စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, September 21, 2022

ငါတရားမှရပါ့မလား..

#ငါ တရား မှ ရပါ့မလား
******************

       #ငါ တရားမှ ရပါ့ မလား လို့ 
တွေးမိလေတိုင်း တွေးမိလေတိုင်း သာသနာ၌မပျော်ပိုက် လူထွက်လိုသည့်"တိဿ....."မထေရ်။

   #တိဿမထေရ်သည် 
အာဂန္တုကရဟန်းများနှင့်
ပြဿနာဖြစ်ပြီးနောက် 
မြတ်ဗုဒ္ဓ၏
အဆုံးအမအောက်တွင်တည်ခဲ့၏။

ယခင်ကလို ပေါ့ပျက်ပျက် မနေတော့
ရဟန်းဝိနည်းများကိုသင်ယူခြင်း
ကမ္မဌာန်းတရားများကို ရှုပွားခြင်းများ
ပြုလာလေ၏။

သေခြာလေ့လာ ဆည်းပူးကြည့်မှ
သာသနာတော်တွင်း ရဟန်းဘဝဟူသည်
ဆူးကြားက ဗူးခါးသီးလို 
လှုပ်မရလောက်အောင် များပြားသော
ဝိနည်းသိက္ခာများ 
ခက်ခဲနက်နဲသော ကမ္မဌာန်းကျင့်စဉ်
များကို လေ့လာမိပြီး
"ငါတရားမှ ရပါမည်လား"ဟု
သံသယဝင်လာကာ သာသနာ၌မပျော်
လူထွက်လိုကြောင်းသာ 
သီတင်းသုံးဖော်များကို ပြောလေ၏။

ဤအကြောင်းကို
မြတ်စွာဘုရားသိသောအခါ
တိဿ.....အားခေါ်၍မေးလေ၏။
"တိဿ..... 
သာသနာ၌မပျော် လူထွက်လိုသည်မှာ
မှန်သလော့"
"မှန်ပါ ဘုရား တပည့်တော် သာသနာ၌
မပျော်ပါဘုရား ငါတရားမှရပါမည်လား
လို့လဲ သံသယ ဖြစ်နေပါသည်ဘုရား"

တိဿ.....မထေရ်၏စိတ်တွင်
အရာရာ"ငါ"ပါ၍ရှုတ်ထွေးနေ၏။
တကယ်တော့"ငါ"ဟူ၍စွဲလန်းစရာမရှိ။

တရားသိသည် တရားရသည်ဆိုရာ၌
တရားကိုသူက ငါက သိသည်မဟုတ်။
သူက ငါက ရသည်မဟုတ်။
တရားကို တရားကသာ သိခြင်းတည်း။
အသိခံတရားတွင်လည်း
သူငါမနှောသော
တရားသက်သက်သာဖြစ်၏။
အသိဉာဏ်ထဲမှာလည်း
သူမပါ ငါမစွက် 
တရားသက်သက်သာဖြစ်၏။

မြတ်စွာဘုရားသည်
တရားကိုတရားအတိုင်းအမြင်မရှင်းသူ
တိဿ.....အားခန္ဓာငါးပါးကိုအခြေပြု၍
တရားပြရလေ၏။
"တိဿ..... 
ခန္ဓာငါးပါးတို့အပေါ်ဝယ်
တွယ်တာကပ်ငြိမှုမကင်းလျင်
ထိုခန္ဓာငါးပါးတို့ 
ဖောက်လွဲဖောက်ပြန် ဖြစ်သောအခါ 
စိုးရိမ်ပူဆွေး ငိုကြွေးရခြင်း
ဆင်းရဲခြင်းပြင်းစွာ စိတ်ဝေဒနာခံစားရခြင်း
တို့ဖြစ်ပေါ်လာကြသည်မဟုတ်လော့"

"ဖြစ်ပေါ်လာကြပါသည်ဘုရား"

"သာဓု သာဓု သာဓု တိႆ....."

"တိဿ.....
ခန္ဓာငါးပါးအပေါ်ဝယ် 
တွယ်တာကပ်ငြိမှု ကင်းရှင်းပါလျင်
ထိုခန္ဓာငါးပါးတို့
ဖောက်လွဲဖောက်ပြန်ဖြစ်သောအခါ
စိုးရိမ်ပူဆွေး ငိုကြွေးရခြင်း
ဆင်းရဲခြင်းပြင်းစွာ စိတ်ဝေဒနာ ခံစားရခြင်း
တို့ဖြစ်ပေါ်လာကြဦးမည်လော့"

"ဖြစ်ပေါ်မလာကြတော့ပါဘုရား"

"သာဓု သာဓု သာဓု တိႆ....."

"တိဿ.....
ခန္ဓာငါးပါးသည် နိစ္စလော့ အနိစ္စလော့"
"အနိစ္စပါဘုရား"

"တိဿ.....
ခန္ဓာငါးပါးသည် အနိစ္စဖြစ်သောကြောင့်
အတိတ် အနာဂါတ် ပစ္စုပ္ပါန် အတွင်းအပြင်
အကြမ်းအနု အယုတ်အမြတ် အနီးအဝေး
ဟူ၍ တစ်ဆယ့်တစ်ပါးသောအခြင်းအရာ
တို့ဖြင့် ပေါင်းစည်းထားသော ခန္ဓာငါးပါးတို့
အပေါ်ဝယ် ဤခန္ဓာငါးပါးသည် "ငါ"မဟုတ်
ဤခန္ဓာငါးပါးသည်"ငါ၏အတ္တ"မဟုတ် ဟူ၍
ဟုတ်တိုင်းမှန်စွာ ဉာဏ်ပညာဖြင့် ရှုမြင်အပ်၏"

"တိဿ
ဤသို့ရှုသောငါဘုရား၏တပည့်သည်
ခန္ဓာငါးပါး၌ငြီးငွေ့၏။
ငြီးငွေ့သော်
တပ်မက်ခြင်းကင်းရာ နိဗ္ဗာန်ကိုမြင်၏။
နိဗ္ဗာန်မြင်သော မဂ်ဉာဏ်နောက်ဝယ်
လွတ်မြောက်ပြီးသော ဖိုလ်ဉာဏ်ပေါ်၏။
ထို့နောက်ပစ္စဝေက္ခဏဉာဏ်ပေါ်၏။
မဂ်လေးတန်ဖိုလ်လေးတန်ဖြင့်
မြင့်မြတ်သောအရိယာဉာဏ်ကိုရ၏။
ပဋိသန္ဓေနေရန်မရှိပြီ။
ကျင့်စရာဟူသ၍ကျင့်ပြီးပြီ။
ပြုစရာရှိသမျှပြုပြီးပြီ။
နိဗ္ဗာန်ရရေးအတွက် 
အခြားတပါး ပြုစရာ ကျင့်စရာ
မရှိတော့ပြီဟု ဟုတ်တိုင်းမှန်စွာသိလေ၏"

"သာဓု သာဓု သာဓု ပါအရှင်ဘုရား"

သည်တစ်ခါ သာဓုခေါ်သူမှာ တိဿ.....ဖြစ်၏။
မြတ်စွာဘုရား၏ မေးခွန်းများကိုဖြေကြားရင်း
"ငါ"ဒုက္ခအပေါင်းမှလွတ်မြောက်ရာလမ်းကို
တွေ့မြင်လိုက်ရပြီမဟုတ်ပါလား။

"ခန္ဓာငါးပါးမျှသာဖြစ်သော"
"ငါဟူ၍စွဲလန်းစရာဘာမျှမရှိသော"
"တရားသဘောသက်သက်တွင်"
"အဘယ်ငါဖြင့်တရားမှရပါမည်လား"
ဟူ၍ သံသယဖြစ်စရာ စိုးရိမ်စရာ
ရှိတော့အံ့နည်း"

#သုခိတာ ဟောထ ဒုက္ခမုစ္စထ

ခန္ဓသံယုတ် ထေရဝဂ် 
တိဿသုတ် ပါဠိတော်နှင့် အဌကထာ။

Credit. ...ဦးပညိန္ဒ

No comments:

Post a Comment