စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Sunday, September 18, 2022

စိတ်ကလေးကောင်းနေဖို့လိုတယ်..

"စိတ်ကလေးကောင်းနေဖို့ လိုတယ်"
------------------

ကျန်တာတွေကမကောင်းဘူး။
ကျန်တာတွေကမတည့်ဘူးဆိုရင် ကိုယ်တည့်ရမှာက ဘာတုံးဆို တရားဓမ္မနဲ့တော့ တည့်အောင်နေရမယ်။

မျက်စိမကောင်းချင်နေ၊ခါးမကောင်းချင်နေ။ နားမကောင်းချင်နေ၊ကျောက်ကပ်မကောင်းချင်နေ၊ နှလုံးမကောင်းချင်နေ၊ အသည်းမကောင်းချင်နေဘာကောင်းရမလဲ ။
စိတ်ကလေးကောင်းနေဖို့လိုတယ်။

ဒီစိတ်ကလေးကောင်းနေအောင် 
ဘုရားအပေါ်မှာ နှစ်နှစ်ကာကာ ယုံကြည်တဲ့သဒ္ဓါ  
တရားလေး ကောင်းနေဖို့လိုတယ်။
.
အဲဒီသဒ္ဓါတရားလေးကောင်းနေလို့ရှိရင် 
ကျန်တာတွေက ပစ်ထားခဲ့ရမှာပဲ။
ကောင်းလည်း ပစ်ရတာပဲ။
မကောင်းလည်းပစ်ရတာပဲ။

ခန္ဓာကိုယ်ကြီးဆိုတာ ငယ်ငယ်ရွယ်ရွယ်နဲ့
သေသွားတဲ့သူလည်း ကောင်းတုန်းပစ်ခဲ့ရတာပဲ။

အသက်ကြီးမှသေသွားတဲ့သူက မကောင်းလို့။
မကောင်းလို့ပစ်ခဲ့တယ်ဆိုပေမယ့် 
အသက်ငယ်တဲ့သူလည်း ကောင်းတုန်းပစ်ထားခဲ့ရတာပဲ။

ဒီတော့ကိုယ်သတိထားရမှာက 
အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ဆိုတာ
ဘာလဲဆိုရင်ကိုယ့်ရဲ့စိတ်ဓာတ်ပဲ။ 

မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေနဲ့ ထုံမွှမ်းပြီးနေထားတဲ့စိတ်ဟာ ဘယ်တော့မှအောက်ကိုမရောက်စေဘူး။ ။

 ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ

Credit...

No comments:

Post a Comment