စာလုံး
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
Sunday, July 31, 2016
ပါရမီ၁၀ပါး၊ အပြား ၃၀
💥💥ပါရမီ၁၀ပါး အပြား၃၀💥💥
••••••••••••••••••••••••••••••••••
၁။ ဒါနပါရမီ = မိမိခန္ဓာကိုယ်နှင့်မစပ်သော ပစ္စည်းဥစ္စာ၊ သား၊ သမီး၊ ဇနီး အစရှိသည်တို့ကိုလှူဒါန်းခြင်း။
ဒါနဥပပါရမီ = ခြေ၊ လက် အစရှိသော မိမိခန္ဓာကိုယ်အစိတ်အပိုင်းကို စွန့်လွှတ်လှူဒါန်းခြင်း။
ဒါနပရမတ္ထပါရမီ = မိမိအသက်ကို စွန့်လွှတ်လှူဒါန်းခြင်း။
၂။ သီလပါရမီ = မိမိခန္ဓာကိုယ်နှင့်မစပ်သော ပစ္စည်းဥစ္စာ၊ သား၊ သမီး၊ ဇနီး အစရှိသည်တို့ကိုငဲ့ကွက်ခြင်းမရှိဘဲ မိမိသီလကိုဖြောင့်တန်းစွာစောင့်ထိန်းခြင်း။
သီလဥပပါရမီ = ခြေ၊ လက် အစရှိသော မိမိခန္ဓာကိုယ်အစိတ်အပိုင်းကိုငဲ့ကွက်ထောက်ထားခြင်းမရှိဘဲ မိမိသီလကို ဖြောင့်တန်းစွာစောင့်ထိန်းခြင်း။
သီလပရမတ္ထပါရမီ = မိမိအသက်ကို ထောက်ထားငဲ့ကွက်ခြင်းမရှိဘဲ(စွန့်လွှတ်၍) မိမိသီလကို ဖြောင့်တန်းစွာ စောင့်ထိန်းခြင်း။
၃။ နေက္ခမပါရမီ = မိမိခန္ဓာကိုယ်နှင့်မစပ်သော ပစ္စည်းဥစ္စာ၊ သား၊ သမီး၊ ဇနီး အစရှိသည်တို့ကို စွန့်လွှတ်၍ ကိလေသာတောမှ ထွက်မြောက်ရန်ကြိုးစားအားထုတ်ခြင်း၊ ထွက်မြောက်ခြင်း။
နေက္ခမဥပပါရမီ = ခြေ၊ လက် အစရှိသော မိမိခန္ဓာကိုယ်အစိတ်အပိုင်းကိုအစရှိသည်ကို စွန့်လွှတ်၍ ကိလေသာတောမှ ထွက်မြောက်ရန်ကြိုးစားအားထုတ်ခြင်း၊ ထွက်မြောက်ခြင်း။
နေက္ခမပရမတ္ထပါရမီ = မိမိအသက်ကိုစွန့်လွှတ်၍ ကိလေသာတောမှ ထွက်မြောက်ရန်ကြိုးစားအားထုတ်ခြင်း၊ ထွက်မြောက်ခြင်း။
၎။ ပညာပါရမီ = မိမိခန္ဓာကိုယ်နှင့်မစပ်သော ပစ္စည်းဥစ္စာ၊ သား၊ သမီး၊ ဇနီး အစရှိသည်တို့ကိုငဲ့ကွက်ခြင်းမရှိဘဲ အမှားအမှန်ကို ပိုင်းခြားဆုံးဖြတ်နိုင်ခြင်း။
ပညာဥပပါရမီ = ခြေ၊ လက် အစရှိသော မိမိခန္ဓာကိုယ်အစိတ်အပိုင်းကိုငဲ့ကွက်ထောက်ထားခြင်းမရှိဘဲ အမှားအမှန်ကို ပိုင်းခြားဆုံးဖြတ်နိုင်ခြင်း။
ပညာပရမတ္ထပါရမီ = မိမိအသက်ကို ငဲ့ကွက်ထောက်ထားခြင်းမရှိဘဲ အမှားအမှန်ကို ပိုင်းခြားဆုံးဖြတ်နိုင်ခြင်း။
၅။ ၀ီရိယပါရမီ = မိမိခန္ဓာကိုယ်နှင့်မစပ်သော ပစ္စည်းဥစ္စာ၊ သား၊ သမီး၊ ဇနီး အစရှိသည်တို့ကိုငဲ့ကွက်ခြင်းမရှိဘဲ တရားဓမ္မတို့၌ မဆုတ်မနစ် ကြိုးစားအားထုတ်ခြင်း။
ဝီရိယဥပပါရမီ = ခြေ၊ လက် အစရှိသော မိမိခန္ဓာကိုယ်အစိတ်အပိုင်းကိုငဲ့ကွက်ထောက်ထားခြင်းမရှိဘဲ တရားဓမ္မတို့၌ မဆုတ်မနစ် ကြိုးစားအားထုတ်ခြင်း။
ဝီရိယပရမတ္ထပါရမီ = မိမိအသက်ကို ငဲ့ကွက်ထောက်ထားခြင်းမရှိဘဲ တရားဓမ္မတို့၌ မဆုတ်မနစ် ကြိုးစားအားထုတ်ခြင်း။
၆။ ခန္တီပါရမီ = မိမိခန္ဓာကိုယ်နှင့်မစပ်သော ပစ္စည်းဥစ္စာ၊ သား၊ သမီး၊ ဇနီး အစရှိသည်တို့ကို နိုင်ထက်လုယူ၊ နှိပ်စက်ညှင်းပမ်းသော ရန်သူတို့အပေါ်၌ ပြန်လည်ခုခံမှုလည်းမပြု၊ စိတ်ဆိုးခြင်းလည်းမရှိ ရန်ငြိုးလည်းမထားဘဲ သည်းခံ၍နေခြင်း။
ခန္တီဥပပါရမီ = ခြေ၊ လက် အစရှိသော မိမိခန္ဓာကိုယ်အစိတ်အပိုင်းကို နှိပ်စက်ညှဉ်းပမ်းသော ရန်သူတို့ပေါ်၌ ပြန်လည်ခုခံမှုလည်းမပြု၊ စိတ်ဆိုးခြင်းလည်းမရှိ ရန်ငြိုးလည်းမထားဘဲ သည်းခံ၍နေခြင်း။
ခန္တီပရမတ္ထပါရမီ = မိမိအသက်ကို နှိပ်စက်ညှင်းပမ်း သတ်ဖြတ်သော ရန်သူတို့အပေါ်၌ ပြန်လည်ခုခံမှုလည်းမပြု၊ စိတ်ဆိုးခြင်းလည်းမရှိ ရန်ငြိုးလည်းမထားဘဲ သည်းခံ၍နေခြင်း။
၇။ သစ္စပါရမီ = မိမိခန္ဓာကိုယ်နှင့်မစပ်သော ပစ္စည်းဥစ္စာ၊ သား၊ သမီး၊ ဇနီး အစရှိသည်တို့ကို ငဲ့ကွက်ထောက်ထားခြင်းမရှိဘဲ အမှန်တရားဘက်မှရပ်တည်ခြင်း။
သစ္စဥပပါရမီ = ခြေ၊ လက် အစရှိသော မိမိခန္ဓာကိုယ်အစိတ်အပိုင်းကို ငဲ့ကွက်ထောက်ထားခြင်းမရှိဘဲ အမှန်တရားဘက်မှရပ်တည်ခြင်း။
သစ္စပရမတ္ထပါရမီ = မိမိအသက်ကိုပင် ငဲ့ကွက်ထောက်ထားခြင်းမရှိဘဲ အမှန်တရားဘက်မှရပ်တည်ခြင်း။
၈။ အဓိဋ္ဌာနပါရမီ = မိမိခန္ဓာကိုယ်နှင့်မစပ်သော ပစ္စည်းဥစ္စာ၊ သား၊ သမီး၊ ဇနီး အစရှိသည်တို့ကို ငဲ့ကွက်ထောက်ထားခြင်းမရှိဘဲ မိမိ၏ဆုံးဖြတ်ချက်ကို မယိမ်းမယိုင် ခိုင်မာစွာဆောက်တည်ခြင်း။
အဓိဋ္ဌာနဥပပါရမီ = ခြေ၊ လက် အစရှိသော မိမိခန္ဓာကိုယ်အစိတ်အပိုင်းကို ငဲ့ကွက်ထောက်ထားခြင်းမရှိဘဲ မိမိ၏ဆုံးဖြတ်ချက်ကို မယိမ်းမယိုင် ခိုင်မာစွာဆောက်တည်ခြင်း။
အဓိဋ္ဌာနပရမတ္ထပါရမီ = မိမိအသက်ကိုပင် ငဲ့ကွက်ထောက်ထားခြင်းမရှိဘဲ မိမိ၏ဆုံးဖြတ်ချက်ကို မယိမ်းမယိုင် ခိုင်မာစွာဆောက်တည်ခြင်း။
၉။ မေတ္တာပါရမီ = မိမိခန္ဓာကိုယ်နှင့်မစပ်သော ပစ္စည်းဥစ္စာ၊ သား၊ သမီး၊ ဇနီး အစရှိသည်တို့ကို နိုင်ထက်လုယူ၊ နှိပ်စက်ညှင်းပမ်းသော ရန်သူတို့အပေါ်၌ ပြန်လည်ခုခံမှုလည်းမပြု၊ စိတ်ဆိုးခြင်းလည်းမရှိ ရန်ငြိုးလည်းမထားဘဲ မေတ္တာနှင့်ယှဉ်သောစိတ်ဖြင့်နေထိုင်ခြင်း။
မေတ္တာဥပပါရမီ = ခြေ၊ လက် အစရှိသော မိမိခန္ဓာကိုယ်အစိတ်အပိုင်းကို နှိပ်စက်ညှဉ်းပမ်းသော ရန်သူတို့ပေါ်၌ ပြန်လည်ခုခံမှုလည်းမပြု၊ စိတ်ဆိုးခြင်းလည်းမရှိ ရန်ငြိုးလည်းမထားဘဲ မေတ္တာနှင့်ယှဉ်သော စိတ်ဖြင့် နေထိုင်ခြင်း။
မေတ္တာပရမတ္ထပါရမီ = မိမိအသက်ကို နှိပ်စက်ညှင်းပမ်း သတ်ဖြတ်သော ရန်သူတို့အပေါ်၌ ပြန်လည်ခုခံမှုလည်းမပြု၊ စိတ်ဆိုးခြင်းလည်းမရှိ ရန်ငြိုးလည်းမထားဘဲ မေတ္တာနှင့်ယှဉ်သော စိတ်ဖြင့် နေထိုင်ခြင်း။
၁၀။ ဥပေက္ခာပါရမီ = မိမိခန္ဓာကိုယ်နှင့်မစပ်သော ပစ္စည်းဥစ္စာ၊ သား၊ သမီး၊ ဇနီး အစရှိသည်တို့၏ အကျိုးကိုလိုလားသော မိတ်ဆွေ၊ အကျိုးကိုမလိုလားသောရန်သူတို့အပေါ်၌ ချစ်ခြင်း၊ မုန်းခြင်းမရှိဘဲ လျစ်လျူရှု၍နေခြင်း။
ဥပေက္ခာဥပပါရမီ = ခြေ၊ လက် အစရှိသော မိမိခန္ဓာကိုယ်အစိတ်အပိုင်းတို့ကို နှိပ်စက်ညှင်းပမ်းသောရန်သူ၊ မိမိအကျိုးလိုလားသော မိတ်ဆွေတို့အပေါ်၌ ချစ်ခြင်း၊ မုန်းခြင်းမရှိဘဲ လျစ်လျူရှု၍နေခြင်း။
ဥပေက္ခာပရမတ္ထပါရမီ = မိမိအသက်ကိုပင် သတ်ဖြတ်သောရန်သူ၊ မိမိအကျိုးကိုလိုလားသော မိတ်ဆွေတို့အပေါ်၌ ချစ်ခြင်း၊ မုန်းခြင်းမရှိဘဲ လျစ်လျူရှု၍နေခြင်း။
သီတဂူဗုဒ္ဓ၀ိဟာရ
ကိုယ်​​စောင့်​ဘာဝနာ
ကိုယ်စောင့်ဘာဝနာ
===========
သေခါနီးမှာ စည်းသုံးတန် ကျော်ရမှာနော်
   ( ၁ ) ပထမစည်း
'   ဝေဒနာပြင်းထန်လာချိန်မှာ ဒီတောင်ကို ကျော်နိုင်ပါမလား "  ဆိုတာ ဒီအချိန်မှာ ကိုယ်စောင့်ဘာဝနာတွေ ပွားမထားခဲ့ရင်
ငါသေတော့မယ်ဆိုတဲ့ အတွေးဝင်တော့မယ်။
ကြောက်စိတ်ဝင်တော့မယ်။ဥာဉ်နဲ့သေရင်
နောက်ပြန်ရမယ်။နောက်ပြန်တာ ဘာကို
ပြောတာလဲ။ အပ္ပါယ်လေးဘုံကို ပြောတာပါ
ဘုရား။
  ( ၂ ) ဒုတိယစည်း
  " ငါမိသားစုနဲ့ ခွဲရတော့မယ် " ဆိုတဲ့အသိ
အတွေး ဒီအသိ ဒီအတွေးနဲ့ တွေးရင် မိသားစု
ခင်တွယ်စိတ်ကြောင့် ပြိတ္တာ ဖြစ်သွားတတ်တယ်။
ကိုယ်စောင့်ဘာဝနာ ပွားထားသူဟာ ဒီစည်းကို
ကျော်နိုင်ပြီး ဘဝကောင်းဆီ ခရီးဆက်နိုင်မယ်။
  " ( ၃ ) တတိယစည်း
  မီးစာကုန် ဆီးခမ်းနေချိန် "  ကိုယ်တွင်းက ဓါတ်လေးပါး ပဋိပက္ခကြား သတိမဝင်ရင် "
စွဲရာဘဝ သွားရတော့မှာနော်။ လယ်တီဆရာတော်ဘုရားကြီး ပြောခဲ့တာက
ဝိနိပါတိကဘေး ထန်းသီးခိုင်ကြီး ချပြီး ပစ်ထည့်
လိုက်သလို ဟိုတစ်လုံးဒီတစ်လုံး ဖွာလန်ကြဲပြီး
ရောက်မိရောက်ရာ ရောက်တော့မယ်နော်။
   ကိုယ်စောင့်ဘာဝနာတရားလေးပါး ပွားထားသူ
ကတော့ ထန်းသီးခိုင်ချိုင့်ပြီး ကြိုးနဲ့ချပေးသလို
လိုရာရောက်တယ်။ မှန်ရာရောက်တယ်။ ဒါကြောင့် အပ္ပါယ်လေးဘုံဆိုတဲ့ နောက်ကြောင်း
မပြန်ချင်ရင် လူ နတ် ဗြဟ္မာ အရိယာဆိုတဲ့
ဘဝကောင်းတွေဆီ သွားချင်ရင် စောင့်ရှောက်
ရမယ်။ ဘာနဲ့ စောင့်ရှောက်ရမှာလှဲ။
" ကိုယ်စောင့် ဘာဝနာတရားလေးပါး "နဲ့ပါဘုရား
မဟာဗောဓိမြိုင်ဆရာတော်
နောက်​တစ်​ခါလူလာဖြစ်​ရင်​..
နောက်တစ်ခါ လူ လာဖြစ်ရင် ဒီ အခွင့်အရေး ဘာမှမရှိ
✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿
ယခု လူတွေ ရှေးက နဲ့ စာရင် တော်တော် ရိုင်းလာတယ်၊
တော်တော် ဆိုးလာတယ်၊ သို.သော် နောက် လာမယ့် လူတွေ နဲ.စာရင်
ဒါတွေ တော်တော် တော်တယ်နော်။ နောက်ပေါင်းရမယ့် လူတွေကလည်း
ခုလို လူမျိုး ခုလို ပတ်ဝန်းကျင် မျိုး မဟုတ်တော့ဘူးဗျ။
ဆုတ်ခေတ် နက်ဖြန်ခါ ဒီ့ထက် ဆုတ်မယ်၊ နောက်နေ. ဒီ့ထက် ဆုတ်မယ်။ တက်လိမ့်မယ် မထင်နဲ.။ ဆုတ်ခေတ်၊ ဆုတ်တာက
ရိုးရိုး ဆုတ်တာမဟုတ်ဘူး၊ တလိမ်.လိမ်.ဆုတ်နေတာ။ များများ မဟုတ်ဘူး ၊နောက်ထပ် နှစ် နှစ်ဆယ်လောက် ဆက်နေကြည်.၊
အဲဒီအခါ အခု လက်ရှိလူတွေ ကို ကျေးဇူးတင်လိမ်.မယ်။
တစ်ဘ၀ နဲ.ပြီးမှာ မဟုတ်ဘူးနော်၊ ပြီးတော. ကျင့်နည်း ကလည်း သာသနာနဲ.ကြုံမှ  ၊ တို့ က သာသနာ ရှိနေ တုန်း တစ်ခြားရောက်နေရင်
အရူပ ဘုံ၊ ရူပ ဘုံ ဆိုတဲ့နေရာမျိုး. တစ်ဖက်သတ် အကျင့် နဲ.ရောက်သွားရင်လည်း တို.သာသနာ နဲ.လွဲ မှာနော်၊ သာသနာ က နှစ်ထောင့် ငါးရာကျော်ပြီလေ၊ နောက်တစ်ခါ လူလာဖြစ်ရင် ဒီ
သာသနာ ရှိမှာလား ။  နောက်တစ်ခါ လူလာဖြစ်ရင် သာသနာကြုံဖို.
တော်တော် ခက်မယ်။ကြုံတယ်ပဲထား ၊
ကြိုက်ဦးမှ ဗျ။
စာအဆို က မြေဆီက အနှစ်တစ်ရာမှာ တစ်လက်မ တစ်လက်မ
လျော.တာကိုး၊ မြေဆီ မှီ၍ အစာဖြစ် ရ တာ၊ ဘာလို့ .လျော့ တုန်း၊ ဥတုက လည်း အအေးပိုင်း ကနေ အပူဘက် ကူးနေတာ၊
.
နောက်တစ်ခါ လူလာဖြစ်ရင် ကိုယ် ပဋိသန္ဓေနေရမယ့် အမေ
အဖေ ကလည်း ရုပ်ဓါတ်သေးသေး ၊ စိတ်ဓါတ်သေးသေးနေ မှာ။
အဲဒီထဲ ကို လူလာဖြစ်ရတော့ တို့ ရုပ်ဓါတ် စိတ်ဓါတ် လည်း ခုလောက်
ကို ရှိမှာ မဟုတ်တော့ဘူး။
ဥတု ပူရင် အာဟာရ ပူမှာပေါ့၊ အာဟာရ ပူရင် စားရတဲ့ရုပ် ကလည်း လှီလာ မယ်၊ စိတ် ကလည်းသေး လာ မယ်။ အဲဒီတော့ ကောင်းတာလည်း ခံနိုင်စိတ် မရှိတော.ဘူး၊ ဆိုးတာလည်း ခံနိုင်စိတ်
မရှိတော.ဘူး။ တို့  တရား အားထုတ်တဲ.ပုဂ္ဂိုလ်က ကောင်းကောင်း ဆိုးဆိုး သိချင်တာ တစ်စိုက် မတ်မတ်ကြည့်ရတာလေ။
အဲတော့ တို့ ဟိုကျတော့ ဒါတွေ ခံနိုင်မှာ မဟုတ်တော့ဘူး။
အဲတော့ ဥတု ပူရင် အဆီ ဆုတ်မှာပေါ.၊ အဆီ ဆုတ်ရင် အစာကြမ်းမယ်၊ စားတဲ့.အစာကြမ်းရင် အကြော အချဉ်တွေ မာကြော လာတယ်၊ အကျိတ် အဖုတွေ ကြီးထွား လာတယ်၊
ဒါကြောင်.မို. စိတ်တွေက ထန်လာ တယ်။ ရုပ်ဓါတ်လည်း မခံနိုင်တော့
စိတ်ဓါတ်လည်း မခံနိုင်ဘူး လောကဓံ ကို။
အဲဒီတော့ အကြိုက်တွေ့ လည်း ဆွေ့  ဆွေ့  ခုန် ဘာဖြစ်ဖြစ်ပဲ၊ အမုန်းတွေ့လည်း ဆွေ့  ဆွေ့  ခုန် ဘာဖြစ်ဖြစ် ပဲ။ အဘိဇ္ဈာ ဆိုတဲ. အလိုကြီးမှု အားကြီး လာပြီ။  ဗျာပါဒ အားမလို အားမရစိတ်
အားကြီးလာပြီ။
ဒါ အခု လက်ရှိ၊ နောင် ဒီ့ထက် ဆိုးမှာနော်။
အဲတော့ ဥတုပူ လို့  အစာ ပူတယ် ၊ အစာပူ လို. ရုပ်ပူတယ်၊
ရုပ်ပူ လို. စိတ်ပူ တယ်၊ စိတ်ပူတော့ ကံပူတွေ လုပ်မှာပေါ.။
ကံ နဲ.စိတ် နဲ. ခပ်ပူပူ လုပ်တော့ ဥတု ကလည်း ပိုပူ မှာပေါ.။
တိုးတက်ဖို. မြင်သေး သလား။ လူ့ ဘုံပြန်လာချင်သေးသလား။
အဲဒီတော. နောက်တစ်ခါ လူလာဖြစ်ရင် ဒီ အခွင့်အရေး ဘာမှ မရှိဘူး၊
ဒီ ပတ်ဝန်းကျင်မျိုး ဘာမှမရှိဘူး။ ကိုယ့်ကိုယ် ကိုလည်း ခု အခွင့်အရေးမျိုး မရနိုင်တော့ဘူးလေ။ အဲတော့ တို့ ဘာလုပ်ရမလဲ။
ကျင့်ပုံ ကျင့်နည်း ဘုရားဟော တရားတွေ ကလည်း အဆင်သင့်၊ နည်းပေး လမ်းပြလုပ်မယ့် သံဃာတော်တွေကလည်း အဆင့်သင့်
ဒီ့ထက် ပြည့်စုံ စရာ မရှိတော့ဘူး။
တို့ အထဲက ဒကာ၊ ဒကာမတွေ က ဘယ်တော့ ကျင့်ကြံမှာ တုန်းဗျာ။ လူ့ ဘ၀ရောက် တုန်း၊ သာသနာလည်း ပွင့်တုန်း၊ တရားပြပေးမယ့် သူ ရှိတုန်း၊ ကျန်းမာရေးလည်း ကောင်းတုန်း၊ ဒီ တုန်းလေးတုန်း ကို တိုင်ထောင် ပြီး အိမ် တစ်ဆောင်လောက် မဆောက်နိုင်ရင်
ဘယ်လိုနေပြီး ဘယ်လိုသေကြမှာပါ လိမ့်ဗျာ...
                     မဟာဗောဓိမြိုင်ဆရာတော်ကြီး
                  🎆🎆🎆🎆🎆🎆🎆🎆🎆🎆
Friday, July 29, 2016
အကုသိုလ်​ ​စေတသိက်​အမှတ်​..၇
အကုသိုလ်စေတသိက်အမှတ် ၇
===================
***မာန အကြောင်းသိကောင်းစရာ
>>>ထောင်လွှားတက်ကြွခြင်းသဘောသည် မာန်မာန
     မည်၏။ မာန ဓါတ်ခံရှ်သူသည် တံခွန်အလံစိုက်ထူ
     ထားသကဲ့သို့ အများအပေါ်၌ မောက်မော်လိုပါ၏။
     ကြွားဝါ၍ ကြွတတ ရှိ၏။ ရာထူးဂုဏ်သိန် စည်းစိမ်
     ဥစ္စာ ပညာ အဆင်း ရောဂါကင်းခြင်း စသောဂုဏ်
     တို့သည် အများတကာထက်သာနေသောအခါ မာန
    စိတ်ဝင်လာ၍ အများအပေါ်အလေးမထားတော့ချေ။
>>>မမှီဝဲသင့်သော မာန ၃ မျိုး ရှိပါ၏။
*အထက်တန်းစားမာန
*အလတ်တန်းစားမာန
*အောက်တန်းစားမာန
=(အထက်တန်းစား မာန
လူတစ်ဦးသည် အခြားသူများထက် အစစအရာရာ ၌
သာလွန်ပြည့်စုံနေပါမူ သူသည် အခြားသူတို့အား
"ငါ နှင့် သူတို့ မတန်ဘူး မတူဘူး ငါ က အဆင့်ရှိတယ်
သူတို့က အဆင့်နိမ့်တယ်"
စသည်ဖြင့် အများအပေါ်နှိမ့်ချကာ အပေါ်စီးမှ နေပြီး
ဆက်ဆံသော အကုသိုလ်စေတသိက် မာန ကား မမှီဝဲ
သင့်သော မာနပင်ဖြစ်၏။
*=(အလတ်တန်းစား မာန
>>>>သူများထက်မသာပဲ တန်းတူဖြစ်နေသူတို့မှာ
မာနတရားလက်ကိုင်ထားကြပြီး "သူတို့လည်း ကားစီး
နိုင်တယ် ငါလည်းကားစီးနိုင်တယ် သူတို့ တစ်လ ဆယ်
သိန်းရသလို ငါလည်း ရတာပဲ ဂရုစိုက်စရာမလို "ဟူ၍
တန်းညှိကာ မာန ထားတတ်ကြပါ၏။
=(အောက်တန်းစား မာန
>>>>ဆင်းရဲကြပ်တည်းစွာအသက်မွေးရသူအချို့ ၌
လည်း မာန မရှိသင့်သည်ထားရှိပုံကား "သူတို့ဘာသာ
ဘယ်လောက်ရှိရှိ ငါ ဂရုမစိုက်ဘူး ကိုယ်လုပ်မှကိုယ်စား
ရတာ ဘယ်သူ့မှအောက်ကျစရာမလို " ဟူ၍ မာနတရား
လက်ကိုင်ထားကြပြန်၏။
#မှီဝဲသင့်သော မာန
>>>>မာန တွင်မှီဝဲသင့်သော မာန ရှိသေး၏။
သူတို့ တောင် တရားစခန်းဝင်သေးတယ် ငါလည်းလိုက်
ဝင်မယ်  သူတောင်ဆယ်တန်းကို တစ်နှစ်တည်းနဲ့အောင်
တယ် ငါလည်း ရအောင်ကြိုးစားမယ်" စသည်ဖြင့် အပြစ်
ကင်းသော အကျိုးရှိသော နေရာ၌ မာန ထားသင့်ပါ၏။
အထူးမှတ်ရန်ကား
===========
အပါယ်သတ္တိ ရှိသော "မာန "အကုသိုလ် ကို ဖယ်ရှား
သင့်ပါ၏။ မာန ရှိသူအား မကောင်းတတ်၍သာ ပေါင်း
နေကြသော်လည်း အမှန်စင်စစ် မချစ်ကြချေ။မနှစ်သက်
ချေ။ ထို့ကြောင့်  မာန ကိုပဟ်သတ်နိုင်ကြပါစေ။
ကျမ်းကိုး
ဦးခင်မောင်ဝင်း
ဗုဒ္ဓ၏လူမှုရေးတရားတော်များ မှ အနှစ်ချုံ့ ပြန်ရေးသား
ပါ၏။
#သစ္စာရှင်
မြတ်ဗုဒ္ဓ၏သာသနာ page
ဗျည်း(၃၃) လုံး ဘုရားရှိခိုး
ဗျည်း (၃၃) လုံး ဘုရားရှိခိုး။
******************
က = ကိလေသမာရ်ကို ​အောင်မြင်တော်မူသောမြတ်စွာဘုရား။
ခ = ခန္ဓမာရ်ကို အောင်မြင်တော်မူသောမြတ်စွာဘုရား။
ဂ = ဂန္ဓကုဋိရွှေတိုက်မှ ကျွတ်ထိုက်သောသတ္တ၀ါတို့အား ရွှေဉာဏ်တော်ကွန်ယက်ဖြင့်
ဖြန့်ကြက်​ကြည့်ရှု့တော်မူသောမြတ်စွာဘုရား။
ဃ = ဃဋိကာယ ဗြဟ္မာမင်းကြီး ဆက်ကပ်သော ရွှေသင်္ကန်းကို ဆင်းမြန်းတော်မူသော မြတ်စွာဘုရား။
င = ငါးပါးမာရ်ကို အောင်မြင်တော်မူသောမြတ်စွာဘုရား။
စ = စကြ၀ဠာတ၀ိုက် တုဘက်ပြိုင်ဘက်ကင်းတော်မူသောမြတ်စွာဘုရား။
ဆ = ဆယ်ပါးသောဒုစရိုက်ကို ပယ်ဖျက် ခုတ်ထွင်အောင်မြင်တော်မူသောမြတ်စွာဘုရား။
ဇ = ဇာတိဿရဉာဏ်ကို ရတော်မူသောမြတ်စွာဘုရား။
ဈ = ဈာန် သမာပတ်အပေါင်းနှင့်ပြည့်စုံ တော်မူသောမြတ်စွာဘုရား။
ည = ဉေ ယျဓံတရား ၅ ပါးနှင့်ပြည့်စုံ တော်မူသောမြတ်စွာဘုရား။
ဋ = ဋီကာ လက်သန်းကျမ်း အသွယ်သွယ်တို့ကိုဆရာမရှိကိုယ်တော်တိုင်သိတော်မူ သောမြတ်စွာဘုရား။
ဌ = ပဋ္ဌာန်းကျမ်းကို ​ဟောတော်မူသောမြတ်စွာဘုရား။
ဍ = ကောာဏ္ဍညပုဏ္ဏားသည် လက်ညှိုးတစ်ချောင်းထောင်ပြ၍ဘုရားဧကန်ဖြစ်ပါလိမ့်မည်ဟုအပြောခံရသော မြတ်စွာဘုရား။
ဎ = ဒီပင်္ကရာဘုရားရှေ့တော်၌ နိယတဗျာဒိတ်ပန်းကိုဆင်မြန်းတော်မူသောမြတ်စွာဘုရား။
ဏ = တဏှာတည်းဟူသော အမိုက်မှောင်ကို ပယ်ဖျက်ခုတ်ထွင် အောင်မြင်တော်မူသော မြတ်စွာဘုရား။
တ = တစ်ထောင်မကသောတိတ္ထိတို့ကို ဆုံးမတော်မူသောမြတ်စွာဘုရား။
ထ = ထူးမြတ်သောဂုဏ်တော်အပေါင်းနှင့် ပြည့်စုံတော်မူသောမြတ်စွာဘုရား။
ဒ = ဒိဗ္ဗစက္ခုဉာဏ်တော်ကို ရတော်မူသောမြတ်စွာဘုရား။
ဓ = ဓမ္မစကြာတရားတော်ကို ဟောတော်မူသောမြတ်စွာဘုရား။
န = နိဗ္ဗာန် အောင်ချာရွှေပြည်သာသို့ ပို့ဆောင်တော်မူသောမြတ်စွာဘုရား။
ပ = ပုဗ္ဗေနိဝါသဉာဏ်တော်နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား။
ဖ = ဖိုလ် မဂ်ချမ်းသာကို အောင်တော်မူသောမြတ်စွာဘုရား။
ဗ = ဗောဓိပင် ကိုအောင်တော်မူသော မြတ်စွာဘုရား။
ဘ = ဘုန်းတော် ၆ ပါးနှင့်ပြည့် စုံတော်မူသောမြတ်စွာဘုရား။
မ = မစ္စုမာရ်ကို အောင်မြင်တော်မူသော မြတ်စွာဘုရား။
ယ = သရက်ဖြူပင်ရင်းတွင်တိတ္ထိတို့ကို ရေမီးအစုံ ယမိုက်ပြာဋိဟာကိုပြတော်မူသော မြတ်စွာဘုရား။
ရ = ရောင်ခြည်တော် ၆ သွယ် နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား။
လ = လူသုံးပါးတို့တွင် တုဘက်ပြိုင်ဘက်ကင်းတော်မူသောမြတ်စွာဘုရား။
ဝ = ၀သုနြေ္ဒမြေနတ်သားသည် သက်သေခံပြု၍မာရ်နတ်မင်းခုခံသည်ကိုအောင်မြင်တော် မူသောမြတ်စွာဘုရား။
သ = သစ္စာလေးပါး တရားအပေါင်းနှင့့််ပြည့်စုံတော်မူသောမြတ်စွာဘုရား။
ဟ = "ဟန္ဒဒါနိဘိက္ခဝေ" ပါဠိတော်လာသည်နှင့်အညီရဟန်းတော်တို့ကိုဆုံးမတော်မူသော မြတ်စွာဘုရား။
ဠ = လပြည့်ဝန်းကဲ့သို့ ပြည့်ထွန်းသောမျက်နှာတော်နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား။
အ = နေအရုဏ်မတက်မှီ အာသဝေါကင်းကွား၍အာသ၀က္ခယဉာဏ်တော်ကိုရတော်မူသောမြတ်စွာဘုရား။
ကျမ်းကိုး။
ကျိုက္ကဆံဦးပဏ္ဍိဓမ္မ၊ဆရာကြီးဦးမြတ်ကျော်၏ ဘုရားရှစ်ခိုးအမျိုးမျိုး မူဟောင်း နှင့်ဝတ်ရွတ်စဉ်။တတိယအကြိမ်။ ၁၉၉၂။
Monday, July 25, 2016
သီလလုံးဝမကျိုးတဲ့​ဆောက်​တည်​နည်း
သီလ လုံးဝမကျိုးတဲ့ ဆောက်တည်နည်း..
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
ကဲ.. စာဖတ်သူတွေကို မေးကြည့်ရအောင်ပါ။ သီလ ကျိုးတယ် ကျိုးတယ်ဆိုတာ မနက်ပိုင်း၊ နေ့လယ်ပိုင်း သွားလာ လှုပ်ရှားနေတဲ့ အချိန်မှာ ကျိုးတာလား၊ ညပိုင်း အိပ်နေတဲ့ အချိန်မှာ ကျိုးတာလား။
“... ... ... ... ...”
ညပိုင်း အိပ်နေတဲ့ အချိန်မှာ သီလက မကျိုးပါဘူး။
စာထဲမှာ ကာလ ပရိယန္တ သီလဆိုတာ ရှိပါတယ်။ ကာလကို ပိုင်းဖြတ်ပြီး စောင့်ထိန်းတဲ့ သီလပါ။ နေ့ပိုင်း တစ်နေ့တာပဲ ဖြစ်ဖြစ်၊ ညပိုင်း တစ်ညတာပဲ ဖြစ်ဖြစ်၊ တစ်ရက်လုံးပဲ ဖြစ်ဖြစ်၊ နောက်ဆုံး တစ်ထိုင်ပဲ ဖြစ်ဖြစ်၊ ကာလ ပိုင်းဖြတ်ပြီး စောင့်ထိန်းတာပါ။
ဥပမာ ကိုယ်က ညမှာ ဆယ့်တစ်နာရီ အိပ်ပြီး မနက် ငါးနာရီ အိပ်ယာထတယ် ဆိုပါစို့။
ဒီတော့ ညအိပ်ယာ ၀င်ခါနီးမှာ ၈ ပါးသီလ၊ ၉ ပါးသီလ ယူလိုက်ပြီး “ဘုရား တပည့်တော် ည ၁၁ နာရီကနေ မနက် ၅ နာရီ အထိ သီလ ဆောက်တည် ပါ၏” လို့ ကာလ ပိုင်းဖြတ်ပြီး စောင့်ထိန်းလိုက် ရုံပါ။
ည ၁၁ နာရီကနေ မနက် ၅ နာရီအထိ ဆိုတော့ တစ်နေ့ကို ၆ နာရီလောက် သီလ စောင့်ထိန်း ဖြစ်နေတာပါ။ ၁၀ ရက်ဆိုရင် နာရီပေါင်း ၆၀၊ တစ်လ ဆိုရင် နာရီပေါင်း ၁၈၀၊ တစ်နှစ်ဆိုရင် နာရီပေါင်း ၂၁၆၀ ပါ။
ဒါက ည ၁၁ နာရီကနေ မနက် ၅ နာရီအတွင်း ပိုင်းဖြတ်ပြီး စောင့်ထိန်းတာပါ။ တကယ်တော့ မနက် ၅ နာရီ ထိုးတာနဲ့ သီလက တန်း မကျိုးသေး ပါဘူး။
ဒီနည်းကို စာရေးသူ သဘောနဲ့ ရေးပြတာ မဟုတ်ပါဘူး။ မဟာ ဗုဒ္ဓ၀င်မှာ မင်းကွန်း ဆရာတော် ဘုရားကြီးက သီလကို တစ်နေ့လုံး မဆောက်တည်နိုင် သေးရင်တောင် ညမှာ တစ်နိုင် တစ်ပိုင် ဆောက်တည်ဖို့ အသေအချာ ရေးပြထား လို့ပါ။ ဆရာတော် ဘုရားကြီးက ၀တ္ထုလေး နှစ်ပုဒ်ကို သာဓက ပြပြီး အားပေးထား ပါတယ်။
ပေတ ၀တ္ထုထဲက မိဂလုဒ္ဒက ဆိုတဲ့ ၀တ္ထု နှစ်ပုဒ်ပါ။ ခပ်ကျဉ်းကျဉ်းလောက် ရေးပြရ အောင်ပါ။
မြတ်စွာဘုရား လက်ထက်တော်က ရာဇဂြိုဟ် ပြည်မှာ အလွန်ချစ်တဲ့ သူငယ်ချင်း နှစ်ယောက် ရှိပါတယ်။ သူငယ်ချင်း နှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက် အလွန် ချစ်ကြပေမယ့် စရိုက် အပြုအမူ ချင်းက မတူပါဘူး။ တစ်ယောက်က မုဆိုး အလုပ်ကို လုပ်ပြီး တစ်ယောက်က ကောင်းရောင်း ကောင်းဝယ် လုပ်ပြီး ရတနာ သုံးပါးကို ဆည်းကပ်ပါတယ်။
မုဆိုး လုပ်နေတဲ့ သူငယ်ချင်းကို ကြည့်ပြီး ဘာသာရေး ကိုင်းရှိုင်းတဲ့ သူငယ်ချင်းက စိတ်မကောင်း ဖြစ်ရပါတယ်။ ဒါကြောင့် သူငယ်ချင်းကို အကုသိုလ် အလုပ်တွေ မလုပ်ဖို့ အမြဲ ပြောပါတယ်။ မုဆိုး သူငယ်ချင်း ကလည်း သူငယ်ချင်းကို ချစ်ပေမယ့် ၀ါသနာကို မစွန့်နိုင်လို့ လုပ်မြဲ ပါပဲ။
ဒီလိုနဲ့ တစ်နေ့ ကျတော့ ဘာသာရေး ကိုင်းရှိုင်းတဲ့ သူငယ်ချင်းက မုဆိုး သူငယ်ချင်းကို ဘာ တောင်းဆိုလာသလဲ ဆိုတော့ “သူငယ်ချင်းရယ်၊ မင်း အလုပ်ကို မစွန့်နိုင် ရင်တောင် ညမှာတော့ မကောင်းမှုတွေ ရှောင်ပြီး သီလ စောင့်ပေးပါလား” လို့ တောင်းဆို ပါတယ်။
မုဆိုး သူငယ်ချင်း ကလည်း ညမှာတော့ ကောင်းကောင်း စောင့်ထိန်းနိုင်တာ ဆိုတော့ နေ့မှာ မုဆိုး အလုပ်ကို လုပ်ပြီး ညမှာတော့ မကောင်းမှုတွေ ရှောင်ပြီး သီလကို စောင့်ထိန်းပါတယ်။ သက်တမ်း စေ့လို့ ကွယ်လွန်တဲ့ အခါကျတော့ ရာဇဂြိုဟ်ပြည် အနီးမှာ ဝေမာနိက ပြိတ္တာ သွားဖြစ် ပါတယ်။
အကျိုးက ဘယ်လို ခံစားရသလဲ ဆိုတော့ နေ့မှာ အကုသိုလ်တွေ ပြုခဲ့တဲ့ အတွက် နေ့ပိုင်းမှာ ဆင်းရဲ ဒုက္ခတွေ ခံစားရပြီး ညမှာ သီလ စောင့်ခဲ့တဲ့ အတွက် ညပိုင်းမှာ ကာမဂုဏ် ငါးပါးကို ပြည့်ပြည့်စုံစုံ ခံစားနေရ ပါတယ်။ ဒါကို အရှင်နာရဒ မထေရ် တွေ့တော့ ဘာကြောင့် နေ့ခံ ညစံ ခံစားနေရ သလဲဆိုတာ မေးကြည့် ပါတယ်။
ပြိတ္တာ ဖြစ်နေရသူက “တပည့်တော်ဟာ နေ့ပိုင်းမှာ မုဆိုး အလုပ်ကို လုပ်ခဲ့ပါတယ် ဘုရား၊ ညပိုင်း မှာတော့ မိတ်ကောင်း ဆွေကောင်း သူငယ်ချင်းရဲ့ တိုက်တွန်း မှုကြောင့် မကောင်းမှုကို ရှောင်ပြီး သီလ စောင့်ခဲ့လို့ အခုလို နေ့ခံ ညစံ ဖြစ်နေရ တာပါဘုရား” လို့ ပြန်လျှောက်ပြ ပါတယ်။
နောက် ၀တ္ထု တစ်ပုဒ်က ရှေးဝတ္ထုနဲ့ ခပ်ဆင်ဆင် ပါပဲ။ သူငယ်ချင်း နှစ်ယောက် ပါပဲ။ တစ်ယောက်က မုဆိုး၊ တစ်ယောက်က ဘာသာရေး ကိုင်းရှိုင်းသူ၊ ဒါပေမယ့် ဘာသာရေး ကိုင်းရှိုင်းသူ သူငယ်ချင်းက မုဆိုး သူငယ်ချင်းကို မကောင်းမှုတွေ မလုပ်ဖို့ အကြိမ်ကြိမ် တားမြစ်ပေမယ့် လုံးဝ နားမထောင် ပါဘူး။
ပြောမရတော့ ဘာသာရေး ကိုင်းရှိုင်းသူ သူငယ်ချင်းက သူ ဆည်းကပ် ကိုးကွယ်နေတဲ့ ဆရာ ရဟန္တာ တစ်ပါးကို အကျိုးအကြောင်း ပြောပြပြီး “အရှင်ဘုရား တပည့်တော် သူငယ်ချင်းကို အကုသိုလ် မပြုဖို့ ပြောဟောပေးပါ ဘုရား” လို့ လျှောက်ပါတယ်။
ဆရာ ရဟန္တာက မုဆိုး သူငယ်ချင်းဆီ သွားပြီး တရား ဟောပေးပါတယ်။ ဒါပေမယ့် မုဆိုး သူငယ်ချင်းက ရဟန္တာ အရှင်မြတ်ကို ကြည်ညိုပေမယ့် ပါဏာတိ ပါတ အမှုကို ရှောင်ကြဉ်လိုစိတ် လုံးဝ မရှိပါဘူး။ သူ့အနေနဲ့ ရှောင်ကြဉ်ဖို့ လုံးဝ ခက်နေပါတယ်။
ဒါကို သိတဲ့ ရဟန္တာ အရှင်မြတ်က “ဒကာရယ်၊ တစ်နေ့လုံး မရှောင်ကြဉ်နိုင် ရင်တောင် ညအခါ လေးတော့ ရှောင်ကြဉ်ပေး ပါနော်” လို့ ကရုဏာ သံနဲ့ ထပ်ဟောပါတယ်။
ဒီတော့မှ မုဆိုးလည်း “ဒါဖြင့်ရင်လည်း ကောင်းပါပြီ ဘုရား၊ တပည့်တော် ညမှာတော့ ပါဏာတိ ပါတမှ ရှောင်ကြဉ်ပါမယ် ဘုရား” လို့ ပြန်ကတိ ပေးလိုက်ပါတယ်။ မုဆိုး သူငယ်ချင်းလည်း ရဟန္တာ အရှင်မြတ်ကို ကတိ ပေးထားတဲ့ အတိုင်း နေ့ပိုင်းမှာ မကောင်းမှု ပြုပေမယ့် ညပိုင်းမှာတော့ သီလကို စောင့်ပေးပါတယ်။ သေလွန်တဲ့ အခါကျတော့ ရာဇဂြိုဟ်ပြည် အနီးမှာပဲ ဝေမာနိက ပြိတ္တာဖြစ်ပြီး နေ့ပိုင်းမှာ ဆင်းရဲ ဒုက္ခကို ခံစားနေရ ပေမယ့် ညပိုင်းမှာတော့ ကာမဂုဏ် ငါးပါးကို အပြည့်အ၀ ခံစားနေရ ပါတယ်တဲ့။
ဆရာတော် ဘုရားကြီးက ဒီဝတ္ထုလေး နှစ်ပုဒ်ကို သာဓက ပြပြီး နေ့အခါမှာ မစောင့်နိုင် ပေမယ့် ညမှာ စောင့်ထိန်းရင် အကျိုးပေးနိုင်တဲ့ အတွက် မိမိ စွမ်းနိုင်သလောက် စောင့်ထိန်းဖို့ ကရုဏာ တရားနဲ့ တိုက်တွန်းထား ပါတယ်။
ဆရာတော် ဘုရားကြီးက ဘုရားဟော ပါဠိတော် အဋ္ဌကထာ ဋီကာတွေ ထဲကထုတ်ပြီး ရေးပြတယ်။ စာရေးသူက ဆရာတော် ဘုရားကြီး ရေးပြတာကို တစ်ဆင့် ပြန်ရေးပြတယ်။ စာဖတ်သူ တွေကလည်း ကိုယ်နဲ့ နီးစပ်ရာ ဓမ္မ မိတ်ဆွေတွေကို “သီလ ဆိုတာ နေ့ပိုင်းမှာ မစောင့်နိုင် ရင်တောင် ညပိုင်းမှာ ဒီလို ဒီလိုစောင့်ရင် သီလ မကျိုးဘူး” လို့ ဆောက်တည်နည်း လေးတွေ တစ်ဆင့် ပြန်ပြောနိုင်ရင် တကယ့် ဓမ္မဒါန ကုသိုလ်တွေ ဖြစ်နေတာပါ။ ဒါမှလည်း ရေးရ ဖတ်ရတာ တန်ပါတယ်။
ဒါက သီလကို အချိန်ပြည့် မစောင့်နိုင် သူတွေ၊ စောင့်ဖို့ အခြေအနေ မပေးသူတွေ အတွက်ပါ။
       ✏ ရဝေနွယ် ( အင်းမ )