စာလုံး
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
Tuesday, November 3, 2015
အို..လူသား
( ၁ ) အိုလူသား...
     မျက်​၀ါးထင်​ထင်​ သင့်​​ရှေ့တွင်​ပင်​  မိခင်​၀မ်းမှ  ကျွတ်​ခါစဟု  ချက်​မျှမကျွတ်​​သေး လူက​လေးကို ​တွေး၍ဥာဏ်​၀င်​  အသင်​မြင်​​လော့...။
     သင်​လည်းဧကန်​  ဘ၀ကျန်​မူ အမှန်​ဤလမ်း အမိဝမ်းဝယ်​  မချမ်းမသာ  ​နေရပါလိမ့်​...
              (( ပဋိသ​န္ဓေ​နေခြင်း ))
** အဖန်​ဖန်​ ပဋိသ​န္ဓေ​နေရခြင်းသည်​ ဆင်းရဲ၏..။
               ❆ရှင်​​တော်​မြတ်​​ဗုဒ္ဓ ❆
*****************
( ၂ ) အိုလူသား.. .
     မျက်​၀ါးထင်​ထင်​ သင့်​​ရှေ့တွင်​ပင်​ အမြင်​မလှ ကာယကုပ်​ကိုင်း  နားကထိုင်းနှင့်​ မှိုင်းမှိုင်းအမြင်​  ဆံဖြူမျှင်​နှင့်​  ပါးပြင်​ချိုင့်​လိပ်​   ​မှေးမှိတ်​မျက်​လုံး  မျက်​၀တ်​ဖုံးနှင့်​ ကုန်းကုန်း ဘိုး  ဘွား  ... သင်​ရှုစား​လော့..။
     သင်​ကားမ​ရွေ့ တစ်​​နေ့​နေ့၌ ​တွေ့လိမ့်​ဤပုံ  ​သေ​ဘေးကြုံလိမ့်​.. ။...။
**************
( ၃ ) အိုလူသား.. .
     မျက်​၀ါးထင်​ထင်​ သင့်​​ရှေ့တွင်​ပင်​  ကျင်​နာခံခက်​ လူးလည်​လျက်​နှင့်​  ​အောက်​ထက်​​လျှောအန်​  ​ရောဂါဒဏ်​​ကြောင့်​  မခံရပ်​နိုင်​  ပူမီးလှိုင်​​သော  ကြံ့ခိုင်​မထင်​  ​ရောဂါရှင်​ကို  ဥာဏ်​အမြင်​လွှမ်း  သင်​ရှု့စမ်း​လော့...
     မာကျန်းဟုထင်​  လူသားသင်​လည်း  မျက်​မြင်​သူနာ   ကဲ့ပမာသို့.  ထိတ်​စရာပုံ  နာ​ဘေးကြုံလိမ့်​...။
******************
( ၄ ) အိုလူသား.. ..
     မျက်​၀ါးထင်​ထင်​ သင့်​​ရှေ့တွင်​ပင်​ ချစ်​ခင်​သူအား ပစ်​ခွာထား၍ တစ်​ပါးဘ၀ ​ပြောင်းကြွပုပ်​​ဟောင်​ လူ​သေ​ကောင်​ကို မြင်​​အောင်​ဥာဏ်​၌ စွဲယူပိုက်​​လော့..။ 
အခိုက်​တစ်​ခဏ လူဖြစ်​ရလည်း မုချမ​သွေ ဤသူ​သေလို  စွန့်​​ချွေဇီဝ. မရဏဖြင့်​ ဘ၀တစ်​ပတ်​ အဆုံးသတ်​လိမ့်​..။..။
( ၅ ) အိုဘယ့်​လူသား....
**•••••••**•••••••**•••••••**•••••••
❆ တည်​​တော ဆရာ​တော်​ဘုရားကြီးဘဒ္ဒန္တ​ဒေ၀ိန္ဒာဓိပတိ
              ( ထီးချိုင့်​မြို့)
1 comment:
  1. ကူးယူဖြန့်​​ဝေပါရ​စေ
    ReplyDelete