စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, September 8, 2022

အဆိုးနဲ့အကောင်း

. အဆိုးနဲ့အကောင်း
┈⊰᯽⊱.•´ ❀ ´•.⊰᯽⊱┈

❀ တစ်ချို့ပုဂ္ဂိုလ်တွေက သံဃာတွေထဲမှာ အမြင်မတော်တဲ့ပုဂ္ဂိုလ်တွေကိုကြည့်ပြီး အပြစ်ဆိုကြတယ်၊ လောကမှာ အဆိုးနဲ့အကောင်းဆိုတာ ဒွန်တွဲနေတာ ဖြစ်တယ်၊ အဆိုးရှိရင် အကောင်းရှိမယ်၊ အနှစ်နဲ့အကာ ဆိုတာလည်း ဒွန်တွဲနေတတ်တယ်၊ အဆိုးနဲ့အကောင်းကို ခွဲခြားမြင်တတ်ဖို့ လိုအပ်တယ်နော်။

❀ လောကသားတွေထဲမှာ အဆိုးဆိုတာ မည်သည့်နေရာမှာမဆို ရှိတယ်၊ အဆိုးရှိရင် အကောင်းလည်း ရှိတယ်၊ အကောင်းနဲ့အဆိုးထဲမှာ အဆိုးတွေ များမလာဖို့ဘဲ အရေးကြီးတယ်၊ အကောင်းတွေ ဆက်လက်ကောင်းပြီးတော့ အကောင်းတွေ များလာဖို့ပဲ လိုအပ်တယ်ပေါ့။

❀ လောကသဘာဝကိုက အဆိုးနဲ့အကောင်းမှာ
အကောင်းက အဆိုးကို ဆွဲဆောင်ဖို့ရာ ခက်တယ်၊ အဆိုးကသာ အကောင်းကို ဆွဲဆောင်သွားတတ်တာ လောကရဲ့ သဘာဝပဲဖြစ်တယ်။

❀ ဆိုပါစို့- သရက်သီး ၁၀-လုံး ရှိတဲ့အထဲမယ် တစ်လုံးက ပုပ်နေတယ်၊ ကျန်တဲ့ကိုးလုံးက ကောင်းတယ်၊ အတူတူထားလိုက်လို့ရှိရင် အကောင်း ၉-လုံးက အပုပ်တစ်လုံးကို ကောင်းအောင် မလုပ်ပေးနိုင်ဘူး။ အဲဒီ အဆိုးတစ်လုံးရဲ့ နောက်ကိုပဲ အကောင်း ၉-လုံးက လိုက်သွားပြီး အားလုံးဟာ အပုပ်ဖြစ်သွားတယ်။

❀ အကောင်းတွေချည်းရှိနေဖို့ ဆိုတာဟာ ဘယ်ခေတ် ဘယ်ကာလမှ ရှိနိုင်တာ မဟုတ်ဘူး၊ အကောင်းနဲ့အဆိုးဆိုတာ ရောနေတာဖြစ်တယ်၊ အကောင်းတွေကိုကြည့်ပြီး ကိုယ်ကောင်းအောင် ဆောင်ရွက်သွားဖို့သာ အလွန်အရေးကြီးတယ်ပေါ့။

ဒေါက်တာနန္ဒမာလာဘိဝံသဆရာတော်

❀ မြတ်ဗုဒ္ဓ၏တရားတော်များကို လူတိုင်းရင်ထဲတွင် ကိန်းဝပ်စေချင်သော ဆရာတော်၏ဆန္ဒမွန်ကို ပါရမ်ီဖြည့်ဆည်းခြင်း၊
တရားအသိဉာဏ်ပေးလှူခြင်း သက်သက်ဖြစ်ပါ၍
တရားဓမ္မကို လိုလားသော,
တရားဓမ္မကို ဖြန့်ဝေလိုသော
မည်သူမဆို လွတ်လပ်စွာ ဓမ္မဒါနပြုနိုင်ပါသည်။

Credit to original writer. 

#AshinKesarinda မှ ထပ်ဆင့်ဓမ္မ
ဒါနကုသိုလ်ပြုပါသည်။

No comments:

Post a Comment