စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, July 19, 2016

သစ်​ကျုတ်​က​လေး ဥပုသ်​​စောင့်​သလို

သစ်​ကျုတ်​က​လေး ဥပုသ်​​စောင့်​သလို..
🌟🌟🌟🌟🌟🌟🌟🌟

   တို့ခု​ခေတ်​ အဓိဋ္ဌာန်​​တွေက သစ်​ကျုတ်​ ဥပုသ်​​စောင့်​တာနဲ့တူတယ်​။ တစ်​​နေ့​သောအခါ သစ်​ကျုတ်​တစ်​​ကောင်​ဟာ ​တော​တောင်​ထဲလှည့်​လည်​ပြီး အစာရှာထွက်​သတဲ့။ အစာကလဲဘယ်​လိုမှ ရှာမရဘူး..။ အစာရှာလို့မရတဲ့ အဆုံးကျ​တော့မှ ``` ငါ ဒီ​နေ့ဥပုသ်​​စောင့်​မှပဲလို့ ... အဓိဋ္ဌာန်​လိုက်​သတဲ့.. ။ အဓိဋ္ဌာန်​ပြီး ချုံပုတ်​​ကောင်း​ကောင်းတစ်​ခု​အောက်​ သွားပြီး အိပ်​လိုက်​တယ်​။

   ဒီအခါ သိကြားမင်းကလဲ သစ်​ကျုတ်​ရဲ့အကြံကို သိလို့ စမ်းချင်​တဲ့အကြံ ဖြစ်​လာတယ်​။ ဒါနဲ့ သမင်​​​ယောင်​​ဆောင်​ပြီး သစ်​ကျုတ်​က​လေး မြင်​​လောက်​ရာ မလှမ်းမကမ်းက​နေပြီး ​ပြေးလွှား​နေ​တော့တာ​ပေါ့..။

   ဒီအချိန်​မှာ သစ်​ကျုတ်​က​လေးကလဲ ဆာလွန်းလို့ ၀မ်းကပူ​နေပြီ၊ ၀မ်းပူ​နေတဲ့အချိန်​နဲ့ သမင်​​ပြေးလွှား​နေတဲ့အချိန်​ လာတိုး​တော့ သစ်​ကျုတ်​က​လေးဟာ ဟယ်​... ​စောင့်​ပြီးထားတဲ့ အဓိဋ္ဌာန်​ဥပုသ်​က ​စောင့်​ချင်​လို့​စောင့်​တဲ့ ဥပုသ်​မှ မဟုတ်​ဘဲ..၊ အစာဆာလို့ ​စောင့်​ရတဲ့ဥပုသ်​ပဲ၊ ယခု ငါ့မျက်​​မှောက်​ အစာ​တွေ့​နေမှ​တော့ ထလိုက်​မှပဲလို့ စိတ်​ထဲကကြံစည်​ပြီး တကတည်း ထ လိုက်​ပါ​ရော..၊ သမင်​​လေးလည်း ​ပြေးတာ​ပေါ့.. ၊
သမင်​က​ပြေး.. သစ်​ကျုတ်​ကလိုက်​နဲ့ ​ပြေးတမ်းလိုက်​တမ်း ကစားသလို ဖြစ်​​နေတာ​ပေါ့..။ မီလုမီခင်​ ဖြစ်​ကာမှ သမင်​က​လေးက ​ဝေးသွားလိုက်​..၊ ဒီလိုချည်းဖြစ်​​နေ​တယ်​။

   ဖြစ်​မှာ​ပေါ့.. သမင်​က သမင်​တုကိုး၊ ဘယ်​သစ်​ကျုတ်​လိုက်​လို့ မီပါ့မလဲ၊
ဒါနဲ့ မမှီတဲ့အဆုံးကျ​တော့ လက်​မှိုင်​ချပြီး ​နေရင်းဖြစ်​တဲ့ ချုံပုတ်​​အောက်​ အသာပြန်​၀င်​ပြီး ​ဟောဟဲ ​ဟောဟဲနဲ့ ပါးစပ်​က ညည်းညူလိုက်​သတဲ့..
`` ​အောင်​မယ်​​လေး.. ကံ​ကောင်းလို့ ဥပုသ်​မကျိုးတယ်​..´´ လို့ ဆိုသတဲ့။
အေး.. ခု​ခေတ်​ အဓိဋ္ဌာန်​​တွေကလဲ သစ်​ကျုတ်​ဆန်​ဆန်​ ဖြစ်​​နေကြတယ်​။

   ခု​ခေတ်​ လူ​တွေ ဥပုသ်​​စောင့်​ကြပါတယ်​။ ဒါ​ပေမယ့်​ သူတို့​စောင့်​တဲ့ဥပုသ်​က ခုနက သစ်​ကျုတ်​​လောက်​​တောင်​ အဆင့်​အတန်းမမြင့်​ချင်​ဘူး။
မလွဲမ​ရှောင်​သာလို့  ​စောင့်​ကြရတယ်​၊  ဘုရား​စူး လွတ်​ရုံ​လောက်​ ​စောင့်​ကြရတဲ့ ဥပုသ်​​တွေ ဖြစ်​​နေကြတယ်​။ မိရိုးဖလာ ​စောင့်​ကြတာများတယ်​။ ဥပုသ်​ရဲ့ အ​ကြောင်း.. အဓိပ္ပါယ်​ကို ဘာမှနားမလည်​ကြဘူး။

   ဥပုသ်​သီလဟာ  နားလည်​ ပါးလည်​ အသိရှိရှိနဲ့ ​စောင့်​ထိန်းမယ်​ဆိုရင်​ သိပ်​ပြီး တန်​ဖိုးရှိပါတယ်​။ လူ​တွေမှာ ​နေ့စဉ်​နဲ့အမျှ အကုသိုလ်​​တွေ ရှိ​နေ ဖြစ်​​နေကြတယ်​။ တစ်​လမှာ ရက်​​ပေါင်း  ၃၀ ရှိတဲ့အနက်​ ​၄ရက်​​လောက်​ ​စောင်​ရတဲ့ ဥပုသ်​က​လေးပဲ။ ဒီ​လောက်​ ရက်​က​လေး အကုသိုလ်​​တွေ #​ဆေး​ကြောရတာ၊ ဒါကို မှန်​မှန်​ မ​စောင့်​ချင်​ကြဘူး။ ဘယ်​​လောက်​ ၀မ်းနည်းစရာ ​ကောင်းသလဲဆိုတာ စဉ်းစားသာ ကြည့်​ကြ​တော့..။

   တို့ ဗုဒ္ဓမြတ်​စွာ အဓိဋ္ဌာန်​ကျ​တော့ အလွန်​ခိုင်​မြဲ​တော်​မူတယ်​။ ဒါ​ကြောင့်​ ဗုဒ္ဓဖြစ်​​တော်​မူတဲ့အခါကျ​တော့ လူ, နတ်​ , ဗြဟ္မာ​တွေ လှုပ်​လှုပ်​ရွရွ ဖြစ်​ကြရတယ်​။ ဒါ​ပေမယ့်​ မြတ်​စွာဘုရားဟာ မာနကြီး​တော် မူသလား..။ မကြီးပါဘူး။
ကိုရင်​တို့ မာန​တွေ ကြီးမ​နေကြနဲ့၊ ကုသိုလ်​တရား​တွေ လက်​ကိုင်​ထားနိုင်​ဖို့ အ​ရေးကြီးတယ်​။

           ✏ အရှင်​ဇနကာဘိဝံသ
                    ဓမ္မဗျူဟာ
             ( အတွဲ -၁၈၊ အမှတ်​-၁၂ )
               ၁၉၈၀၊ ​ဖေ​ဖေါ်ဝါရီလ

★ သူ​တော်​​ကောင်းဓာတ်​ တရားမြတ်​ လွှမ်းပတ်​ကမ္ဘာ တည်​ပါ​စေ။ ★
♕ ♕ မြတ်​ပါရမီ
မြတ်​ဗုဒ္ဓ၏ သာသနာ page.

No comments:

Post a Comment