလိုက်တဲ့အနေအထားမျိုး ဖြစ်သွားတယ်ပေါ့။
❀ လူတွေ အထင်ကြီးနေကြတာက အကာတွေပါ။ လောကမှာ လူတွေအများက ဘာတွေအထင်ကြီးသလဲဆိုရင် ရှိတဲ့ပစ္စည်းဥစ္စာတွေပေါ်မှာ အထင်ကြီးကြတယ်၊
ရာထူးပေါ်မှာ အထင်ကြီးကြတယ်၊ အာဏာပါဝါပေါ်မှာအထင်ကြီးကြတယ်၊
ရာထူးဆိုတာလဲ တစ်ခဏပဲ၊ အာဏာပါဝါဆိုတာလဲ တစ်ခဏပဲ။ စည်းစိမ်ဥစ္စာဆိုတာလဲ တစ်ခဏပဲ၊အကန့်အသတ်တွေနဲ့ချည်းပဲ၊ အကုန်လုံး ဘယ်အရာမှ ခိုင်မြဲတာမရှိဘူး။ အဲဒါတွေအပေါ်မှာ လူတွေ နေ့စဉ်နဲ့အမျှ ရှာဖွေပြီး တပ်မက်နေကြတာ လက်လွတ်မခံနိုင်ကြတာ ဒါတွေအတွက်ပဲ။
❀ သဒ္ဓါတရားပျက်သွားလို့ ကိုယ်ကျင့်တရားပျက်သွားလို့ ဆိုတာမျိုးကို စိုးရိမ်သောကရောက်ရမှာကို မသိဘူး၊ တကယ်စိုးရိမ်သင့်တာကတော့
-ကိုယ်ကျင့်တရားပျက်ခြင်း
- အသိအမြင်ပျက်စီးခြင်း
ဒါတွေကမှ စိုးရိမ်စရာကောင်းတာ။
ဒေါက်တာနန္ဒမာလာဘိဝံသဆရာတော်
❀ မြတ်ဗုဒ္ဓ၏တရားတော်များကို လူတိုင်းရင်ထဲတွင် ကိန်းဝပ်စေချင်သော ဆရာတော်၏ဆန္ဒမွန်ကို ပါရမ်ီဖြည့်ဆည်းခြင်း၊တရားအသိဉာဏ်ပေးလှူခြင်း
သက်သက်ဖြစ်ပါ၍
တရားဓမ္မကို လိုလားသော,
တရားဓမ္မကို ဖြန့်ဝေလိုသော
မည်သူမဆို လွတ်လပ်စွာ ဓမ္မဒါနပြုနိုင်ပါသည်။
Credit to original writer.
#AshinKesarinda မှ ထပ်ဆင့်ဓမ္မဒါနကုသိုလ်ပြုပါသည်။
စာရေးသူ၏ အောက်ပါအကောင့်တွင် ဓမ္မစာပေများ ဖတ်ရှု့နိူင်ပါသည် ။👇👇👇
No comments:
Post a Comment