စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, September 27, 2022

စကားပြောဆိုရာတွင်

မြတ်စွာဘုရားက သားတော်ရာဟုလာကိုဆုံးမခဲ့တယ်..

“ချစ်သား- မင်းစကားပြောမယ် 
ကြံလို့ရှိရင် ငါပြောမယ့်စကားဟာ တစ်ဖက်သား ထိခိုက်
မှာလား.....ဒီလိုမှမဟုတ် 
မိမိကို ပြန်ထိခိုက်မှာလား၊ 
ဒါမှမဟုတ် နှစ်ဦးစလုံး
 ထိခိုက်မလား...... 
စဉ်းစားပါ။ 
အဲဒီလို ထိခိုက်မယ့် 
စကားမျိုးဆိုရင် 
အခု အချိန်ကစပြီး 
တစ်သက်လုံး မပြောပါနဲ့"

“မင်းအလုပ် လုပ်မယ်
ကြံလို့ရှိရင် ငါလုပ်မယ့်
အလုပ်ဟာ တစ်ဖက်သား 
ထိခိုက်မှာလား....
ကိုယ့်ကို ပြန်ပြီး 
ထိခိုက်မှာလား.....
နှစ်ဦးစလုံးကို 
ထိခိုက်စေမှာလား.....
အဲသလို ထိခိုက်မယ့်
အလုပ်မျိုးကို ယခု
အချိန်ကစပြီး 
တစ်သက်လုံး 
မလုပ်မိပါစေနဲ့”

“စိတ်ကူးတွေးတော
ကြံစည်ရာမှာလည်း 
ငါ့အကြံအစည်ဟာ
 တစ်ဖက်သားကို 
ထိခိုက်မလား....
မိမိကို ပြန်ပြီးထိခိုက်
စေမှာလား...... သို့မဟုတ် 
နှစ်ဦးစလုံး ထိခိုက်စေမယ့် 
အတွေးအခေါ် 
အကြံအစည်မျိုးဆိုရင်လည်း တစ်သက်လုံး 
မတွေးခေါ် မကြံစည်ပါနဲ့”တဲ့။

ကာယကံ၊ ဝစီကံ၊ မနောကံ၊
 ကံသုံးပါးလုံး 
ဘယ်သူ့မှ မထိခိုက်စေဖို့ မြတ်စွာဘုရား 
ဟောတော်မူခဲ့ပါတယ်။

(ဗောဓိတစ်ထောင်ဆရာတော်ကြီး)🙏🙏🙏

No comments:

Post a Comment